
--
人物周刊:在民主转型问题上,哪个国家给你的启发最大?
ဒီမိုကရေစီစနစ်ကူးပြောင်းရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံက အန်တီ့ကို စေ့ဆော်မှု အပေးနိုင်ဆုံးလဲခင်ဗျ။
昂山素季:很难讲。南非经验当然世人皆知,但我认为波兰做得也很好。全世界的转型经验不尽相同,比如西班牙的转型就在佛朗哥死去之后才开始,但因为设计较好,所以和平转型成功。就像民主一样,我们都需要找到最适合自己的转型模式。当然,有一些基本要素和制度设计来确保转型是真实的,但各国都会有自己的经验。我一直希望我们能找到最适合缅甸的方式,我想无论我们选择哪条路,都要是最好的。
ပြောရခက်တယ်။ တောင်အာဖရိကအတွေ့အကြုံကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး သိပြီးသားပဲ၊ ဒါပေမယ့် ပိုလန်မှာ လုပ်သွားကြတာလည်း အင်မတန်ကောင်းတယ်လို့ အန်တီယူဆတယ်။ ကမ္ဘာတဝှမ်းက အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေ ထပ်တူကျချင်မှ ကျလိမ့်မယ်၊ ဥပမာ စပိန်ရဲ့ အပြောင်းအလဲက Francisco Franco သေသွားပြီးနောက်ပိုင်းမှ စခဲ့တာ၊ ဒါပေမယ့် အစီအမံတွေ ကောင်းခဲ့လို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အသွင်ကူးပြောင်းနိုင်ခဲ့တယ်။ ဒီမိုကရေစီလိုပဲ အသွင်ကူးပြောင်းရေးကိုလည်း အန်တီတို့နဲ့ အသင့်တော်ဆုံး ပုံစံကို ရှာယူကြရမှာပါ။ ဒါပေါ့၊ အသွင်ကူးပြောင်းခြင်းက စစ်မှန်ကြောင်းကို သေချာစေဖို့အတွက် အခြေခံကျတဲ့ မူတွေနဲ့ စနစ်တွေက ရှိနေရမှာပေါ့၊ နိုင်ငံတိုင်းမှာလည်း အတွေ့အကြုံကိုယ်စီ ရှိမှာပါလေ။ အန်တီကတော့ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နည်းလမ်းကိုရှာတွေ့ဖို့ အမြဲတောင့်တတယ်၊ ဘယ်လမ်းပဲရွေးရွေး၊ အကောင်းဆုံးလမ်း ဖြစ်နေရမယ်လို့ အန်တီထင်ပါတယ်။
人物周刊:这(民主转型)是你一直在思考的问题吗?
ဒါက (ဒီမိုကရေစီအသွင်ကူးပြောင်းရေးက) အန်တီအမြဲစဉ်းစားနေတဲ့ ကိစ္စပဲလား။
昂山素季:是,这是我生命的一部分。我们每天所做的事情,几乎所有事情,都与之相关。我们已经为此奋斗了23年了。
ဟုတ်တယ်၊ အဲဒါ အန်တီ့ဘဝရဲ့ အစိပ်အပိုင်းတစ်ခုပဲ။ အန်တီတို့ နိစ္စဓူဝလုပ်နေတဲ့ အလုပ်တွေအားလုံးနီးပါးဟာ အဲဒါနဲ့ ပတ်သက်နေတယ်။ အန်တီတို့ ဒိအတွက် ၂၃ နှစ်ကြီးများတောင် ကြိုးစားရုန်းကန်ခဲ့ပြီးပြီ။
人物周刊:我读过你纪念父亲的文选,你在其中一篇文章中写道,在革命运动中往往有一种危险,即政治上的急务往往模糊了革命的基本精神目标,甚至将它废弃。固守革命初衷的神圣性和首要性,不只是理想而已,这种坚持可使一场革命免于出现“动物农场综合症(Animal Farm syndrome)”。这其实是许多国家都面临的问题。
