Search This Blog

Loading...

16 January 2012

Reno Reno Reno

ပုံနည်းနည်းထပ်တင်လိုက်ပါတယ်၊ အသစ်မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ပို့စ်က ပုံတွေနဲ့ တရက်တည်း ရိုက်ထားတာပါ၊ ယှဉ်ကြည့်လို့ရအောင် မပြင်ခင် ပုံဟောင်းတွေနဲ့ ပုံသစ်တွေကို ရောတင်ထားပါတယ်။

ကြွေပြားအပြည့်ကပ်ထားတဲ့ ဧည့်ခန်းနံရံပါ၊ တံခါးပေါက် ထောင့်စွန်းကိုလည်း ၄၅ ဒီဂရီ ချိုးထားပါသေးတယ်၊ ကြွေပြားအကုန်ခွာပြီး အဲဒီထောင့်စွန်းလေးကိုပါ ထောင့်မှန်ဖြစ်အောင် လုပ်လိုက်ပါတယ်။


နောက်ခံမှာ ကြွေပြားခွာပြီး ဆေးပြန်သုတ်ပြီးတဲ့ နံရံကို တွေ့နိုင်ပါတယ်၊ ရှေ့ကမီးလုံးတွေက ထမင်းစားစားပွဲကို ထိုးဖို့ပါ။


ပြင်ပြီး ဧည့်ခန်း၊ wide angle lens ကြောင့် တကယ့်ဧရိယာထက် အများကြီးကျယ်တယ် ထင်ရတယ်။


မပြင်ခင် ဧည့်ခန်း၊ ဒါက ရိုးရိုး lens နဲ့ ရိုက်တာပါ၊ ဧည့်ခန်းက တကယ်တော့လည်း ကျဉ်းရှာပါတယ်။


ပန်ကာတပ်ထားတဲ့ ဒီနံရံကိုတော့ စင်တွေတပ်လိုက်ပါပြီ၊ TV console ကို ဒီဖက်ထားမှာပါ။


အိမ်နောက်ဖေးပါ၊ ဘေဆင်ပေါ်က စင်တွေပါတဲ့ မှန်ကိုလည်း IKEA ကနေ ဝယ်ခဲ့တာပါပဲ။


9 comments:

  1. အားလုံးဘယ်လောက်ကုန်သွားပြီးဘယ်ကန်ထရိုက်နဲ့ပြင်တာလဲသိချင်ပါတယ်။ အေးအေး

    ReplyDelete
  2. သန့်ပြီး တောက်ပြောင်သွားတာပဲ ဟယ်....
    ခေါင်းစဉ်ဖတ်ပြီး ဘလော့ဂါ ရီနိုမာန်တောင် သတိရလိုက်သေး..


    စင်စင်

    ReplyDelete
  3. ရုပ်လုံးပေါ်လာပြီ။ နေချင်စရာလေး။
    ကျဉ်းပေမယ့် နှစ်ယောက်တည်းဆို အတော်ပဲ။

    ReplyDelete
  4. ရေနဂါးပြီးတော့ ရေမြင်းများလားဆိုပြီးတော့....

    ReplyDelete
  5. နံရံကို လိမ္မော်ရောင်သုတ်ထားတယ်တော့ ဂျေဒိုးနတ်ဆိုင်လိုပဲ... အရမ်းကို အိုင်ဒီယာကောင်းတယ်။

    ReplyDelete
  6. If the window will be white color aluminum, it makes the room more bright.

    Just my positive advice :)

    ReplyDelete
  7. ကြည့်ရင်း နဲ့မှ သတိထားမိလာတယ်
    အဲလို flat မှာနေဖူးတယ်
    အန်မိုးကျိုး မှာ ကျဉ်းတယ်
    ဒါပေမဲ့ နှစ်ယောက်စာဆိုအတော်ပဲcozy ဖြစ်တယ်
    အထပ်မြင့်ရင်ပိုကောင်းတာပေါ့ အိမ်နီးချင်းများများနဲ့မျက်နှာချင်းဆိုင်စရာမလိုဘူးလေ

    ReplyDelete
  8. i'm just want know, the besin that behind the kitchen (in front of common toilet) is normally we place the washing machine..now where did u put ur washing machine? or do u still hv the space for washing machine next to basin?
    ma zar

    ReplyDelete
  9. အေးအေး.. ဒီနေ့ပဲ နောက်ဆုံးအရစ် ပေးလိုက်တယ်၊ အားလုံး ၂၂၈၀၀ နဲ့ ပြတ်သွားပါတယ်၊ ဘာတွေလုပ်သလဲ၊ ဘာပြဿနာတွေ ကြုံသလဲ၊ ဘာတွေကောင်းသလဲ၊ ဘာတွေညံ့သလဲ စသည် စသည် စသည် အချက်အလက်တွေကို ခရေစေ့တွင်းကျရေးချင်ပါသေးတယ်၊ မျှော့..

    စင်စင်.. ဟုတ်ပ၊ ရီနိုမန်က ရီနိုချည်းလုပ်နေသလားမသိဘူးနော်..

    ရီတာ.. နှစ်ယောက်တည်းတော့ ဘယ်ဟုတ်မလဲဗျာ၊ မိသားစုရှိဦးမယ်၊ အိမ်ငှားလည်းတင်ချင်သေးတယ်.. ဟဲဟဲ..

    ရေအမည်မသိ.. ရေနဂါးပြီးရေမြင်း.. ရေမြင်းပြီးရင် ရေမြွေလား.. ရှုပ်ကုန်ပြီ..

    အမည်မသိဒိုးနတ်.. အိမ်နာမည်က စားချင်စဖွယ် ပြင်ဆင်ကွယ်ဆိုလားပဲ..

    အမည်မသိအလျူမီနီယံ.. ဟုတ်တယ်နော်၊ အဖြူရောင်က ပိုလင်းပြီးပိုကျယ်တယ် ထင်ရတယ်..

    စု.. အဟုတ်ပဲ၊ အဲဒီတဝိုက်က ရီနိုပရောဂျစ်တစ်ခု ကြည့်ဖူးလို့ ပြင်ချင်စိတ်တွေ ပိုထွားသွားတာ.. အိမ်ပုံစံချွတ်စွတ်ပဲ..

    မဇာ.. ကျနော်တို့အဝတ်လျှော်စက်ကို အဲဒီဘေစင်ရှေ့မျက်စောင်းထိုးနားမှာ ထားပါတယ်၊ ခါးလောက်မြင့်တဲ့နံရံလေး အနောက်ဖက်မှာပါ၊ နောက်မှ ပုံတင်ပါမယ်..

    ReplyDelete