Search This Blog

Loading...

14 January 2012

Renovation almost complete

မီးဖိုချောင်က ၉၈% ပြီးသွားပါပြီ၊ ကျန်တဲ့ ၂% က ဘာလဲလို့ မမေးပါနဲ့၊ ကျနော်လည်း မသိပါဘူး၊ ပိုပိုလိုလို ၂% လောက်တော့ စတိအဖြစ် ချန်ထားတာ။ စစချင်း လုပ်ဖို့ပြောတုန်းက စားပွဲမျက်နှာပြင်ပေါ်တင်မယ့် artificial marble ခေါ် solid surface ကို နှစ်ကူးပြီးမှ ရမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ တပတ်စောပြီး ပြီးသွားပါတယ်၊ ကျန်တာတွေလည်း ပြီးလုပြီးခင် ပြီးချင်ချင် ဖြစ်နေကြပါပြီ၊ ဒီနေ့ ကြမ်းခင်းကို ပေါလစ်ရှ်တိုက်ပါတယ်၊ မနက်ဖြန်လည်း ဆက်ပြီး ပေါလစ်ရှ်မယ် ပြောပါတယ်၊ ဒီတိုင်းဆို သန်ဖက်ခါမှ ဧည့်ခန်းကပန်ကာ တပ်လို့ရပါမယ်၊ အမယ်၊ အဲဒီ ဒလက် ၅ ခုနဲ့ ပန်ကန်တွေတပ်ဖို့က ထင်သလောက် မလွယ်ဘူးဆိုပဲ၊ ကန်ထရိုက်တာက သိပ်ကွန်ဖီးဒန့်မရှိလို့ ပန်ကာရောင်းတဲ့ ဆိုင်ကိုပဲ တပ်ခိုင်းဖို့ ပြောပါတယ်၊ ကန်ထရိုက်တာက သူ့လူတွေတပ်ရင် ဟန်ချက်မညီပဲ အသံဗလံတွေ မြည်ကောင်း မြည်နိုင်တယ် ဆိုပဲဗျ။

မပြင်ခင်မီးဖိုချောင်


ပြင်ပြီးမီးဖိုချောင်


ဟိုးဧည့်ခန်းထဲက မီးလုံးသုံးလုံးအောက်မှာ ထမင်းစားစားပွဲ ထားမှာပါ။


Solid Surface ကို အဖြူရောင် ရွေးထားပါတယ်၊ ကက်ဘိနက်ရဲ့ လယ်မီနိတ် အနီရင့်ရောင်နဲ့ လိုက်မယ်ထင်ပါတယ်။


ဧည့်ခန်းလည်း ပြီးချင်ချင်အနေအထားပါ၊ ဆေးသုတ်ပြီးပြီ၊ မီးဆွဲပြီးပြီ၊ IKEA ပစ္စည်းတွေ အကုန်တပ်ပြီးပြီ။ အရောင်ကို ကြည့်ပြီး ဝေဖန်ကြပါဦး၊ ကျနော် အဲဒီအရောင်ရွေးတော့ အတိုက်အခံပါတီတွေ ဆန့်ကျင်ဖက်အသံတွေ ထွက်ခဲ့ပေမယ့် တကယ်သုတ်လိုက်တဲ့အခါကျတော့ မဆိုးဘူးလို့ မှတ်ချက်ပေးကြပါတယ်၊ လေးမျက်နှာစလုံး သုတ်လိုက်ရင်သာ မလှတာ၊ တမျက်နှာတည်းကို ခပ်ထင်းထင်းလေး သုတ်ထားတာ လှပါတယ်ဗျာ။ မှန်က IKEA ကပါ၊ ကန်ထရိုက်တာကို ကုတ်တေးရှင်း ပေးခိုင်းတာ သူ့ထက် သုံးဆလောက် များပါတယ်၊ အဲ၊ တခုတော့ ရှိတာပေါ့လေ၊ စိတ်ကြိုက် တိုင်းလုပ်ရင်တော့ ဒီထက်ကြီးတဲ့ အရွယ်အစား ရမှာပါ့လေ၊ ဆိုင်က ရယ်ဒီမိတ်ကျတော့ ပြင်ခွင့်မှ မရှိပဲ။ ဒိထက်ကြီးတဲ့ဆိုက် ရှိတော့ရှိတယ်၊ ဒါပေမဲ့ ဘောင်က အလူမီနီယံနဲ့၊ သိပ်မလှဘူးဗျ၊ IKEA အိမ်သာအဝင်ဝမှာ ထောင်ထားတဲ့ဟာကြီး။

