
တရုတ်သတင်းဌာနက လာမေးတဲ့အခါ သူတို့နိုင်ငံကလူတွေ ဖတ်ဖို့က အဓိကဆိုတော့ အနောက်နိုင်ငံကမီဒီယာတွေ မေးမယ်မထင်ရတဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးတွေ မေးနေတာ တွေ့ရမှာပါ။ ဒါကြောင့် ဒီအင်တာဗျူးက ပိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဒီမိုကရေစီကို လက်ခံတဲ့ တရုတ်တွေရဲ့ လက်ခုပ်သံတွေ ကြားရသလို လက်ဝဲဖက် အထူးစပယ်ရှယ်ယိမ်းတဲ့ အစွန်းရောက်ကွန်မြူနစ်တွေ ဝိုင်းဆဲတာလည်း ခံရတယ်၊ ဆဲတဲ့ကောင်တချို့က တော်တော့်ကို အဆင့်မရှိတာ၊ ဒီသတင်းဌာနတင်မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကိုပါ သိမ်းကြုံးဆဲကြတာမျိုးဗျ၊ ဒါပေမယ့် တရုတ်ပြည်မှာ ငွေယူပြီး နိုင်ငံရေး ကော်မန့်တွေ ရေးစားတဲ့ အလုပ်မျိုး မရှိဘူးလို့ မပြောနိုင်တဲ့အတွက် (၉၉.၉၉% ရှိမှာသေချာတယ်) အဲသလို လူတွေက ဝမ်းရေးအတွက် ပိုက်ဆံယူပြီး ကဖျက်ကယက်ရေးနေတာလို့ပဲ ဖြေတွေးလိုက်ရတယ်၊ နို့မို့ဆို ကိုယ်လည်း အဲဒီထဲဝင်ပြီး အပြန်အလှန် ဆဲကြဖို့ပဲ ရှိတော့တယ်။ ဥပမာ မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို အာရှမှာ အလှဆုံးအမျိုးသမီး လို့ တင်စားတာကို “ဒီအဘွားကြီးကိုများ လှတယ်လို့ကွာ” ဆိုပြီး ဝေဖန်လို ဝေဖန်တယ်ဗျာ၊ အဲသလို ကလေးဆန်ပြီး ပေါကြောင်ကြောင်နိုင်တဲ့ အပေါစားဝေဖန်ချက်တွေနဲ့ ဟိုးအရင် မြန်မာဝက်ဘ်ဆိုက်တွေမှာ စစ်အုပ်စုရဲ့ နောက်လိုက်ကပ်ဖားတွေ ရေးလေ့ရှိတဲ့ ကော်မန့်မျိုးတွေကို ခုထိ တရုတ်ကြီးတွေ ရေးနေတာဖတ်နေရတုန်း၊ အဲဒါတွေဖတ်မိတော့ အရင်လို အရူးချီးပန်းတွေ သိပ်မရှိတော့တဲ့ မြန်မာဆိုက်ဘာလောကအတွက် မဆီမဆိုင် နှစ်သိမ့်အားရဖြစ်မိသေးတယ်၊ အဟဲ။
အားလုံး ၆ ပိုဒ်ရှိတာ အခု ၅ ပိုဒ်မြောက် ပြီးသွားပါပြီ၊ နောက်ဆုံးတစ်ပိုဒ်ပဲ ကျန်ပါတယ်၊ အားတင်းထားကြပါ :D
--
人物周刊:你说过你相信“参与式佛教(engaged Buddhism)”,想知道你对它的定义。
SPW: Engaged Buddhism (လူမှုရေးလုပ်ငန်းတွေမှာ) ပါဝင်ဆောင်ရွက်တဲ့ ဗုဒ္ဓဓမ္မကို ယုံတယ်လို့ အန်တီပြောဖူးတယ်နော်၊ အဲဒါနဲ့ပတ်သက်တဲ့ အန်တီ့ သတ်မှတ်ချက်ကို သိချင်ပါတယ်။
昂山素季:我说的参与式佛教,指的是佛教徒不应该切断自己和外部世界的关系,把所有的事情都看作“业”(karma)而统统接受,因为说到底,“业”其实意味着有所为。在我看来,佛教意味着你无法逃离你自己所做之事带来的后果,你必须对你自己的作为有所担当,这里面有一种责任意识,不是吗?这是好事,应该进入你的日常生活。因为佛教还教人慈爱(loving kindness)与慈悲(compassion),你得把它付诸实践,不能只是空想着“啊,我爱世人”,这不够。