အန်တီ့ဖေဖေကို အမှတ်တရရေးထားတဲ့ လက်ရွေးစင်စာစုတွေကို ကျနော်ဖတ်ဖူးတယ်၊ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အန္တရာယ်တစ်ခု ရှိနေတတ်ကြောင်း အဲဒီထဲက ဆောင်းပါးတစ်ပုဒ်မှာ အန်တီရေးထားတယ်နော်။ အဲဒီအန္တရာယ်က ဘာလဲဆိုတော့ နိုင်ငံရေးအတွက် အရေးတကြီး လုပ်လိုက်ရတဲ့ ကိစ္စတွေဟာ နဂို တော်လှန်ရေးပန်းတိုင်ကို မှေးမှိန်သွားစေရုံတင်မကပဲ အဲဒီရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရတဲ့အထိတောင် ဖြစ်သွားနိုင်တယ် လို့ ဖတ်မိတယ်။ တော်လှန်ရေး ရည်မှန်းချက်ရဲ့ မြင့်မြတ်ခြင်းတွေ၊ အရေးကြီးခြင်းတွေကို စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ ဆိုတာထက် ဒီလိုစွဲကိုင်ထားတဲ့အတွက် Animal Farm syndrome လိုမျိုး (တိရစ္ဆာန်တွေက ခြံပိုင်ရှင်ကို တွန်းလှန်ပြီး တစင်ထောင်တဲ့ အဖြစ်အပျက်တွေ) ဖြစ်မလာအောင် ရှောင်လို့ရသေးတယ်ခင်ဗျ။ တကယ်တမ်းကျတော့ ဒီပြဿနာမျိုးက နိုင်ငံတော်တော်များများ ကြုံနေကြတာပဲနော်။
(TZA: Animal Farm syndrome က Animal Farm ဝတ္ထုထဲကနေ ပေါ်ထွက်လာတာပါ၊ အဲဒီထဲမှာ ဝက်လေးတွေနဲ့ တခြားတိရစ္ဆာန်တွေ ပူးပေါင်းပြီး ခြံပိုင်ရှင်ကို တော်လှန်ပြီးတော့ ခြံကို ဦးစီးတဲ့အကြောင်း ရေးထားပါတယ်၊ ကျနော့်စိတ်ထင် NLD နဲ့အပြိုင် NDF လို ပါတီမျိုး ပေါ်လာတာကို ပြောချင်တာ ဖြစ်မယ်ထင်တယ်၊ ကျနော်ထင်တာ မှားကောင်းမှားနိုင်ပါတယ်)
昂山素季:我想表达的意思是,你真的不能把手段与目的截然分开。为什么有些革命走到了非常非常错误的地步,原因在于革命者认为为了革命胜利可以不择手段。你不能那样做,不然革命的初衷就被扭曲了。如果你是为基本人权而斗争,你不能使用那些违反人权的方法。如果你那样做了,待你达成目标之时,它也变成非常不同的别的某些东西了,因为你一直在扭曲它,你把它最基本的品质给毁了。
အန်တီဆိုလိုချင်တာက ရည်မှန်းချက်နဲ့ လုပ်ပုံလုပ်နည်းကို သပ်သပ်စီခွဲပြောလို့မရဘူး။ တချို့တော်လှန်ရေးတွေ အမှားကြီးမှားနေတဲ့ လမ်းမှားပေါ် ဘာကြောင့်ရောက်သွားသလဲ၊ အကြောင်းကတော့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်နည်းလမ်းပဲ သုံးရသုံးရ ဆိုပြီး အဲဒီ တော်လှန်ရေးသမားတွေ ထင်နေလို့ပဲ။ မင်း ဒီလိုလုပ်လို့မရဘူး၊ ဒါဆိုရင် တော်လှန်ရေးရဲ့ ပင်ကိုယ် ရည်ရွယ်ချက်ကြီးက ပုံပြောင်းသွားပြီ။ မင်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဆိုရင် လူ့အခွင့်အရေးနဲ့ ဖီလာဆန့်ကျင်နေတဲ့ နည်းလမ်းတွေ မသုံးရဘူး။ မင်း အဲသလိုလုပ်လိုက်ရင် ပန်းတိုင်ရောက်သွားတဲ့အခါ နဂိုက လိုချင်တောင့်တခဲ့တဲ့ ပန်းတိုင်မဟုတ်တော့ပဲ လုံးဝမတူတော့တဲ့ တခြားအရာတခု ဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ရည်မှန်းချက်ကို မင်းက တောက်လျှောက် ပုံစံပြောင်းပစ်တာကိုး၊ သူ့ရဲ့ အခြေခံအကျဆုံး ဂုဏ်ဒြပ်တွေက မင်းလက်ချက်နဲ့ ပျက်စီးကုန်ပြီလေ။
人物周刊:你会一直提醒民盟成员这一点吗?