အောက်မှာ ဧည့်ခန်းပုံတွေ တွေ့နိုင်ပါတယ်၊ IKEA ရဲ့ မှန်တွေ၊ shelf တွေ အပါအဝင်ပေါ့။


အောက်ပုံတွေက white balance ချိန်ထားတယ်၊ အပေါ်ပုံက မချိန်မိတော့ ဝါကြင်ကြင်ဖြစ်နေတယ်ဗျ။

18 comments:

  1. မှန်တိုင်းမှာ ကင်မလာနဲ့ အစ်ကိုတစ်ယောက်ပုံ အမြဲပါတယ်နော်။ IKEA ရဲ့ ၂၀၁၂ မော်ဒယ်လ်ထင်တယ်။း)
    (လီယို)

    ReplyDelete
  2. မေ့လို့ ဧည့်ခန်းကို အဲသည့်အရောင်သုတ်ထားတာ ကြိုက်တယ်။ အတိုက်အခံပါတီတွေတောင် flexible ဖြစ်မှတော့ တကယ်ကိုလွှလို့ပေါ့ဗျ။

    ReplyDelete
  3. အိမ်တက်ဖိတ်မှပဲသေချာလာကြည့်ပါတော့မယ်လေ ဟမ်

    ReplyDelete
  4. သြော်.. နာရီကို ညာလက်ပတ်တာကိုး.....
    ဒီအရောင် ဆေးသုတ်တာ မမြင်ဖူးသေးဘူး (မမြင်ဖူးဆို ဘယ်မှ မှ မသွားတာကိုး) .... .. လှပါတယ်။
    ဂျေအီးမှာ မောင်ကြီးသူငယ်ချင်း အိမ်ဝယ်တော့ သူ့မိန်းမကြိုက်တဲ့ ဆေးရောင်သုတ်တာ.. အိပ်ခန်း ၃ ခန်းမှာာ တစ်ခန်း တစ်ရောင်ဆရာ... တစ်ခန်းစီဝင်ကြည့်တော့ လှနေတာပါပဲ......


    စင်စင်

    ReplyDelete
  5. sin sin, watch ka left hand hmar par.

    ReplyDelete
  6. Wow, very nice decoration :-)

    ReplyDelete
  7. ဘယ်တော့လာစပ်စုရမလဲ :P

    ReplyDelete
  8. ကောင်းလေစွ ။ ဧည့်ခန်းထဲ က အရောင်ကိုကြိုက် တယ် အစ်ကို ။ အိမ်တက် လုပ်ရင်ဖိတ်မှာလား ? ငရုပ်သီး ဂဏန်း နဲ့ ထောပတ် ဂဏန်း ဘူဖေး ကျွေးမယ်ဆို ရင် ရောက်အောင် လာခဲ့ မယ် ။းD

    ReplyDelete
  9. အဲအရောင် ဒီနှစ်ပြောင်းသုတ်ပေးဖို့ အစ်ကို့ကို ပြောထားတာ ကြာပြီ....။ အဲလို လိမ္မော်က ဆွဲဆောင်မှူရှိတယ်....ကြိုက်တယ်း))

    ReplyDelete
  10. child care , student care colour:)

    ReplyDelete
  11. pls care to share us costs bcos i will be doing renov bro.