DASSK: အန်တီပြောတဲ့ လူမှုရေးဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အပြင်လောကနဲ့ အဆက်ဖြတ်ထားပြီး အရာရာတိုင်းကို ကံ အကျိုးပေးတာပဲ ဆိုပြီး ဖြစ်လာသမျှကို လက်သင့်မခံသင့်ဘူး၊ အရင်းကိုစစ်လိုက်ရင် ကံ ဆိုတာလည်း အကြောင်းတရားကြောင့် ဖြစ်လာတာပဲလေ။ ဗုဒ္ဓဘာသာရဲ့ သဘောက မင်းလုပ်လိုက်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မင်းရှောင်တိမ်းလို့ မရဘူးဆိုတာပဲ၊ မင်းလုပ်ရပ်တွေကို မင်းတာဝန်ယူနိုင်ရမယ်၊ ဒီမှာ တာဝန်ယူတတ်ခြင်း ဆိုတဲ့ အသိစိတ်မျိုး ပါနေပြီလေ၊ မဟုတ်ဘူးလား။ အဲဒါကောင်းတယ်၊ မင်းရဲ့ နိစ္စဓူဝ နေ့စဉ်ဘဝထဲကို မင်းပါဝင်နေရမယ်။ မေတ္တာပါရမီ loving kindness နဲ့ စာနာရိုင်းပင်းစိတ် compassion တွေကိုလည်း ဗုဒ္ဓဘာသာက သင်ပေးသေးတော့ ဒါတွေကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ဖို့လိုတယ်၊ စိတ်ထဲမှာပဲ “ဩော်၊ လူသားတွေကို ငါမေတ္တာထားတယ်” ဆိုတာလောက်နဲ့ မလုံလောက်ဘူး။
人物周刊:不过你父亲就明确表示过反对僧人参与政治。
SPW: ဒါပေမယ့် အန်တီ့ဖေဖေကျတော့ ရဟန်းသံဃာတွေ နိုင်ငံရေးနဲ့ပတ်သက်တာကို အတိအလင်း ဆန့်ကျင်တယ်လေ။
昂山素季:是的,他曾经说过,僧人能够为国家做的最大的政治,就是将佛法、将慈爱撒播四方。不过我认为他会同意我的看法,因为那也是参与的一种。参与可以有各种不同的层次。我觉得,如果你真的相信任何宗教的教义,反而不可能完全脱离政治生活。因为教义显然会影响你思考问题的方式。当然了,你不能把宗教当作你个人政治游戏的工具。
DASSK: ဟုတ်တယ်၊ ရဟန်းသံဃာတွေ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့ နိုင်ငံရေးကတော့ ဗုဒ္ဓသာသနာနဲ့ မေတ္တာတရားတွေ ပျံ့ပွားအောင် လုပ်ပေးတာပဲလို့ သူပြောခဲ့တယ်။ ဒါပေမယ့် အန်တီ့အမြင်ကို သူလက်ခံမယ်လို့ ထင်ပါတယ်၊ အဲဒါလည်း ပါဝင်ခြင်းတမျိုးပဲလေ။ ပါဝင်တယ်ဆိုတာ အတိုင်းအတာ အမျိုးမျိုး ရှိနိုင်တာပဲ။ အန်တီထင်တယ်၊ ဘယ်ဘာသာမဆို အဲဒီဘာသာကို မင်းတကယ်ပဲ သက်ဝင်ယုံကြည်ရင် နိုင်ငံရေးနဲ့ လုံးဝ ဖယ်ခွာပြီးနေလို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေး အတွေးအခေါ် အယူအဆ doctrine တွေက မင်းရဲ့ စဉ်းစားတွေးတောပုံကို သက်ရောက်မှုရှိနေမှာပဲ။ အင်းပေါ့၊ ဘာသာရေးကို နိုင်ငံရေးကစားကွက်ထဲ သွားပြီး အသုံးမချမိဖို့တော့ လိုတာပေါ့။
人物周刊:那些经常批评政府的人有时会被扣上不爱国的帽子,你是怎么回应这种指责的?