အန်တီ ဒီအချက်ကို ပါတီဝင်တွေကို မနားတမ်း သတိပေးနေမှာလားခင်ဗျာ။
昂山素季:是的。我总是告诉他们,你们必须意识到自己是在采用什么样的手段。举个例子,如果我们想教会某人自由思考的重要性,你不能因为他不会自由思考就揍他,你不能一边打他,一边说,快,用用你的脑子,独立思考!这样可教不会他独立思考,而只会把他吓住,让他感受到与自由截然相反的东西。
ဟုတ်တယ်။ ကိုယ်ဘယ်နည်းလမ်းသုံးနေတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိနေရမယ်လို့ အန်တီ အမြဲပြောတယ်။ တယောက်ယောက်ကို လွတ်လပ်စွာတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးပုံတွေကို သင်ပေးချင်တယ် ဆိုပါစို့၊ အဲဒီလူက လွတ်လွတ်လပ်လပ် မတွေးတတ် မခေါ်တတ်တာနဲ့ သူ့ကို ထ ဗြင်းလို့မရဘူးလေ။ တဖက်က ရိုက်ရင်း တဖက်က “ဦးနှောက်သုံးစမ်းကွာ၊ လွတ်လွတ်လပ်လပ်ကြီး တွေးစမ်းပါကွာ” ဆိုပြီး ကြိမ်းမောင်းနေလို့ မရဘူး၊ ဒီလိုနည်းနဲ့ လူတစ်ယောက်ကို လွတ်လပ်တဲ့ တွေးခေါ်မှုမျိုး မပေးနိုင်ဘူး၊ လန့်သွားအောင်ပဲ ခြောက်လို့ရမယ်၊ လွတ်လပ်ခြင်းနဲ့ လုံးလုံး ဆန့်ကျင်နေတာကိုပဲ သူခံစားရလိမ့်မယ်။
人物周刊:我听说,你不希望看到利比亚的一幕在缅甸上演。
ကျနော်ကြားဖူးတယ်၊ အန်တီက လစ်ဗျားလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူးဆို၊ ဟုတ်လား။
昂山素季:在任何情况下我都支持非暴力的斗争。我们之所以坚持非暴力之路,是因为从长远看来,非暴力斗争更好。也许它花的时间更长,但带来的伤痛也更少。利比亚的伤口将要花很长的时间才能愈合,表面上可能尘埃落定,但一定会有不满、愤恨和仇视在下面冒着泡沫,因为人们彼此仇杀,很多人死去了,这些(伤痛)不会马上就消失不见的。
ဘယ်အခြေအနေမျိုးမှာမဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကို အန်တီအားပေးတယ်။ အန်တီတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝ သွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်၊ ဒါပေမယ့် သူ့နဲ့အတူ တွဲပါလာမယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်။ လစ်ဗျားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အချိန်အများကြီးပေးပြီး ကုစားရမှာ၊ အပေါ်ယံကြည့်လိုက်ရင် အရာရာ အနည်ထိုင်သွားပြီဆိုပေမယ့် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ ရန်လိုမှုတွေက မမြင်ရတဲ့နေရာတွေမှာ ပလုံစီနေလိမ့်မယ်၊ အပြန်အလှန် သတ်ကြ ဖြတ်ကြပြီး လူတွေအများကြီး သေသွားကြပြီ၊ ဒါတွေ (နာကျင်မှုတွေ) က ချက်ချင်း ပျောက်သွားနိုင်တာမှ မဟုတ်ပဲ။
人物周刊:利比亚人可能不会同意你,他们会说,那是因为卡扎菲太残暴太顽固了。
လစ်ဗျားနိုင်ငံသားတွေကတော့ အန်တီ့အမြင်ကို သဘောတူချင်မှ တူမယ်ထင်တယ်ဗျ၊ ကဒါဖီကြီး ရက်စက်လွန်းလို့ အဲလိုဖြစ်ကုန်တာလို့ သူတို့ပြောမှာပေါ့။
昂山素季:我不是在说他们(暴力革命)的对与错,我是在讨论这样做的结果。不论暴力革命的原因是什么,结果都将是长期性、非常难以处理的。
