မနေ့က ဘူဂစ်(စ်) နားက တိုက်တန်းလျားကြီးအောက်ထပ်က ဆိုင်တွေမှာ ဘုရားစင် လိုက်ရှာတယ်၊ တဆိုင်ဝင် တဆိုင်ထွက် လိုက်ကြည့်တာ ကိုယ်လိုချင်တဲ့ပုံစံကို ဆိုင်တဆိုင်မှာပဲ တွေ့ခဲ့တယ်၊ စင်တစ်ခုလုံး မဟုတ်ပဲ နံရံပေါ်မှာ တပ်ထားတဲ့ ပုံစံမျိုးပါ။ ဧည့်ခန်းမှာထားမယ့် ပရိဘောဂတွေကို တန်းစီကြည့်တော့ ဘုရားစင်တစ်ခုလုံး ထပ်ထားဖို့ မဆန့်တော့တာကြောင့် နံရံပေါ်မှာပဲ ကက်ဘိနက်တစ်ခု တပ်ထားဖို့ ဆုံးဖြတ်လိုက်ရတယ်၊ အိမ်ကျယ်ရင်တော့ တမျိုးပေါ့လေ။ အရောင်ကိုတော့ အနီပြူးပြူးကြီး မရွေးပဲ ကြေး သို့မဟုတ် အဖြူရောင် ဆင်းတုတော်နဲ့ လိုက်ဖက်မယ့် သစ်သားရောင်လေးပဲ ရွေးခဲ့တယ်။
ဒီနေ့ အင်တာနက်လိုင်းအတွက် Yew Tee အမ်အာတီကို သွားဖြစ်တယ်၊ M1 က road show ရှိတယ်လေ၊ ဆိုတော့ ဆိုင်သွားတာထက်စာရင် စောင့်ရတဲ့အချိန် တိုသွားတယ်။ အဲဒီလိမ္မော်ရောင် တယ်လ်ကိုက အစိမ်းနဲ့ အနီလောက် မကောင်းမှန်းသိပေမယ့် ဈေးချတာကြောင့် ယူမယ်လို့ စိတ်ကူးလိုက်တယ်။ အဲ၊ ယူမယ်ဆိုတာက အခု စင်္ကာပူမှာ စပြီး ခေတ်စားနေတဲ့ ဖိုင်ဘာလိုင်းပါ၊ အရင်လို ကေဘယ်လ်မဟုတ်တော့ပဲ ဖိုင်ဘာလိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ မျိုးဆက်သစ် အင်တာနက်လိုင်းပါ၊ ဘိုလို The Next Generation Broadband Network (NGBN) လို့ ခေါ်တဲ့ဟာပေါ့။ အဲဒီလိုင်းမျိုးကို စင်္ကာပူ တကျွန်းလုံး မချိတ်ဆက်ရသေးပါဘူး၊ ကိုယ်နေတဲ့နေရာ ရမရ သိချင်ရင် http://rollout.opennet.com.sg မှာ postal code နဲ့ ဝင်စစ်လို့ ရပါတယ်။ ဖိုင်ဘာလိုင်း ရယ်ဒီမဖြစ်သေးရင်တော့ ကေဘယ်လ်ပဲ ဆက်သုံးပေတော့ပေါ့။
ကိုယ်နေတဲ့ ဘလောက်မှာ အဲဒီ ဖိုင်ဘာလိုင်း ရယ်ဒီဖြစ်နေပြီ ဆိုတာနဲ့လည်း အပျော်မလွန်ပါသေးနဲ့အုံး၊ OTP (ဘဏ်တွေသုံးတဲ့ one time pin မဟုတ်၊ အိမ်ဝယ်တဲ့အခါ တွေ့ရတဲ့ option to purchase လည်း မဟုတ်) OpenNet Terminal Point ဆိုတဲ့ ကိရိယာ တပ်ဆင်ပြီးသားဖြစ်တော့မှ စိတ်အေးရတာပါ။ ဧရိယာတချို့မှာ ဖိုင်ဘာကွန်ယက် ဖြန့်ကျက်နေကတည်းက အဲဒီကိရိယာကို OpenNet ကုမ္ပဏီကနေ အခမဲ့ တပ်ဆင်ပေးခဲ့ဖူးတယ်၊ ခုလည်း