SPW: အစိုးရကို အမြဲဝေဖန်တဲ့သူတွေကို နိုင်ငံမချစ်ဘူးလို့ ပြောတတ်ကြတယ်၊ ဒါကို ဘယ်လိုတုံ့ပြန်သလဲခင်ဗျ။
昂山素季:这种事情我们在缅甸经常见到。军政府时期,军政府总是宣称他们是爱国者,他们才是真正爱护这个国家的人,好像别人都不能爱国似的。我父亲在担任缅甸军队最高统帅时曾对士兵发表过一个演讲,他当时说:不要以为只有你们才是热爱这个国家的人,那些普通老百姓也热爱着它。他对此说得非常清楚。我觉得每个人都有以自己的方式爱国的权利,你爱国,不代表你非得扛枪上战场去保卫祖国,我们维护人民的自由,也是在保卫国家的价值,也是在表达对祖国的热爱。
DASSK: မြန်မာနိုင်ငံမှာ ဒါမျိုးကိစ္စတွေ အမြဲလိုလိုမြင်ရတယ်။ စစ်အစိုးရလက်ထက်တုန်းက သူတို့ကိုသူတို့ နိုင်ငံချစ်တွေပါ ဆိုပြီး ကြေညာမောင်းခတ်ကြတယ်၊ သူတို့တတွေပဲ ဒီနိုင်ငံကို တကယ်ချစ်ကြတဲ့သူတွေ၊ ဒိပြင်လူတွေမှာ ချစ်ခွင့်မရှိတဲ့အတိုင်းပဲ။ မင်းတို့ချည်းပဲ ဒီနိုင်ငံကို ချစ်တယ်မထင်ပါနဲ့၊ သာမန်ပြည်သူတွေလည်း နိုင်ငံ့ကို ချစ်နေကြတာပဲ ဆိုပြီး အန်တီ့ဖခင် ဗမာ့တပ်မတော်ရဲ့ သေနာပတိ ဖြစ်ခဲ့တုန်းက တပ်သားတွေကို မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ဖူးတယ်။ ဒါနဲ့ပတ်သက်လို့ သူပြောတာ အရမ်းရှင်းတယ်။ လူတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံကို ချစ်နိုင်စွမ်းရှိကြတာပဲ၊ နိုင်ငံ့ကိုချစ်တာနဲ့ မင်းသေနတ်ကြီးထမ်းပြီး ရှေ့တန်းထွက်ရမယ် မဟုတ်ပါဘူး၊ အန်တီတို့ ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ကာကွယ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ အဆင့်အတန်းကို ကာကွယ်ရာ ရောက်နေတာပဲ၊ နိုင်ငံ့ကို ချစ်ကြောင်း ပြနေတာပဲလေ။
人物周刊:你怎么理解爱国主义?
