Myanmar frees more political prisoners
ဒီနေ့လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အင်မတန်ဝမ်းသာပါတယ်၊ နိုင်ငံတော်အစိုးရကို ကျေးဇူးသိပ်မတင်ချင်ပါဘူး၊ ကိုမင်းကိုနိုင်တို့၊ နေဘုန်းလတ်တို့လို လူတွေကို လွှတ်ပေးသင့်တာ ကြာပါပြီ၊ လေးသုတ်မြောက်မှ လွှတ်ရအောင် သူတို့က ပြစ်မှုတွေ ကျူးလွန်ထားတာမှ မဟုတ်ပဲ၊ အချိန်တွေ ဘယ်လောက်နှမြောစရာကောင်းသလဲ၊ သူတို့အတွက် တစ်စက္ကန့် တစ်မိနစ်က မုဒိမ်းမှု လူသတ်မှုတွေ ကျူးလွန်ထားတဲ့ကောင်တွေထက် အဆပေါင်း မြောက်များစွာ တန်ဘိုးရှိတယ်၊ ပြည်သူတွေ ဖိအားပေးတော့မှ လွှတ်ပေးတာကြီးက သိပ်တော့မမိုက်ဘူး၊ ပထမအသုတ်မှာတင် ဒီလူတွေကို လွှတ်ပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ အင်း၊ ထားလိုက်ပါတော့၊ ပြန်သွားလို့လဲ မရတော့ဘူး၊ ဖြစ်ပြီးတာတွေ ပြန်ပြင်လို့လဲ မရတော့ဘူး၊ နောက်နောင် ဒါမျိုးတွေ ထပ်မဖြစ်အောင်ပဲ ဆင်ခြင်နိုင်ကြရင်ကောင်းမယ်။ လွှတ်တာခြင်းအတူတူဗျာ၊ အရသာအများကြီး ပေါ့သွားတယ်၊ မလွှတ်တာထက် စာရင်တော့ ကောင်းတာပေါ့ကွာ လို့ ဖြေတွေးတွေးရင်တော့ မတတ်နိုင်ဘူးပေါ့လေ၊ စေတနာ တကယ်ပါရဲ့လား၊ သဘောထား တကယ်ကြီးရဲ့လား ဆိုတာကို ပြောချင်တာပါ။

source: EMG
ဟင်း.. ဘာပဲဖြစ်ဖြစ် လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အင်မတန်ဝမ်းသာကြောင်း ထပ်ပြောပါရစေ။
စောက်ပိုတွေပြောမနေနဲ့ စောက်တရုတ်..
ReplyDeleteဟုတ်ကဲ့.. ပြောပါခင်မျာ။
ReplyDeleteBro degolar, please delete first racist comment
Deleteမင်းကိုနိုင်ကျန်းမာပါစေ။နေကောင်းရဲ့လားမသိဘူးကြည့်ရတာနေမကောင်း သလိုဘဲ။
ReplyDeleteအင်း သူတို.တွေအတွက် ဝမ်းသာတယ်.. အပြစ်မရှိပဲ အကြာကြီးလေ..
ReplyDeleteကိုယ်မကြိုက်ရင်ကိုယ်.ဘာသာထွက်သွားလိုက်ပေါ.ပထမဆုံးကွန်မန်.ပေးတဲ.ကောင်ရ။သူများတွေမင်ဂလာယူနေတုန်း
ReplyDeleteစိတ်ဓါတ်အောက်တန်းမကျချင်စမ်းပါနဲ.။မုဒိတာပွားစမ်းပါ။
ကိုဖြိုး
ပထမဆုံး ကွန့် မန့် တဲ့လူက နိုင်ငံရေအကျဉ်သားတွေ လွတ်လာလို့ စားခွက်ပျောက်သွားတဲ့ လူဖြင့်မယ်(ဥပမာ တိတ်နိုင်၊ ဘိုကြည်)
ReplyDelete