သူတို့ (အကြမ်းဖက်တော်လှန်ရေး) မှားတယ် မှန်တယ်လို့ အန်တီ ပြောနေတာ မဟုတ်ဘူး၊ အဲဒီလမ်းစဉ်ရဲ့ ရလဒ်ကို ပြောနေတာပါ။ တော်လှန်ရေးအတွက် အကြမ်းဖက်ရခြင်းရဲ့ အကြောင်းရင်းက ဘာပဲဖြစ်နေနေ အကျိုးဆက်ကိုတော့ အချိန်အများကြီး အကုန်ခံပြီး ခက်ခက်ခဲခဲ ဖြေရှင်းရမှာပါ။
人物周刊:你曾说,经由知性的劝服(而非诉诸一时的激情),将这种信心灌输到长久被不信任及不确定所破坏的缅甸社会,实是缅甸民主革命的真正精神所在。
အယုံအကြည်ကင်းမဲ့မှုတွေ၊ မသေချာ မရေရာခြင်းတွေရဲ့ ဖျက်ဆီးခြင်းကို နှစ်ရှည်လများ ခံခဲ့ရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို အသိတရားနဲ့ယှဉ်ပြီး ဖျောင်းဖျယူတဲ့နည်းနဲ့ ဒီလိုယုံကြည်စိတ်တွေ သွင်းပေးတာက မြန်မာ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ တကယ့်အနှစ်သာရပဲလို့ အန်တီပြောဖူးတယ်နော်။
昂山素季:你可以通过一场天花乱坠的演讲来吸引听众,但将被迅速忘却。如果你经由知性真正地说服他们,让他们相信改变的需要,那么他们将会追随你终生。即便在那些高压的时刻,他们不敢公开出来表达,但他们仍会抱持这样的想法:一个更好的社会是应该能促进个人自由的社会。
လေတလုံး မိုးတလုံး ဟောပြောပွဲတွေနဲ့ ပရိသတ်ကို မင်း ဆွဲဆောင်နိုင်ပါတယ်၊ ဒါပေမယ့် ချက်ချင်းဆိုသလို မေ့သွားမှာပဲ။ အကယ်၍များ အပြောင်းအလဲရှိရမယ်ဆိုတာ ယုံကြည်နေဖို့ သူတို့ကို အသိတရားနဲ့ နားချနိုင်ရင်တော့ မင်းအနောက်ကနေ သူတို့တသက်လုံး လိုက်လာပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်နေတဲ့ ကာလတွေမှာ သူတို့ ထုတ်မပြောရဲကြပေမယ့် သူတို့စိတ်ထဲမှာတော့ ပိုကောင်းတဲ့ လူ့ဘောင်ဆိုတာ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အားပေးအားမြှောက် ပြုနိုင်ရမယ် လို့ပဲ ခံယူထားကြမှာပါ။
人物周刊:听起来很完美,但“知性”听起来好像与一场“革命”通常所具有的性质相悖啊。
ဒီလိုစကားမျိုး ကြားရတာ ပြီးပြည့်စုံနေသလိုပဲဗျာ၊ ဒါပေမယ့် သူတို့ကို အသိတရား ဝင်လာအောင် နားချတာနဲ့ တော်လှန်ရေးအတွက် လှုံ့ဆော်တာနဲ့က ဝိရောဓိဖြစ်နေသလားလို့။
昂山素季:革命意味着改变,意味着根本性的变革,所以我一直说,我们真的需要一场精神上的革命,如果一个缺乏信心的人因此得以发现自己,变得自信,那么一场精神上的革命就发生了。这是比表面上风云变幻要真实得多的改变。
တော်လှန်ရေးဆိုတာ ပြောင်းလဲခြင်းအနက်ကို ဆောင်နေတာပဲ၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကြီး တကယ့်ကို လိုအပ်နေတာ။ ယုံကြည်စိတ်ကင်းမဲ့ပြီး လမ်းစပျောက်နေတဲ့ လူတစ်ယောက်က ဒီလိုနည်းနဲ့ သူ့ကိုယ်သူ ပြန်ရှာတွေ့သွားပြီး ယုံကြည်စိတ်တွေ ပြန်ဝင်လာရင် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးက အစပျိုးသွားပြီ။ ဒါဟာ အပေါ်ယံက ကြီးကြီးမားမား ပြောင်းလဲမှုတွေထက် အများကြီး စစ်မှန်တဲ့ ပြောင်းလဲမှုပဲ။
人物周刊:那么你怎么看勒庞的《乌合之众》?
