Search This Blog

Loading...

20 January 2012

Let's move!

ပေါလစ်ချ်တိုက်နေတုန်း ချောင်းရိုက်ထားတာပါ။

ဝယ်ထားတဲ့ပရိဘောဂတွေ ဒီနေ့နောက်ဆုံးအသုတ်အနေနဲ့ အကုန်ရောက်ပြီ။

သန့်ရှင်းရေးလုပ်ပြီး အိမ်ပြောင်းဖို့ အသင့်အနေအထားကို ပြင်ထားပြီးသွားပြီ၊ သူမကတော့ အင်္ကျီတထည်ချင်း မီးပူတိုက်ၿပီး ပြုပြီး အားလုံး အားလုံး ကျကျနန သိမ်းဆည်းပြီးမှ အသင့်အနေအထား ရောက်တယ်လို့ သတ်မှတ်ထားပါတယ်၊ ဒါကြောင့် သူမစိတ်ထဲမှာ အသင့်အနေအထားရောက်ဖို့ အများကြီး လိုနေပါသေးတယ်၊ ကျနော့်ပေတံနဲ့ကတော့ အခုပြောင်းဆို ပြောင်းလို့ ရနေပါပြီ၊ အဆောင်နေတုန်းက ပြောင်းလိုက်ရတဲ့ အကြိမ်ပေါင်း၊ အလုပ်လုပ်တော့လည်း ပြောင်းလိုက်ရတဲ့ အကြိမ်ပေါင်း၊ အားလုံး ပေါင်းထည့်လိုက်ရင် ဘယ်နှကြိမ်ရှိမှန်းတောင် မသိတော့ဘူး၊ တခါတလေများ အင်္ကျီတွေ ချိတ်တန်းလန်းနဲ့ပဲ အမှိုက်အိတ်လို အိတ်ကြီးထဲ အကုန်ကောက်ထည့်ပြီး ပြောင်းခဲ့ရတာ၊ ဒါကြောင့် အခု ဒီအခြေအနေက တော်တော်လေး အသင့် အနေအထား ဖြစ်နေပြီလို့ ကိုယ့်ကိုကိုယ် ယူဆပစ်လိုက်တယ်၊ ညှင်းညှင်းညှင်း။

ဖခင်ကြီးက အိုင်ပက်နဲ့ အိမ်ပြောင်းခြင်းကို ရီဟာဆယ်လုပ်နေတာပါ၊ ဒါကို ဒီလိုရွှေ့မယ်၊ ဟိုဟာကို ဟိုလိုရွှေ့မယ်ပေါ့။

ထားမယ့်နေရာအတွက် တော်တော်ငြင်းခုန်လိုက်ရတဲ့ ထမင်းစားစားပွဲပါ၊ ဧည့်ခန်းမှာထားဖို့ ကျနော်မဲအများကြီး (ကြိုတင်မဲအပါအဝင်) ထည့်လိုက်တယ်၊ တခြားသူတွေ ဆန့်ကျင်နေတဲ့ကြားက အနိုင်ရသွားပါတယ်။

ပစ္စည်းသိမ်းစရာ ကက်ဘိနက်တွေ အများကြီးပါတဲ့ မီးဖိုချောင်ပါ၊ အကန့်တွေကိုကြည့်ပြီး ပီတိတွေဖြာခနဲ ဖြာခနဲ ထွက်မိပါတယ်၊ ပွစိထနေတဲ့ မြင်ကွင်းတွေကို နှုတ်ဆက်ဖို့ အချိန်တန်ပါပြီ၊ ဟဲဟဲ။

12 comments:

  1. ဆိုဖာတွေကို မြင်တော့ လန့် သွားတာဘဲ.. ဟယ်... အိမ်က ဆိုဖာတွေ ဘယ်လိုလုပ်ပြီးအဲ့ဒီ့ကို ရောက်သလဲဆိုပြီး ယောင်ပြီးတောင် လှည့်ကြည့်မိသေး ..:)))) အဲ့ဒီ့ဆိုဖာတွေ ထိုင်လို့ သိပ်ကောင်းတယ်။ တစ်ယောက်ထိုင်က ဘေးကခလုတ်ကို ထောင်ပြီး ခြေတင်တာလေ.. နဲနဲလေးဘဲကွာတယ်.. အိမ်ကခေါင်းမှီက နဲနဲလေး ပစောက်ပုံစံလေး နဲနဲလေး ဟိုက်သွားတယ်။

    ReplyDelete
  2. ယောင်ပြီးလှည့်အကြည့်မှာ ဆိုဖာတွေမတွေ့တော့ဘူးမှုတ်လား၊ ကျနော်အကုန်မလာပြီလေ.. :p ဟုတ်တယ်၊ အဲဒါလေး သိပ်ထိုင်လို့ကောင်းတယ်၊ လှဲချလိုက်ရင် ပိုတောင်မိုက်သေးတယ်..