တောက်လျှောက် တပ်နေတုန်းပါပဲ၊ ဒီနှစ်လယ်လောက်မှာ တကျွန်းလုံးရဲ့ ၉၅% လောက် ချိတ်ဆက်ပြီးမယ် ဆိုပါတယ်၊ အခု OTP (အတိုကောက် TP လို့လည်း ခေါ်သေးတယ်) တပ်တာက အခမဲ့လား အခပေးရသလား မသိပါဘူး။ အဲနီးဝေး၊ အကြောင်းကြောင်းကြောင့် အခမဲ့ တပ်ပေးနေတုန်းက မတပ်မိလိုက်တဲ့ အိမ်တွေရဲ့ status က ISP တွေကနေ check လုပ်လိုက်ရင် HomePassed ဖြစ်နေပါလိမ့်မယ်၊ တပ်ပြီးသားဆိုရင် HomeReached ဖြစ်ပါမယ်၊ ကံဆိုးသူ ကျနော်တို့နေအိမ်ကတော့ HomePassed ပါ။ အရင် အိမ်ရှင်အဘိုးကြီး ဒါကို တပ်ရကောင်းမှန်း သိပုံမရပါဘူး။
အဲဒါ ဘာကွာသလဲဆိုတော့ တပ်ဆင်ခ ၂၃၀ ကျော် ကွာပါတယ်၊ ကျနော့်လို ဖိုင်ဘာက ရယ်ဒီပြီးသား၊ တီပီတော့ မတပ်ရသေးဘူးဆိုရင် တပ်ဆင်ခ ပေးရပါမယ်။ ဒီတော့ အခုလောလောဆယ် M1 မှာ ချနေတဲ့ လျှော့ဈေး 100Mbps ကို တစ်လ ၃၉ ဒေါ်လာ ပလန်က ၂ နှစ်စာချုပ်နဲ့ ၉၃၆ ပဲ ကျပေမယ့် ဒီတပ်ဆင်ခကြောင့် တစ်လကို တစ်ဆယ်လောက် ပိုကျသင့်သွားပါတယ်။ ပရိုမိုးရှင်းမဟုတ်တဲ့ သာမန်ဈေး ၅၉ ဒေါ်လာနဲ့တွက်ရင် ၂ နှစ်မှာ ၄၀၀ ကျော် သက်သာရမယ့်ဟာ ၂၀၀ ကျော်ပဲ သက်သာသွားပါတယ်။ ဒါကြောင့် အတန်ဆုံးကတော့ တီပီ တပ်ပြီးသား လူတွေပါပဲ၊ ဈေးသိသိသာသာ သက်သာသွားတဲ့အပြင် M1 ကနေ လာတပ်ဆင်မယ့် ONT (Optical Network Terminal) ရက်ကိုလည်း စောစောစီးစီး ရက်ချိန်းရနိုင်တဲ့အတွက် အချိန်လည်း အများကြီး သက်သာသွားတယ်။ ကျနော့်ရက်ချိန်းက တီပီအတွက် ၃၁ ရက်နေ့မှ ရပြီးတော့ အိုအန်တီ တပ်ဖို့အတွက် နောက်လဆန်းမှ ရပါတယ်၊ အိုအန်တီ တပ်ပြီးမှ အင်တာနက် စ သုံးလို့ရတာပါ၊ ဆိုတော့ ဖိုင်ဘာအင်တာနက်သုံးဖို့ ရင်ခုန်စွာနဲ့ နောက်လအထိ စောင့်ရမှာပါ။

ဒီပို့စ်ကိုတင်တာ အင်တာနက် ကွန်ထရက်ပြည့်ခါနီး တခြားလိုင်းတွေ ပြောင်းယူဖို့ စိတ်ကူးနေသူများအတွက် ရည်ရွယ်ပါတယ်၊ M1 ရယ်မှ မဟုတ်ပါဘူး၊ တခြား ဈေးသည်တွေဆီကလည်း ဝယ်စားနိုင်ပါသေးတယ်၊ ဈေးကွက်ထဲမှာ အားလုံးပေါင်း ၆ ယောက် လှုပ်ရှားနေပါတယ်။
RSP (Retail Service Provider) [source: Hardware Zone]
The RSPs provide retail services to end-users.