Gustave Le Bon ရဲ့ The Crowd; study of the popular mind ကို ဘယ်လိုမြင်ပါသလဲခင်ဗျ။
昂山素季:恐怕我没有读过,我读的都是他们(朋友和助手)给我的书。你得给我讲讲。
အန်တီမဖတ်ဖူးဘူး၊ အန်တီဖတ်တာတွေက သူတို့ (မိတ်ဆွေနဲ့ ကူဖော်လောင်ဖက်တွေ) ပေးတဲ့ စာအုပ်တွေပဲ။ တဆိတ်လောက် ပြောပြပါဦး။
人物周刊:比如,在勒庞看来,大众是盲从的、易操控的。
ဥပမာအားဖြင့် Le Bon က လူထုဆိုတာ မျက်ကန်းနောက်လိုက်တွေ၊ အလွယ်လေး ထိန်းချုပ်လို့ရတယ်လို့ မြင်တယ်လေ။
昂山素季:哦,集群心理(crowd mentality)。是的,我想一个人置身于呐喊的人群之中,是会被群体情绪感染并裹挟的,但当人们回到各自家中,他们也许会有不同的感觉。而且集群心理常被用于邪恶的目的,所以不应鼓励。但是,人民团结起来,为同样的目标许诺努力,和那种集群心理还是不同的,后者被激发出来的是人性中不假思索的一面。
ဩော်၊ crowd mentality လား။ အင်း ဟုတ်တယ်၊ ဟစ်အော်ပေါက်ကွဲနေတဲ့ လူအုပ်ကြီးထဲ ရောက်နေရင် စိတ်ခံစားမှုတွေ ကူးစက်ပြီး တွန်းအားပေးခံရမှာပဲ၊ ဒါပေမယ့် ကိုယ်စီကိုယ်ငှ အိမ်ပြန်ရောက်ကြတဲ့အခါ ခံစားမှုတွေ တူချင်မှတူတော့မယ်။ ပြီးတော့ crowd mentality ကို အများအားဖြင့် မကောင်းမှုတွေလုပ်ဖို့ အသုံးချကြတယ်၊ ဒါကြောင့် အားမပေးသင့်ဘူး။ သို့သော် ပြည်သူတွေ စည်းလုံးလာပြီး တူညီတဲ့ ရည်မှန်းချက်တစ်ခုတည်းအတွက် ကြိုးစားကြမယ်ဆိုရင် အဲဒါ crowd mentality နဲ့ မတူတော့ဘူး၊ အဲဒါကနေ လှုံ့ဆော်ပေးလိုက်တာက လူ့ပင်ကိုယ်စရိုက်ရဲ့ ဒေါက်ခနဲ ဒက်ခနဲပေါ်လာတဲ့ အသိစိတ်တမျိုးပဲ။
--
ဆက်ရန်ရှိသည်။ အပြည့်အစုံကို တရုတ်ဘာသာဖြင့် ဖတ်ရှုလိုသူများ ဤသို့ သွားပါ။
တခြားနေရာသို့ ကူးတင်လိုလျှင် ထွက်ရပ်ကိုပါ ဖော်ပြပေးပါ၊ ကျေးဇူးတင်ပါသည်။
Thanks
ReplyDeleteကောင်းလိုက်တာဗျာ၊အနှစ်သာရရှိတဲ.အတွေးအခေါ်တွေပဲ။မေးတဲ.သူကလည်းတော်တော်ပြင်ဆင်ပြီးမှလာပုံရတယ်။
ReplyDeleteမြန်မာဂျာနယ်လစ်စ်တွေလေ.လာသင်.တယ်။ခုထိတော.ဘယ်သူမှဘာသာပြန်ပြီးစာရွက်ပေါ်မတင်သေးဘူး၊
ကျွန်တော်မတွေ.တာလည်းဖြစ်နိုင်ပါတယ်။ဘာသာပြန်ပြီးဖတ်စေချင်တဲ.စေတနာနဲ.ပြန်မျှဝေတဲ.ကိုတီဇက်အေ၊
ကျေးဇူးပါ။
ကိုဖြိုး
ဟုတ်တယ်နော်၊ မေးတဲ့သူက စေ့စေ့ပေါက်ပေါက်ကို မေးနေတော့တာ.. အမေစုကလည်း ခေသူလုံးလုံးမဟုတ်ဘူး.. ဖြေထည့်လိုက်တာပဲ၊ ဝန်ကြီးတစ်ပါးပါးကို ဒီလိုမေးခွန်းလေးတွေ မေးကြည့်ဖြေကြည့်စေချင်လိုက်ထှာ..