    Nick

    ReplyDelete
  12. Leo.. တကယ့်ကိုလှတာပေါ့ဗျာ.. :) သိုင်းကျူး

    အိမ်တက်ဖိတ်မှပဲသေချာလာကြည့်ပါတော့မယ်ဆိုတဲ့ အမည်မသိဧည့်သည်တော်.. ဒီကပဲဖိတ်လိုက်ပါတယ် (ဟမ်)

    စင်စင်.. တခန်းတရောင်လည်း မိုက်တာပဲ၊ တခန်းကို၎ ၅ရောင်ဆို ပိုတောင်လန်းမလားပဲ.. ဟားဟား..

    ဖိုးစိန်.. အစပ်စုခံဖို့ ပြင်ဆင်ဆဲပါခင်မျ :D

    ak1428.. ဂဏန်းဘူဖေး၊ ရတယ်၊ ဘူကြီးလား ရှမ်းကိုးမီးလား၊ ဂဏန်းသင်္ချာဒို့ကကျွမ်းတယ်.. ဟာဟ.

    အမချစ်.. တကယ်ကြီးလား၊ အကြိုက်ချင်းတူပြီဗျာ။

    Nick.. sure.. ဘာတွေရေးရမလဲ စဉ်းစားနေတယ်ဗျ၊ အကုန်လျှောက်ရေးလို့လည်း သိပ်မသင့်တော်ပြန်ဘူး။

    ReplyDelete
  13. တွေ့ဖူးတယ် အဲ့အရောင်ကို သူငယ်ချင်းတွေငှားနေတဲ့ မလေးအိမ်မှာ.. မီးလုံးအ၀ါတွေနဲ့ဆိုရင်တော့ မှုန်ကုပ်ကုပ်ဖြစ်သွားေ၇ာ လင်းလင်းချင်းချင်း မရှိတော့ဘူး.. အခုကဘေးနံရံတွေ အဖြူဆိုတော့ လင်းပါတယ်..

    စင်စင် နာရီက ဘယ်ဖက်ဖြစ်မှာ.. ပုံကမှန်ထဲဆိုတော့ ပြောင်းပြန် :D

    ReplyDelete
  14. အရောင် ဆိုက်ကိုလိုဂျီအရဆို ရင် လိမ္မော်ရောင် တို့ အဝါရောင် တို့က စားမြိန်စေတယ်တဲ့
    စားသောက်ဆိုင်တွေမှာ သုံးသင့်တယ်တဲ့
    တီဇီဧတို့တော့ ဝါးတီးပေးလို့ကောင်းတော့မှာဘဲ

    ReplyDelete
  15. myo.. ဟုတ်တယ်နော်၊ မလေးတွေ အဲ့အရောင်ကို တအားကြိုက်ကြတယ်၊ တခန်းလုံးသုတ်ထားရင် မလှတော့ဘူးလို့ ထင်တာပဲ။ စင်စင်က မျက်မှန်ပြောင်းပြန်တပ်ထားလို့ပါ၊ ခွင့်လွှတ်ကြပါကွယ်တို့။

    su.. ပိုင်တာပဲ၊ ဒီကလည်း ဝါးတီးကို အားရပါးရပေးချင်နေတာနဲ့ :D

    ReplyDelete
  16. it is not malay colour, it is very nice colour when u take picture with warm light.
    my house also have, most of myanmar like only white or peach colour.
    my house got orange colour (one side) in living room. Yellow one side in Master bed room, model Green one side in one common room because i have a daughter and blue one side in another common room for furure boy(Dragon..)..Ha Ha..
    Nick

    ReplyDelete
  17. Nick.. အလို.. ကျနော်လည်း ဓာတ်ပုံရိုက်ဖို့အတွက် အဲဒီအရောင်ရွေးတာဗျ၊ ရိုက်ထားတာတွေ ရှယ်ပါအုံး :) Nick ရဲ့ အိမ်လေးက လေးခန်းကို လေးရောင်ခြယ်ထားတာပဲ၊ future boy လည်း ၂၀၁၂ ပဲလား၊ ဝမ်းသာတယ်ဗျား။

    ReplyDelete