SPW: နိုင်ငံချစ်စိတ်ကို ဘယ်လိုနားလည်ပါသလဲ။
昂山素季:当然,从字面上它指的是一个人对祖国奉献的爱。不过我认为这种爱应该是正确的爱,不应该是那种与仇恨相连的爱。对于那种让你恨别人的爱国主义,我是不相信的。恨就是恨。爱国主义意味着你希望为你的国家和人民带来最好的东西,你希望人们独立,希望他们有安全感,希望他们生活富足,希望他们诚实守信,希望他们拥有美好的价值,总之你希望为国家带来最好的一切。我想那就是爱国主义。
DASSK: အပေါ်ယံအဓိပ္ပါယ်ကတော့ လူတစ်ယောက် သူ့နိုင်ငံအပေါ်ပေးဆပ်တဲ့ အချစ်စိတ်ပေါ့၊ ဒါပေမယ့် အဲသလို ချစ်တဲ့စိတ်က မှန်ကန်ရမယ်လို့ အန်တီထင်တယ်။ သူတပါးကိုမုန်းရမယ့် နိုင်ငံချစ်စိတ်မျိုးကိုတော့ အန်တီ အယုံအကြည်မရှိပါဘူး။ မုန်းတယ်ဆိုတာ မုန်းတာပဲ။ နိုင်ငံချစ်စိတ်ဆိုတာ မင်းရဲ့တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးတွေ ဆောင်ကြဉ်းပေးနိုင်မယ်၊ လူတွေလွတ်လပ်လာမယ်၊ စိတ်လုံခြုံမှုတွေ ရှိလာမယ်၊ ရိုးသားဖြောင့်မတ်လာမယ်၊ ကောင်းမွန်တဲ့ တန်ဘိုးတွေရှိလာမယ်လို့ မျှော်လင့်တဲ့စိတ်ကို ဖော်ညွှန်းတာပဲ၊ ကုန်ကုန်ပြောရရင် တိုင်းပြည်အတွက် အကောင်းဆုံးတွေပဲ ရှိစေချင်တဲ့ မင်းရဲ့စိတ်ပါပဲ။ အဲဒါ နိုင်ငံချစ်စိတ်ပဲလို့ အန်တီထင်တယ်။
人物周刊:有没有什么误解是你无法忍受的?
SPW: နားလည်မှုလွဲတဲ့အထဲမှာ ဘယ်ဟာမျိုးကို အန်တီလက်မခံနိုင်ဆုံးလဲ။
昂山素季:没有。你既然是政治中人,必然会有人说三道四,你得去学着适应。我把这件事看得非常简单,如果批评得毫无道理,我根本不去理会,如果批评在理,我就必须尝试改进自己。就那么简单。
DASSK: မရှိဘူး။ နိုင်ငံရေးလောကထဲကလူတစ်ယောက် ဖြစ်နေမှတော့ တောင်ပြောမြောက်ပြော ပြောတဲ့သူတွေ ရှိနေမှာပဲ၊ ကျင့်သားရအောင် မင်းနေတတ်ရမယ်။ ဒီကိစ္စကို အန်တီရိုးရိုးလေးပဲမြင်တယ်၊ အခြေအမြစ်မရှိပဲ ဝေဖန်ပုတ်ခတ်တာ အန်တီ ဂရုကိုမစိုက်ဘူး၊ ကျိုးကြောင်းဆီလျော်စွာနဲ့ ဝေဖန်ရင်တော့ ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ်။ လွယ်လွယ်လေးပဲ။
人物周刊:有人说,反对派也必须体谅政府的难处,你认为呢?
SPW: တချို့တွေကပြောတယ်၊ အတိုက်အခံဖက်ကလည်း အစိုးရရဲ့ အခက်အခဲတွေကို နားလည်ပေးရမယ် တဲ့၊ အန်တီဘယ်လိုထင်လဲ။
昂山素季:我认为人们必须有开放的胸怀。我想,你应该清楚政府可能面临的困难,这不等于说你同意他们处理这些困难的方式,比如,军政府处理他们困境的办法,就是把异议人士投入监狱。好吧,我们理解他们,他们认为异议人士难以对付,但解决方法不应该是把他们关起来,而是和他们对话,看看我们能做些什么,不是吗?所以,没错,我们应该知道他们的难处,但不一定赞成他们解决问题的方式。