Deleteအမှန်ပဲဗျ။ကျွန်တော်တို.ဆီမှာတစ်ကယ်သိပြီးprofessional ဆန်ဆန်ပြောနိုင်ထောက်နိုင်တဲ.သူတွေရှားနေသေးတယ်။
Deleteအမေစုတစ်ယောက်ဦးဆောင်နေပေမယ်.နောက်မှာအလိုက်တသိနဲ.ဟာမိုနီဖြစ်အောင်ပံ.ပိုးပေးနိုင်မယ်.သူတွေလိုနေသေးတယ်။
ကိုတီဇက်အေရေးထားတာလေးတွေကောင်းပါတယ်၊တိုင်းပြည်ရဲ.လိုအပ်နေတဲ.ကွက်လပ်လေးတွေကိုအပြင်ကမြင်တဲ.သူတစ်ယောက်
အနေနဲ.၊ကိုယ်ကျွမ်းကျင်နားလည်တဲ.အပိုင်းတွေကိုလည်းဆောင်းပါပုံစံလေးတွေရေးပါလို.အကြံပြုချင်တယ်ဗျာ။ဒါလည်းပါတီပြင်ပ
နိုင်ငံရေးပဲ။ခုလက်ရှိအစိုးရရဲ.အပြောင်းအလဲဆိုတာ (အသံတွေနဲ.ပဲပြောင်းနေတာကို)ကိုသိပ်ဘ၀င်မကျဘူးမလား။
ဘာတွေအရေးတကြီးပြောင်းဖို.အရင်ဆုံးလိုအပ်တယ်ဆိုတာကိုတီဇက်အေအမြင်နဲ.ရှု.ထောင်.ကနေရေးထားတာလေးမြင်ချင်တယ်
ဗျာ။ အဆင်ပြေရင်ကြိုးစားကြည်.ပါလို.တောင်းဆိုပါရစေ။ဇရှိတဲ.သူမို.တောင်းဆိုတာပါ။
ခင်မင်စွာဖြင်.
ကိုဖြိုး
ကျေးဇူးပါကိုဖြိုး.. ကျနော်ကိုယ်တိုင်က အချိန်သိပ်မရှိတော့ ဒါတွေနဲ့ပတ်သက်ပြီး ဘာမှသိပ်မတွေးမိသေးပါဘူး၊ မှန်ကန်တဲ့ အတွေးအခေါ်ကောင်းကောင်းရှိမှ တခုခုရေးတာကောင်းပါတယ်ဗျာ၊ ဘဝင်မကျတာတွေကိုတော့ ရေးချင်ပါတယ်၊ ဒါပေမယ့် ဒီလိုပဲ ဟိုဟာစဉ်းစား ဒီဟာစဉ်းစားပြီး စိတ်လျှော့လိုက်ရတာများပါတယ်။
DeleteActually mine is not a reply- just a request to those who knows how to share: Pls share all these articles
Delete(both the original in Chines & the translation in Myanmar) to all the cronies and to all SPDC members or
SPDC sympathizers alike so that they may realize and understand DASSK's instinct & her knowledge.
Thanks to Ko TZA. Your translation is really great.
merlotmg
Thanks to Ko tza
ReplyDeleteThank you ko TZA
ReplyDeleteကိုT ..ကျေးဇူးကြီးလှပါပေတယ်။ မေးတဲ့လူကလည်း အရမ်းတော်တယ်။ ကျနော်တို့ အမေ ပြန်ဖြေထားတာကလည်း ရှင်းလင်းပြတ်သားနေတာပဲ။
ReplyDeleteKoTZA, without your translation, how can we get to know this conversation. ကျေးဇူးအထူး ပါဗျား။
လာဖတ်တဲ့အတွက် ကျနော်လည်းဝမ်းသာပါတယ်ဗျာ။
DeleteLet me share bro...tks
ReplyDeleteရှယ်ပါဗျာ၊ ဖတ်သူများလေကောင်းလေပါပဲ။
Deleteတစရုတ်ဆိုရင် သိမ်းကြုံးမုန်းတဲ့သူတွေ TZA ( သဉ္စာအေး) လို လူမိုးမြန်မာပြည်အတွက် တစ်ထောင့်တစ်နေရာ မလိုဘူးလို့ ဘယ်သူပြောမလဲ ပြော ---ခုပြော
ReplyDeleteဟမ်.. ပြီးအောင်ပြန်ပါရစေအုံးဂျာ :p
Deleteတစရုတ်ဆိုရင် သိမ်းကြုံးမုန်းတဲ့သူတွေ TZA ( သဉ္စာအေး) လို လူမိုးမြန်မာပြည်အတွက် တစ်ထောင့်တစ်နေရာ မလိုဘူးလို့ ဘယ်သူပြောမလဲ ပြော ---ခုပြော
ReplyDeleteအင်း..အေးအတူပူအမျှ ဟိုးအရင်ကတည်းက အတူတူနေလာတဲ့ မြန်မာပြည်ဖွား တရုတ်တွေကို မမုန်းဖူးပါဘူး။ မယုံ၇င် လိုက်မေးကြည့်ပါလား။ မုန်းတယ်ဆိုတဲ့ လူတွေက တသိန်းမှာတယောက် တသန်းမှာတယောက်ပဲ နေမှာပါ။ တရုတ်လူမျိုးတွေ the whole world မှာပြန့်ပီးနေထိုင်နေကြတာပဲ။ ဒါပေမဲ့ ကိုယ့်မြန်မာပြည်မှာ အတူတူနေလာတဲ့ တရုတ်ကိုပဲ ပိုအကောင်းမြင်မိတာပဲလေး။ ဟုတ်ဘူးလား။ မြန်မာပြည် အပြင်ဖက်ရောက်လာတော့ ပိုပြီးသိသာ လာတာပါပဲ။ လူမျိုးဆိုတာထက် ကိုယ်ဘယ်နိုင်ငံသားလဲ ဆိုတာက ပိုအရေးပါနေလို့လေ။ အတူတူ မျက်နှာငယ်ကြရ ပုံများလည်းပြောချင်ပေါင်။ ဟီး။
Deleteအတူတူမျက်နှာငယ်ကြရပုံ ဆိုတာဖတ်မိတော့ ရီချင်သွားတယ်.. ဟားဟား.. မှန်လိုက်လေဗျာ..