    ReplyDelete
  3. စပ်စုကြည့်တာဗျ ကင်မလာက D 90 လား မှန်ထဲမှာ အရိပ်ပေါ်တာတော့ မြင်လိုက်ဖူးတယ်..။

    ReplyDelete
  4. မဟုတ်ဘူး၊ သူ့ညီ D80 ပါ။

    ReplyDelete
  5. Hi Ko TZA,
    I like your floor.May I know what type is it? I don't like square design.If you don't mind, share the cost to me.power.142857@gmail.com
    Thanks
    SS

    ReplyDelete
  6. i can't read anything..can u use normal zawgyi font please? thank you...

    ReplyDelete
  7. ပရိဘောဂတွေ ပြတော့ ကြိုက်သွားပြန်ပြီ..... ။ ထမင်းစားပွရြော.. ခုံရော.. ဆိုဖာရော
    ထမင်းကို ဆိုဖာခုံ အိအိလေးနဲ့ စားတော့ ပိုများ စားဝင်လေမလားပဲ..
    အိအိလေးနဲ့ တစ်ခါမှ မစားဖူးသေးဘူး.... ( စကားခေါ်နေတာလား.... ဟမ်...)
    ဆိုဖာ အမွှာပိုင်ရှင်က အစ်မကြီးအရီးကွန်များလား... သူရေးတာ သတ်ပုံမမှားပေမယ့် လေသံလေးတူလို့...... ဟမ်..ဟမ်...


    စင်စင်

    ReplyDelete
  8. မှန်ကတော့ သိပ်မကြိုက်ဘူး.. အိမ်မှာ တစ်ယောက်တည်း (ကလေးနဲ့ ) ရှိတဲ့ အချိန်မျိုးဆို ကိုယ့်အရိပ်ကိုယ် အမှတ်တမဲ့
    လန့်တတ်လို့


    ဆင်ဆင်

    ReplyDelete
  9. ဒီဇိုင်း လေးတွေ လှတယ် ဗျ။ ကျွန်တော် တော့ ဧည့်ခန်းရော အိပ်ခန်းမှာပါ နံရံ တဖက်စီကို အနီ သုတ်လိုက်တယ်။ ထမင်းစားပွဲ အဲလို ထားတာလဲ ကြိုက်တယ်။

    ReplyDelete
  10. တချို.စာလုံးတွေ ဖတ်မရဘူးကွယ် ခန်.မှန်းဖတ်နေရတယ် အရင်ပို.စ်ထိရပါတယ် ခုမှဘာဖြစ်သွားတာပါလိမ်...

    ReplyDelete
  11. အိပ်ခန်းပြဦးလေ နံရံကပ်ဘီရိုလုပ်သေးလား

    ReplyDelete
  12. အီမ်ပြင်ထားတာစိတ်ကူးကောင်းတယ်။
    ကျနော်လည်းဝါသနာပါတယ်ဒါပေမယ့်စိတ်ရောလူရောတော်တော်ပင်ပန်းမယ်ထင်တယ်။
    ကျနော်BBC one ရဲ့ Homes Under the Hammer အစီအစဉ်ကိုအမြဲလိုလိုကြည့်ဖြစ်တယ်၊အဲဒီမှာကိုတီဇက်အေတို့လိုအီမ်ဝယ်ပြီးပြန်ရှွိုံင်းတဲ့အစီအစဉ်ပါ ၊စိတ်ဝင်စားစရာကောင်းတယ်။ကျနော်နေတဲ့နိုင်ငံမှာအီမ်ငှားခအရမ်းဈေးကြီးတယ်၊ ဘဏ်တိုးပေး ၀ယ်ပြီးနေတာအများကြီးသက်သာတယ် ။အီမ်အပေါ်လိုက်ပြီးဝင်ငွေသတ်မှတ်ချက်နဲ့အီမ်တန်ဖိုး၁၅% ရှိရင်ဝယ်နေတာပိုကောင်းတယ်လို့ကျနော်ထင်တယ်၊၀င်ငွေသတ်မှတ်ချက်ခံထားတော့ဘဏ်တိုးသက်သာပေမယ့်ဝင်ငွေနည်းသူတွေဈေးများတဲ့အီမ်ဝယ်ခွင့်မရဘူး၊

    ReplyDelete