DASSK: လူတွေသဘောထားကြီးရမယ်ဆိုတာ အန်တီနားလည်ထားတယ်။ အစိုးရမှာ အခက်အခဲတွေ ရင်ဆိုင်နေရပြီဆိုတာ မင်းသိကောင်းသိမယ်၊ သို့သော် ဒါဟာ သူတို့ပြဿနာဖြေရှင်းတဲ့ပုံစံကို သဘောတူတယ် ဆိုတာနဲ့တော့ ညီမျှခြင်းချလို့မရဘူး၊ စစ်အစိုးရ အကြပ်အတည်းဖြေရှင်းပုံက အမြင်မတူတဲ့လူတွေကို ဖမ်းပြီးအကျဉ်းချတယ်လေ၊ ဒါက ဥပမာတစ်ခုပေါ့။ ကောင်းပြီ၊ သူတို့ကို နားလည်ပေးမယ်ထား၊ ဆန့်ကျင်တဲ့အင်အားစုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ခက်တယ်လို့ သူတို့ထင်တယ်၊ ဒါပေမယ့် ဖြေရှင်းပုံက ဖမ်းပြီးပိတ်ထားတာ မဖြစ်သင့်ဘူး၊ တွေ့ဆုံညှိနှိုင်းပြီး ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အဖြေရှာရမှပေါ့၊ မဟုတ်ဘူးလား။ အဲဒါကြောင့်၊ အင်း၊ သူတို့ရဲ့ အကြပ်အတည်းတွေကို သိပေမယ့် သူတို့ဖြေရှင်းပုံကို သဘောတူချင်မှ တူနိုင်လိမ့်မယ်။
人物周刊:几个月前我在开罗采访,一位出版人,也是一位异议人士,提到革命之后的一个现象:一些反对派在穆巴拉克垮台后反而无所适从,他们反对他反对了将近三十年,结果回到日常政治也提不出新东西了……
SPW: လွန်ခဲ့တဲ့လတွေက ကိုင်ရိုမှာ ကျနော် အင်တာဗျူးတစ်ခု လုပ်ခဲ့သေးတယ်၊ အစိုးရဆန့်ကျင်တဲ့ ထုတ်ဝေသူတစ်ယောက်ကိုပါ၊ တော်လှန်ရေးနှောင်းပိုင်း အနေအထားတစ်ခုကို ပြောဖြစ်တယ်ဗျ၊ မူဘာရက်ကျဆုံးပြီးတဲ့နောက် အတိုက်အခံတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်လေ၊ သူ့ကိုဆန့်ကျင်ခဲ့တာ အနှစ်သုံးဆယ်တောင်မှဗျာ၊ နောက်ဆုံး ပုံမှန်နိုင်ငံရေးလမ်းပေါ် ပြန်ရောက်သွားတော့ (ဆန့်ကျင်သူတွေဆီက) အသစ်အဆန်းတွေ ထွက်မလာတော့ဘူး။
昂山素季:嗯,那让我感到,他们并没有真正的目标。毕竟,只想着推翻某个人是一个负面的目标,我们应有持之以恒的追求。对于我们的国家,我们希望做的事情太多了,我都不知道什么时候才能把这些事情都做完,这不是一个政权更迭的简单问题,这是重建整个国家。
DASSK: အင်း၊ ဒါဆို သူတို့မှာ တကယ့်ရည်မှန်းချက်မရှိဘူးလို့ အန်တီခံစားရတယ်။ တစုံတယောက်ကို တွန်းလှန်ပစ်ဖို့ချည်း စဉ်းစားနေတာက တကယ်တမ်းကျတော့ အဖျက်သဘောဆောင်တဲ့ ရည်မှန်းချက်ပဲ၊ အန်တီတို့မှာ ထာဝရခိုင်မြဲနေတဲ့ ပန်းတိုင်တော့ ရှိသင့်တယ်လေ။ အန်တီတို့နိုင်ငံအနေနဲ့ လုပ်ချင်တဲ့အလုပ်တွေက သိပ်များနေတယ်၊ ဘယ်တော့မှ အဲဒီအလုပ်တွေအကုန်လုံး ပြီးအောင်လုပ်နိုင်မယ်ဆိုတာ အန်တီတောင် မသိဘူး၊ ဒါက အာဏာအလွှဲအပြောင်းလုပ်တာလောက် လွယ်တဲ့ကိစ္စမဟုတ်ဘူး၊ ဒါဟာ နိုင်ငံတနိုင်ငံလုံးကို ပြန်ပြီး တည်ဆောက်ရမယ့်ကိစ္စ။