Deleteအန်တီစု ဖြေသွားတာတွေ အားလုံးကောင်းတယ်ဗျ...နောက်ပြီးတော့ရိုးရိုးသားသားဖြေသွားတာကိုမြင်ရတယ်...ပွင့်လင်းတယ်...စ
ReplyDeleteအဲဒီသတင်းထောက်လည်းတော်တော်ပြင်ဆင်လာပုံရတယ်..မေးလည်းတော်တော်မေးရဲတယ်ဗျ..အန်တီကိုရှိန်မနေဘူး....ကျွန်တော့်အမြင်အနေနဲ့ပြောရရင် ဗမာပြည်မှာ ဒီလိုအင်တာဗျူးဖြေနိုင်တဲ့သူသိပ်မရှားပါဘူး...အကြောင်းအမျိုးမျိုးကြောင့် ငဲ့ ပြီးဖြေရ နေလို့ပဲထင်ပါတယ်....ကျွန်တော့်အမြင်နည်းနည်းတိမ်နေတယ်ထင်ယင် ခွင့်လွတ်ပါ..
ဘာသာပြန်ပေးသော ကိုတီဇက်အေ အားကျေးဇူးတင်ပါတယ်...နောက်ဆက်တွဲကို မျှော်နေပါတယ်...အားလုံးကျန်းမာကြပါစေ....
စိုင်းစိုင်း(ခေမရဉ်)
ဘဝင်ရူးနဲ့တူတယ် ဒီကောင်။
Deleteစာများများဖတ်..ရှမ်းသိက္ခာကျအောင် လျှောက်လျှောက်အော် မနေနဲ့။
ဒီလိုအင်တာဗျူးဖြေနိုင်တဲ့သူသိပ်မရှားပါဘူး????? ဟုတ်လား???? စကြာဝတေးမင်း အိုဘားမားကတောင် ထိုင်ရှိခိုးရတဲ့ အမျိုးသမီးကို ရှမ်းငတုံးတကောင်က ရာရာစစ...
Deleteဘဝင်ရူးနဲ့တူပါတယ် ဒီကောင်။
စာများများဖတ်..ရှမ်းသိက္ခာကျအောင် လျှောက်လျှောက်အော် မနေနဲ့။
လူမျိုးရေးနှိပ်ကွပ်တဲ့အပြောအဆိုမျိုး ရှောင်နိုင်ရင်ကောင်းမယ်ဗျာ (ဥပမာ ရှမ်းငတုံးဆိုတဲ့ အသုံးအနှုံး)။ အန်တီ့ကို လေးစားတာက တပိုင်းပေါ့၊ သူ့ကြောင့် ပြည်သူတွေ ဒီလိုအချင်းများနေတာကိုတော့ သူကိုယ်တိုင်လည်း ကြိုက်မယ်မထင်ဘူး။
Deleteစိုင်းစိုင်း(ခေမရဉ်)
ReplyDeleteQuote for "ကျွန်တော့်အမြင်အနေနဲ့ပြောရရင် ဗမာပြည်မှာ ဒီလိုအင်တာဗျူးဖြေနိုင်တဲ့သူသိပ်မရှားပါဘူး...အကြောင်းအမျိုးမျိုးကြောင့် ငဲ့ ပြီးဖြေရ နေလို့ပဲထင်ပါတယ်"
I am a Shan too. အမေစုကို မှီတဲ့သူ ဗမာလူမျိုး ထဲမှာလည်းမရှိဘူး။ ရှမ်းထဲမှာလည်းမရှိဘူး။ ကချင် ကယား ကရင် ချင်း မွန် ရခိုင် မြန်မာကုလား မြန်မာတရုတ် ထဲမှာလည်းမရှိဘူးလေ။ သေချာတွေးကြည့်ပါအုံး။ ကမ္ဘာမှာတောင် မရှိလောက်ဘူးနော်။ ကျနော်တို့ ရှမ်းဆိုတာ ရေတွင်းထဲက ဖားသူငယ် အဖြစ်နဲ့ လူတွေမြင်သွားအုံးမယ်။ စာများများဖတ်..