SingNet
StarHub
M1
SuperInternet
ViewQwest
MyRepublic
M1 ယူဖြစ်တာက ကွာလတီနဲ့ ဈေးနှုန်းနဲ့ trade off လုပ်လိုက်ရတာပါ၊ လက်ရှိအနေအထားက ဈေးသက်သာတာကို ဦးစားပေးရတဲ့ အနေအထားပဲလေ။ နောက်မှ ကွာလတီနဲ့ဆိုင်တဲ့ ပို့စ်တပို့စ် တင်ပါအုံးမယ်။
--

ယူနီကုတ် ဖတ်မရသူများအတွက်..
Internet Explorer နဲ့ဖတ်သူများ
Tools --> Internet Options --> Accessibility ထဲဝင်ပြီး ရှိသမျှ အမှန်ခြစ်တွေကို ဖယ်လိုက်ရင် မြင်ရမှာပါ။
Firefox နဲ့ ဖတ်သူများ
Tools menu --> Options --> Content --> Fonts & Colors --> Advanced --> Allow pages to choose their own fonts ကို အမှန်ခြစ်ပါ၊ Default Character Encoding ကို Unicode(UTF-8) ရွေးပေးပါ။
So much respect on your time management skills, in deed. BTW, May I know how will you arrange for TV & Land telephone Line if you choose M1 Fibre. We are planning to do so as our Starhub's Internet Contract is ending soon. Thanks in advance.
ReplyDeleteအိုင်အီးနဲ့ပဲ ဖေါင့်မရှိပဲ ဖတ်ရသဗျ.. အမှန်တောင် မခြစ်လိုက်ရဘူး..
ReplyDeleteများသောအားဖြင့် အခက်အခဲတွေ့တတ်တဲ့ ကွန်မန့်ကို ဇော်ဂျီနဲ့စမ်းကြည့်တာ.. ကိုးလို့ ကန့်လန့်တွေေ ပ်ါလာရင် ဆောရီးဗျာ..
အန်အေ
Damn Cheap, Star hub $75+...
ReplyDeleteShanMg
ဖတ်လို့၇နေပါသေးဒယ်ငယ်ငယ်
ReplyDeleteအော်... ဦးနီကုတ်သွားပြီကိုး... ဒါပေမဲ့ တော်သေးတယ်။ တခြား ဆိုက်တွေက ဦးနီတွေကို ဖတ်မရပေမဲ့ ဒီက ဦးနီကတော့ ဖတ်လို့ရတယ်။ ဖေါင့်ကို သူ့ဟာသူ ကွန်ဗါ့တ်လုပ်ပေးတယ်။ နို့မိုဆို လာဖတ်လို့ရတော့မှာ မဟုတ်... :D
ReplyDeletea mhan chit lite tar uni code ko myin ka p ta char htar twe ma myin ka top bu..ayin tine 1 ku pae amahn pyan chit top lae ma ya top bu:(
ReplyDeleteဘယ်သူဘာပြောပြော ဦးနီကုဒ် သွားပြီဆိုရင်တော.လာမဖတ်တော.ဘူး။
ReplyDeleteအမှန်ခြစ်ထားတာတွေကိုဖယ်လိုက်တာ ဇော်ဂျီစာလုံးကိုလေးထောင်.တွေဘဲမြင်ရတော.လို. စိတ်လေသွားပြီး အမှန်တွေပြန်ခြစ်ထားလိုက်ပြီ။
ဦးနီနဲ.ဆိုရင်တော. နောက်မဖတ်တော.ပါဘူးရှင်.
