Search This Blog

Loading...

11 January 2012

Renovation still in progress

ရုပ်နည်းနည်းထွက်လာတဲ့ မီးဖိုချောင်ပုံတွေ တင်လိုက်ပါတယ်၊ စာရေးဖို့ အာရုံနောက်နေတော့ ရေထိုးတဲ့သဘောပါ။ မနက်ဖြန် ခွင့်ယူပြီး တပ်စရာ ဆင်စရာတွေ တပ်တာ ဆင်တာကို သွားကြည့်ရပါမယ်၊ IKEA ကနေ ဝယ်ထားတာတွေချည်းပဲ ငါးခြောက်မျိုးလောက် ရှိတယ်၊ အဲဒီ IKEA ကိုတော့ မပြောချင်တော့ပါဘူး၊ စစချင်း တော်တော်ကြိုက်တယ်၊ တဖြည်းဖြည်းနဲ့ သိပ်မကြိုက်ချင်တော့ဘူး၊ ဝယ်စရာရှိတာ ဝယ်အပြီးမှာ သူ့ပစ္စည်းတွေကို တော်တော်မကြိုက်သလောက် ဖြစ်သွားပြီ၊ တချို့ ဒီဇိုင်းတွေ လန်းသလောက် ကွာလတီက အတော်ညံ့တာဗျာ။ သူ့စားစရာတွေလည်း ဒီတိုင်းပဲ၊ သွားတိုင်း စားလိုက်တာ အခုတော့ ကြက်တောင်ပံမှလွဲ၍ ကျန်သောအရာများ ကန်တော့ပါသေး၏ ဆိုသလောက် ဖြစ်နေပြီ၊ ဥတွေနဲ့ ပြွတ်သိပ်နေတဲ့ ပုစွန်ကွေးကွေးလေးတွေ အင်မတန်ကြိုက်ပေမယ့် အဲဒါမျိုး အခုမရောင်းတော့ဘူးဗျာ၊ တခါတိတိပဲ စားဖူးလိုက်တယ်။



အားလုံးတပ်ပြီးမှ ပုံအသစ်လေးတွေနဲ့ ထပ်မြူဆွယ်ပါအုံးမယ်၊ အဲ၊ ဆေးလည်းသုတ်ပြီးလောက်ပြီဆိုတော့ အရင်ကထက် ပိုလှနေပါပြီ။

11 comments:

  1. ဒီတစ်ခါတော့ ဖတ်လို့ မရတော့ဘူး ကို TZA ရေ... ဟိုဟာ ဒီဟာ ကလိ လိုက် ဦးမယ်.. ပြီးမှ ပြန်လာဖတ်မယ်.. :)

    ReplyDelete
  2. 22000 အထက်ဆိုတာ ဘယ်လောက်တောင်ကျော်သွားပြီလဲ. ပစ္စည်းဖိုးတွေကော အပါလေ.. ဒီမှာလဲ reno လုပ်စရာရှိလို. နေ.တိုင်းလာကြည်.နေတာ

    ReplyDelete
  3. Hi Ko TZA,
    My home also going to decorate.Could u pls share your experiences, then i can takecare more during renovation.should i go with contractor or ID? I don't have idea how to plan the home.Is it real IKEA is bad?
    Thanks in advance
    SS

    ReplyDelete
  4. Yaw Mang.. ကလိလိုက်ပါအုံး၊ ရမှာပါ။

    Anonymous.. စာရင်းအတိအကျ မရသေးပါဘူး၊ ပစ္စည်းဘိုးကတော့ ဘယ်ဟာတွေကို ဆိုလိုသလဲဗျ၊ မီးဖိုချောင်ထဲက ကုန်တဲ့ဟာတွေထဲမှာ မီးဖို (hood and hob) ရယ်၊ oven ရယ် အဓိကပါတယ်။ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်ကတော့ ရှိပြီးသားပဲ ဆက်သုံးမှာ။ water heater လည်း အဟောင်းပဲဆက်သုံးတယ်၊ basin တွေက ဝယ်လိုက်ရတယ်၊ ပန်းကန်ဆေးတဲ့ sink ကတော့ ကန်ထရိုက်တာ ပက်ကေ့ခ်ျထဲ ပါပြီးသားပါ။

    SS.. ID နဲ့ယှဉ်ရင် ကန်ထရိုက်တာနဲ့က ဈေးသက်သာတာပေါ့ဗျာ၊ ဒါပေမဲ့ သေချာလိုက်ကြည့်ရတယ်၊ အခုလောလောဆယ် အမှားကြီးမှားလို့ rework ပြန်လုပ်ရတာ ၂ ခုရှိပြီ၊ အတွေ့အကြုံတွေကို ရေးတင်ပါမယ်။ IKEA ကတော့ ကွာလတီပိုင်းမှာ သတိထားပေါ့ဗျာ၊ သူ့ဟာတွေက ယေဘုယျအားဖြင့် ဈေးသက်သာတယ်၊ ဒီဇိုင်းလေးတွေ မဆိုးဘူး၊ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ချိန်ပြီးရွေးပေါ့။ အပီအပြင်ရွှိုင်းမယ်ဟေ့ ဆိုရင်တော့ သူ့ပစ္စည်းတွေနဲ့ သိပ်အဆင်မပြေဘူး၊ ကျနော်တို့ကတော့ အိမ်ကလည်းအဟောင်း၊ ဘတ်ဂျက်ကလည်း မများတော့ IKEA လည်း အိုကေနေပါတယ်။