ရှမ်းသိက္ခာကျအောင် လျှောက်လျှောက်အော် မနေနဲ့။ ကျနော်က ပုဂ္ဂိုလ်စွဲနဲ့ ဗမာအမျိုးသ္မီးတယောက်ကို ထိလို့ နာနေတယ်တော့မထင်နဲ့။ လေးစားစရာကောင်းလို့ကိုး လေးစားနေတာ။ တခြား ဗမာတယောက်ကတော့ ခင်ဗျားကိုဘာမှ လာပြောနေမှာမဟုတ်ဘူး။ အားနာလို့လေ။ ရှမ်းရှမ်းချင်းဆိုတော့ ကျနော်ကတော့ ပြောတယ်ဗျား ခင်ဗျားကို။
"အမေစုကို မှီတဲ့သူ ဗမာလူမျိုး ထဲမှာလည်းမရှိဘူး။ ရှမ်းထဲမှာလည်းမရှိဘူး။ ကချင် ကယား ကရင် ချင်း မွန် ရခိုင် မြန်မာကုလား မြန်မာတရုတ် ထဲမှာလည်းမရှိဘူးလေ။ သေချာတွေးကြည့်ပါအုံး။"
Deleteဒီစကားကို တဝက်ပဲလက်ခံပါတယ်၊ အမေစုက အင်မတန်တော်တဲ့ အမျိုးသမီးဆိုတာ ငြင်းလို့မရဘူး၊ ဒါပေမယ့် သူ့ထက်ဘယ်သူမှ မတော်နိုင်တော့ဘူးလို့ ထင်ထားရင်တော့ ဒုက္ခရောက်မယ်ဗျ၊ သူ့လောက်တော်တဲ့သူ၊ သူ့ထက်တော်တဲ့သူတွေ မြန်မာပြည်မှာ အများကြီးပေါ်လာမှ ကျနော်တို့မျှော်လင့်ချက်ရှိမှာ။ အမေစုက ၇၀ နားနီးနေပြီ၊ တိုင်းပြည်အတွက် သူဘယ်လောက်ထိ ပေးဆပ်နိုင်ဦးမလဲ (ဇရာထောက်နေတဲ့ အမေအိုတစ်ယောက်ကို ကျနော်တို့ ဘယ်လောက်ထိ မျှော်ကိုးချင်သေးသလဲ)။ ဒါကိုစဉ်းစားသင့်တယ်။
"ကျွန်တော့်အမြင်အနေနဲ့ပြောရရင် ဗမာပြည်မှာ ဒီလိုအင်တာဗျူးဖြေနိုင်တဲ့သူသိပ်မရှားပါဘူး...အကြောင်းအမျိုးမျိုးကြောင့် ငဲ့ ပြီးဖြေရ နေလို့ပဲထင်ပါတယ်"
စိုင်းစိုင်း(ခေမရဌ်) ပြောသွားတဲ့ အပေါ်ကဟာကိုလည်း တဝက်ပဲလက်ခံတယ်၊ အခုလောလောဆယ်မှာတော့ ဒီလိုဖြေနိုင်တဲ့သူ မများဘူးလို့ထင်ပါတယ်၊ မြန်မာပြည်ရဲ့ ပြဿနာက ပြောနိုင်ဆိုနိုင်တဲ့သူတွေက မပြောရဲမဆိုရဲကြပဲ၊ ပြောရဲဆိုရဲသူတွေကျတော့ မပြောနိုင် မဆိုနိုင်ကြပြန်ဘူး။ အမေစုက ပြောရဲဆိုရဲပြီး ပြောနိုင်ဆိုနိုင်တဲ့သူဆိုတော့ အများစုရဲ့လေးစားမှုကိုခံရတာ မဆန်းဘူးပေါ့။ ငဲ့ပြီးဖြေနေတဲ့သူတွေကိုတော့ သမိုင်းက မေ့သွားမှာပါပဲ။
I have the same opinion with you (Sai Sai). Everyone should learn Daw Aung San Suu Kyi's interviews and speeches, especially those who will be future leaders.
Delete