Can't see with iThings... :-(
ReplyDeleteOops... Sorry.. I can read with iMyanmar... :P
ReplyDeleteကျွန်တော့ လက်တော့ မှာ ဘာရှိလို့၊ ကိုTZA ယူနီကုတ်နဲ့ ရေးတာ ဖတ်လို့ရလဲ မသိပါဘူးခင်ဗျာ.. ကျွန်တော်က ဇော်ဂျီ သုံးနေတာပါ.. ဘာမှ ပြောင်းစရာမလိုပဲ ဖတ်ရတာ ကျေးဇူးပါဗျာ.. ပြောင်းရမယ် ဆို လည်း ပြောင်းပြီးဖတ်မှာ ပါပဲ... သူများတွေ မဖတ်ရင် နေပါစေ..အဲဒါသူတို့ အရှုံး.. Long Live TZA!! အင်း..ဘာမှ မရဘဲ အားရပါးရအသားလွတ်ထောက်ခံ နေတာ..လူတွေ အမြင်တောင်ကတ်နေလောက်ပြီ.. ဒီလောက်နဲ့ပဲ တော် တော့ မယ်... အမြဲ အားပေးနေပါတယ်.. ကို TZA ခင်ဗျား.. :)
ReplyDeleteကျနော်က IE သုံးပါတယ်၊ ဒီပို့စ်က ယူနီကုဒ်ကို မြင်ရဖို့ ကိုတီဇက်အေ ပြောတဲ့ အတိုင်း အမှန်ခြစ်တွေဖယ်၊ ဖတ်၊ ပြီးတော့ ဇော်ဂျီမြင်ရဖို့ အမှန်ခြစ်တွေ ပြန်တပ်၊ အဲဒီလို လုပ်ရတယ်၊
ReplyDeleteဒါပေမယ့် Firefox နဲ့ ဖတ်ကြည့်တော့ ဇော်ဂျီရော၊ ယူနီကုဒ်ပါ နှစ်ခုစလုံး တပြိုင်တည်း မြင်ရတယ်ဗျ၊ Setting က ကိုတီဇက်အေ ပြထားတဲ့ အတိုင်းပါပဲ၊ IE မှာလည်း တခါဖတ်ဖို့၊ တခါပြောင်းစရာ မလိုဘဲ အခုလို တပြိုင်တည်း မြင်ရရင် ကောင်းမယ်...။
Ithing သုံးသူများ apple store က Myanmar browser application ကို သုံးကြည့် ပါလား
ReplyDeleteပြောင်းစရာမလိုပဲ ဖတ်လို့၇၏။
ReplyDeleteဘာမှ လုပ်စာမလိုဘဲဖတ်လို့ ရ၏ ..း)
ReplyDeleteကျတော်တို့ မြန်မာပြည်မှာတော့ ကနဦးတပ်ဆင်ခ ၇.၅+ နှစ်စဉ်ကြေး ၀.၆ ပေးပြီး... 1Mbps ကို လစဉ်ကြေး ၁.၂၅ ဗျ... ၁-နှစ်စာ ဆောင်ရင် 10% လျော့ပေးတယ်ခင်ဗျ...