人物周刊:我知道也有一些讨论,关于你是应该继续担任民盟的领导人,还是应该离开它,做一个超越政治的独立人物,推动全国和解。
SPW: NLD ကို အန်တီ ဆက်ပြီးဦးဆောင်မလား၊ ဒါမှမဟုတ် ပါတီကို ကျောခိုင်းပြီး ပါတီနိုင်ငံရေးထက် သာလွန်တဲ့ လွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ တနိုင်ငံလုံး သင့်မြတ်ရေးကိုပဲ တွန်းအားပေးမလား ဆိုတဲ့ ဆွေးနွေးချက်တချို့လည်း ကြားမိတယ်။
昂山素季:是的,我经常回答这个问题。我觉得如果一个人认为他是超越政党的,那是非常危险的一件事,我想他会变成一个独裁者。因为如果你希望建立民主体制,你就必须建立政党体制,政党竞争是民主体制的一部分。若你认为自己在政党之上,你已经在通往独裁的非常危险的道路上了。
DASSK: ဟုတ်တယ်၊ ဒီမေးခွန်းကို အန်တီအမြဲဖြေနေရတယ်။ အကယ်၍ လူတစ်ယောက်က သူ့ကိုသူ ပါတီနိုင်ငံရေးထက် ကျော်လွန်သွားနိုင်တယ်လို့ ထင်ရင်တော့ အန္တရာယ်အရမ်းများတယ်လို့ အန်တီထင်တယ်၊ အဲလိုလူက အာဏာရှင်တစ်ယောက် ဖြစ်သွားနိုင်တယ်လေ။ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်ချင်ရင် ပါတီစနစ်ကို မဖြစ်မနေ တည်ဆောက်ရမှာပဲ၊ ပါတီအချင်းချင်း ယှဉ်ပြိုင်မှုဟာ ဒီမိုကရေစီစနစ်ရဲ့ တစိပ်တဒေသပဲ။ ပါတီနိုင်ငံရေး အထက်မှာရှိတယ်လို့ မင်းကိုမင်းထင်နေရင် အာဏာရှင်စနစ်ဆီ ဦးတည်နေတဲ့ အန္တရာယ်လမ်းပေါ် မင်းရောက်နေပြီ။
人物周刊:但也可以理解以独立人士的身份,为利益各方搭建沟通桥梁……
SPW: အဖွဲ့အစည်းတွေကြားမှာ လွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ ပေါင်းကူးတံတား ထိုးပေးဖို့ဆိုရင်တော့ နားလည်ပေးလို့ရပါတယ်။
昂山素季:不,不,当人们说我应该做一个国民领袖而非政党领袖时,这当然是一种褒奖,我感谢他们这样夸赞我,但我不觉得这么做是合适的。
DASSK: မဟုတ်ဘူး၊ မဟုတ်ဘူး၊ လူတွေက အန်တီ့ကို နိုင်ငံရေးပါတီခေါင်းဆောင်ထက် ပြည်သူ့ခေါင်းဆောင် လုပ်သင့်တယ်လို့ ပြောကြတာက အမွှန်းတင်နေတာပါပဲ၊ သူတို့ ဒီလိုချီးမွှန်းခန်းဖွင့်တာကို အန်တီကျေးဇူးတင်တယ်၊ ဒါပေမယ့် အဲလိုလုပ်သင့်တယ်လို့ အန်တီမထင်ဘူး။
人物周刊:你知道,在呼吁西方制裁方面,有人一直对你持批评态度,他们说,制裁恶化了民众生活,也减缓了中产阶级的出现——这通常是建立民主社会的根基,最终伤害的是民主运动。