    ReplyDelete
  5. မြူမဆွယ်လဲ လာနေကြတာပဲ မဟုတ်လား... ဈေးမကိုင်တတ်ရင် မြူဆွယ်စရာ မလိုပါဘူးဗျာ...:)
    ခုပုံတွေကြည့်ပြီး မှန်းကြည့်ရသလောက် အတော် ခေတ်ဆန်ပြီး နေချင့်စဘွယ်ဖြစ်မယ့် အိမ်လေးလို့ မြင်မိနေပါပြီဗျာ..။ အိမ့်ဆွဲလွဲသံလေးတွေးနဲ့ သာသာယာယာ သီရိဂေဟာလေး ဖြစ်လာမှာ သေချာပါတယ်..။ (အင်း 'ဂေဟာ' လို့ သုံးနှုန်းလိုက်လို့ တချို့အကြားအမြင် မမှန်မှာတော့ စိုးရိမ်သားးး)

    ReplyDelete
  6. ပိုစ့် ကိုဘတ်မရဘူး ကွန်မန့် ပဲဘတ်ရတယ်

    ဘယ်က အိမ်ကိုပြင်နေတာလဲ
    ဒီကလဲ ဒါတွေစိတ်ဝင်စားနေတာနဲ့တော့ ဟုတ်နေပြီ

    ReplyDelete
  7. တီချမ်း... ကိုဒီကိုလာအိမ်ကို ကိုဒီကိုလာက ပြင်နေတာပါ။ အဟိ
    IKEA တကယ့် မိုးထဲရေထဲ ၀ယ်တော့ အဲလိုလား... သူ့ဟာတွေက ဈေးသက်တယ်လို့ကို မထင်ပါဘူး... ပရိသတ်တွေတော့ သိပ်စိတ်မရှည်ကြတော့ဘူ ထင်တယ်...

    ReplyDelete
  8. အိုင်ကီရာ ဘဲခေါ်ခေါ် အီကီရာဘဲခေါ်ခေါ်
    သူ့ပစ္စည်းတွေက ဈေးမပေါပါဘူး အကုန်ရှိသမျကို မူလီပေါက်စနပါမချန် breakdown လုတ်ထားလို့ဈေးပေါတယ်ထင်ရတာပါ
    တီဇီဧရေ လွှင့်ပစ်ဖို့ မတတ်နိုင်လောက်တဲ့ဟာဆိုရင် အီကီရာကမဝယ်တာဘဲကောင်းသတော့

    ReplyDelete
  9. ဆေးသုတ်မယ့် နေ့ကိုတော့ မေးထားပြီး စောင့်ကြည့်နိုင်ရင် ပိုကောင်းမယ် ထင်တယ်ဗျို့ ။ ကျွန်တော့် တုန်းကတော့ ဆေးအဟောင်းတွေ ကို ခြစ်မချပဲ အပေါ်က ထပ်သုတ်သွားလို့ထင်တယ် ကြာတော့ အဖတ်လိုက်တွေ ကွာကျရော။

    ReplyDelete
  10. အင်း...ဒါနဲ့ မီးဖိုချောင်က အနောက်က ဘာအတွက် နေရာအပိုလေးထားထားတာလဲ။ Washing Machine ထားတာလား။ ထမင်းစားပွဲထားတာလား။

    ReplyDelete
  11. ကိုKMA.. ဈေးကိုင်စရာလည်းရှိဝူးလေ.. ဟဲဟဲ.. ရှိရင်ကိုင်လိုက်အုံးမလို့ပဲ.. ဒါနဲ့.. အိမ်ကို သီရိဂေဟာလို့ နာမည်ပေးရင်ကောင်းမလား..

    တီချမ်း.. စင်္ကာပူကအိမ်ပေါ့နင်ကလဲ.. ဟယ်..

    မောင်သန့်.. ဟုတ်တယ်၊ ရှင်းသွားတာပဲ။ ယေဘုယျအနေနဲ့ပြောရင် ဈေးသက်သာတယ်လို့ ကျနော်ကတော့ ထင်တာပဲဗျ၊ အထူးသဖြင့် သစ်နဲ့လုပ်တဲ့ ပရိဘောဂတွေဆို အပြင်မှာ လက်သမားနဲ့အပ်ရင် အဲဒီဈေး ရကိုမရနိုင်ဘူးလေ။

    စု.. ကျနော်တို့ဝယ်ဖြစ်တာက သိပ်မများပါဘူး၊ မှန်တွေ၊ သစ်သားစင်တွေ၊ နံရံကပ် စားပွဲတွေ၊ ဒါလောက်ပါပဲ။ လက်သမားလက်ခက အင်မတန် ဈေးကြီးတော့ အဲ့မှာပဲဝယ်ဖြစ်လိုက်တယ်။

    cool emerald.. ဒီကော်မန့်ကို ဖတ်မိတာနောက်ကျသွားပြီဗျာ၊ ဆေးတွေတောင် သုတ်ပြီးသွားပြီ၊ အချပ်လိုက်ကွာကျရင်တော့ ရင်ဘတ်စည်တီးပြီး ငိုချင်းချရမယ်ထင်ပါ့ဗျာ။

    ဖိုးသိန်း.. ဟုတ်တယ်၊ အဝတ်လျှော်စက်ထားတာပါ၊ ထမင်းစားစားပွဲအတွက် နေရာစဉ်းစားတာ ဆံပင်တွေ အတော်ဖြူသွားတယ်၊ နောက်ဆုံးတော့ ဧည့်ခန်းမှာပဲ ထားလိုက်ရတယ်။

    ReplyDelete