ReplyDeleteTV & Land telephone Line အကြောင်းမေးသွားသူ ဧည့်သည်တော်.. ကျနော် TV ကို Starhub က ယူပြီးသားပါ၊ Phoenix @ ifeng တီဗီလိုင်းကို အဲဒီကပဲ ကြည့်လို့ရတယ်လေ၊ ရန်ကုန်မှာဆို စလောင်းဖုံးနဲ့ ကြည့်လို့ရပေမယ့် ဒီမှာကတော့ ဝယ်ကြည့်ရတာပေါ့။ တယ်လီဖုန်းလိုင်းကိုတော့ M1 ကနေ ယူလိုက်ပါတယ်၊ တစ်လကို ၂ ဒေါ်လာနဲ့ ထုံးစံအတိုင်း မြို့တွင်း အခမဲ့ပြောလို့ရပါတယ်၊ ချည်တုပ်ထားတာတစ်ခုကတော့ သူ့ရဲ့ modem ကို မဖြစ်မနေ သုံးရမှာပါ၊ အဲဒီကနေ ဖုန်းလိုင်းထွက်ရမှာကိုး။ ဆိုတော့ အိမ်ကျယ်လို့ရှိရင် M1 က ပေးတဲ့ Huawei modem အပြင် အားပိုကောင်းတဲ့ router တခု ထပ်ဝယ်ရပါမယ်၊ Huawei က signal တော်တော်ပျော့တယ် ဆိုပါတယ်။
ReplyDeleteအန်အေ.. ဝမ်းသာပါတယ်ဗျာ။
ShanMg.. ဟုတ်တယ်၊ ဒါပေမဲ့ သူ့ဟာက တီဗီလိုင်းပါတဲ့ ပက်ကေ့ခ်ျထင်တယ်၊ Singtel လည်း မီယိုတီဗီနဲ့တွဲရောင်းတာပဲ။
မအိမ်သူနဲ့ ဘာမှမလုပ်လည်း ဖတ်လို့ရသူများ.. ဝမ်းသာပါတယ်ဗျား။
နောက်မဖတ်တော့ပါဘူးရှင် ဆိုတဲ့ ဧည့်သည်တော်.. စိတ်မကောင်းပါဘူးဗျာ၊ ဖြစ်သင့်တာက ယူနီကုတ်သုံးသူက အများစုဖြစ်ပြီး အခုဇော်ဂျီတွင်ကျယ်သလို ဖြစ်နေရမှာ၊ အဲလိုဖြစ်ဖို့ အချိန်နည်းနည်းပေးရအုံးမယ်ထင်ပါတယ်။
အမသက်ဝေ.. ပန်းသီးကတော့ ပြဿနာမရှိပါဘူး၊ အခု တခုတည်းသောပြဿနာက Android ဖုန်းပါ၊ ဇော်ဂျီတုန်းက အဆင်ပြေပြေဖတ်နိုင်ပေမယ့် အခု ကိုယ့်ဘလော့ဂ်ကိုတောင် ကိုယ်ပြန်မဖတ်နိုင်တော့ဘူး။
Yaw Mang.. ဟားဟား.. အားရပါးရပါလားဗျ၊ အားပေးတာ ကျေးဇူးအထူးတင်ပါတယ်။
ကိုညီလင်းသစ်.. ဟုတ်တယ်ဗျာ၊ ကျနော်လည်း အဲသလိုမျှော်လင့်တာပဲ၊ ဒါပေမဲ့ အဆင်မပြေသေးဘူး၊ နောက် windows နဲ့ Mac OS တွေမှာ မြန်မာဖောင့်တွေ အော်တိုငုတ်တုတ် ပါလာတဲ့တနေ့ ဒီပြဿနာတွေ ရှင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
မြိုး.. ဗစ်စတာ.. ဝမ်းသာတယ်အေ့။
ကိုမောင်လှ.. မိုက်တယ်ဗျာ၊ ထပြန်ချင်စိတ်တောင် ပေါက်လာပြီ :p
Thank you very much for replying out of your busy schedule. Appreciate much!
Deletewhat does 7.5 mean? 7.5 lakh?
ReplyDelete"Your building is targeted for installation between 3rd Oct 2011 and 23rd Dec 2011"
ReplyDeleteHow come is it the site not updated? :(
Anonymous.. I guess KMH was just kidding :)
ReplyDeleteMG THANT.. call them and complain lah.. haha..