[WRONG INFORMATION IN THE ABOVE TABLE! Please refer to this post]
ဒီလိုပါ၊ တရုတ်အယူအဆအရ ဒြပ် ၅ ပါးဖြစ်တဲ့ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ကို ၁ နှစ်စီ အလှည့်ကျ ပေးသွားလို့ နှစ်တိုင်းမှာ သူ့နဲ့ပတ်သက်တဲ့ ဒြပ်တစ်ခုခု ရှိနေရတာပါ။ လာမယ့် တရုတ်နှစ်သစ်ဟာ သိကြတဲ့အတိုင်း နဂါးနှစ်ဖြစ်တယ်၊ အဲဒီနှစ်ဟာလည်း ရေနှစ်ဖြစ်နေတယ်၊ ဒါကြောင့် ရေနဂါးဖြစ်သွားပါတယ်။ နဂါး ကတော့ zodiac အကောင် ၁၂ ကောင်ထဲက တစ်ကောင်ပါ။ အဲဒီ ၁၂ ကောင်ကို အစဉ်လိုက်ပြောရရင် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက် ဖြစ်ပါတယ်။ အပေါ်က ဖိုင်ထဲက ကော်လံ D မှာ ကြိုက်တဲ့ အကောင်တစ်ကောင်ကို ရွေးထားလိုက်ပြီး (ကျန်တာဝှက်လိုက်ပြီး) အဲဒီအကောင်ကျတဲ့ ခရစ်သက္ကရာဇ်တွေကို ကြည့်နိုင်ပါတယ်၊ ဒြပ် ၅ ပါးက ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဆိုပြီး အစဉ်လိုက် လာပေမယ့် zodiac ၁၂ ကောင်နဲ့ အလှည့်ကျ တွဲလိုက်တော့ အစီအစဉ်တွေက ခုန်ကျော်ကုန်တယ်၊ ဥပမာ၊ ရွှေနဂါး နဲ့ သစ်နဂါးက ၃၆ နှစ် ခြားသွားတယ်၊ ထိုနည်းတူပဲ သစ်နဂါးနဲ့ ရေနဂါးက ၃၆ နှစ် ခြားပြန်တယ်။ အဲသလို ၅ ခုနဲ့ ၁၂ ခု သွားတွဲတဲ့ အတွက်ကြောင့် ၁၂ နှစ် ခြား တခါပြန်ကျတဲ့ ကြိုက်ရာ အကောင်တစ်ကောင်ကို ကြည့်လိုက်ရင် သူ့နဲ့တွဲတဲ့ ဒြပ်တွေရဲ့ အစီအစဉ်က နဂို ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ကနေ ရွှေ၊ ရေ၊ မြေ၊ သစ်၊ မီး ဖြစ်သွားတယ်၊ ဒြပ်ရော အကောင်ရော တထပ်တည်းတူတာ ပြန်ကျဖို့ အနှစ် ၆၀ စောင့်ရပါတယ်။ ဒါပါပဲ။
တကောင်နှစ်ကောင်ေ၇နေရလို့ရေနဂါးလို့ခေါ်
ReplyDeleteရေထဲမှာနေလို့ရေနဂါးလို့ခေါ်
ReplyDeleteဘဏ်ကပိုက်ရေတဲ့နားကားလေးမို့ရေနဂါးလို့ခေါ်
ReplyDeleteရှင်းတယ်ဗျာ
ReplyDeleteရေရေလည်လည်နားကားသွာနိုင်တဲ့နှစ်လဲ ဖြစ်နိုင်တာပဲ
ReplyDeleteThis comment has been removed by the author.
ReplyDeleteThanks for explain..Are you sure that graph is correct?
ReplyDeleteရွှေမျောက်
ReplyDeleteမူး.... နဂါးချင်းအတူတူ ဘယ်နဂါးက ပါဝါကြီးလဲ..
ReplyDeleteတရုတ်တွေရဲ့ ဓာတ်ကြီး ၅ ပါးရဲ့ အယူအဆထဲမှာ ရေက မီးကို နိုင်တယ်၊ မီးက ရွှေ(သံ သတ်ထု) ကို နိုင်တယ်၊ ရွှေက သစ်ကိုနိုင်တယ်၊ သစ်က မြေကို နိုင်တယ်၊ မြေက ရေကို နိုင်တယ်၊ သံသရာ စက်ကွင်းသဘော ဖြစ်တာမို့ ပါဝါက အတူအတူပဲလို့ ပြောနိုင်ပါတယ်။
ReplyDeleteAnonymous.. ရေလည်နားကားသွားတဲ့ ရေနားကားကတော့ ကြံကြံဖန်ဖန်ဗျာ။
ReplyDeleteစောသံလွင်.. အဲဒီဇယားမှန်ပါတယ်ဗျ၊ အမှားတွေ့ရင်ပြောပါ။
ရီတာ.. လက်စသတ်တော့ ကျနော့ထက် သုံးနှစ်ငယ်တာကိုး။
TTlay.. အောက်မှာ Anonymous ဝင်ဖြေသွားပါတယ်၊ Anonymous ကို ကျေးဇူးပါပဲ။
ရေကြွက် က ရေနဂါးလေး မွေး မှာလား...
ReplyDeleteမီးမြင်း (မြင်းမှီး) က ရေနဂါးလေး မွေး မှာလား...
=P
just kidding
-m
သေချာတာကတော့ ရေမြင်းအထီးနဲ့ ရေမြင်းအမကနေ ရေမြင်းပေါက်စတွေ မွေးတယ်ဗျာ.. :p
ReplyDeletehttp://en.wikipedia.org/wiki/Pig_(zodiac
ReplyDeleteI would like to know about 2007 pig is fire or water.
in wiki fire and your in graph water.maybe something I do not understand.
Best regards,
http://www.chinesefortunecalendar.com/newyearda
ReplyDeleteHere also different. every 2 year change elemental sign.
Hi bro, I will check and get back to you.
ReplyDeleteOh, my graph is wrong. Will update later. Thanks, sawthanlwin.
ReplyDeleteသူတို့ရဲ့ သဘောသဘာဝလေး မိန့်ပါဦး ဆရာ :P
ReplyDeleteသာမီးက ရွှေနွားပါ :D
မိုးခါး.. သစ်နွားဖြစ်လိမ့်မယ်၊ ဒီပို့စ်ထဲက အကို့ဇယားမှားနေတယ်။
ReplyDelete