SPW: အန်တီသိလား၊ အနောက်နိုင်ငံတွေကို မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့ဖို့ တိုက်တွန်းတဲ့အခါ အန်တီ့ကို တောက်လျှောက် အပြစ်တင်ဝေဖန်တဲ့ လူတွေရှိတယ်၊ စီးပွားရေးဒဏ်ခတ်တာ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုကြပ်တည်းသွားစေပြီး အလယ်အလတ်တန်းစားတွေလည်း သိပ်ပေါ်မလာနိုင်တော့ဘူးလို့ သူတို့တွေပြောကြတယ်၊ ဒီအချက်တွေကလည်း ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့ အဓိကအုတ်မြစ်တွေဆိုတော့ နောက်ဆုံး နစ်နာတာက ဒီမိုကရေစီလှုပ်ရှားမှုပဲပေါ့။
昂山素季:首先,缅甸中产阶级的缺乏是因为权贵主义(cronyism),和制裁没有一点关系,这也是人们告诉我的事实。如果你读过国际货币基金组织的报告就会很清楚,那份报告在分析缅甸经济乱象的原因时,几乎没有提及制裁。在缅甸,权贵主义才是一颗毒瘤,它阻碍了中产阶级的出现。
DASSK: ဦးဆုံးပြောရမှာက၊ မြန်မာနိုင်ငံရဲ့ အလယ်လတ်တန်းစားတွေ လျော့နည်းခြင်းက ခရိုနီဝါဒကြောင့်ပါ၊ စီးပွားရေးပိတ်ဆို့တာနဲ့ နည်းနည်းမှ မပတ်သက်ပါဘူး၊ ဒီအဖြစ်ကလည်း အန်တီ့ကို သူများတွေပြောပြတာပါပဲ။ အပြည်ပြည်ဆိုင်ရာ ငွေကြေရံပုံငွေအဖွဲ့ IMF ရဲ့ ထုတ်ပြန်ချက်တွေဖတ်ကြည့်ဖူးရင် မင်းရှင်းသွားလိမ့်မယ်၊ အဲဒီထဲမှာ မြန်မာ့စီးပွားရေး ဂယောက်ဂယက်ဖြစ်နေတဲ့ အကြောင်းရင်းကို ခွဲခြမ်းစိပ်ဖြာတဲ့ခါ စီးပွားရေးပိတ်ဆို့မှုက မပါသလောက်ပဲ။ မြန်မာပြည်မှာ ခရိုနီဝါဒကမှ အဆိပ်အတောက်ပါ၊ အလယ်အလတ်တန်းစားတွေ ပေါ်ပေါက်လာဖို့ အဲဒါက အတားအဆီးဖြစ်နေတာပဲ။
人物周刊:所以在制裁问题上,你从未陷入过两难?
SPW: ဒါဆိုရင် စီးပွားရေးပိတ်ဆို့မှုမှာ အန်တီ တခါမှ ဘေးကြပ်နံကြပ် မဖြစ်ဖူးဘူးပေါ့။
昂山素季:是的。无论如何,制裁问题都是非常清晰的,如果政府真的为民众考虑,认为制裁关乎百姓利益,为什么他们不满足那些并不困难的条件呢?释放政治犯,与反对派对话,对冲突地区采取人道主义措施,这些都不是很高的要求,实际上是走向全国和解的可取步骤。
DASSK: ဟင့်အင်း။ ဘာပဲဖြစ်ဖြစ် စီးပွားရေးပိတ်ဆို့မှုက အင်မတန်ရှင်းပါတယ်၊ အစိုးရသာ ပြည်သူတွေကို ငဲ့ညှာပြီး စီးပွားပိတ်ဆို့မှုကြောင့် ပြည်သူ့အကျိုးစီးပွား ထိခိုက်တယ်လို့ထင်ရင် ဘာမှမခက်တဲ့ တောင်းဆိုချက်တွေကို ဘာလို့မလိုက်လျောတာလဲ။ နိုင်ငံရေးသမားတွေကို လွှတ်ပေးတာ၊ အတိုက်အခံတွေနဲ့ တွေ့ဆုံညှိနှိုင်းတာ၊ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတွေကို လူမှုရေးအကူအညီတွေပေးတာ၊ ဒါတွေက သိပ်ခက်ခဲတဲ့ တောင်းဆိုချက်တွေ မဟုတ်ဘူး၊ တတိုင်းပြည်လုံး ပေါင်းစည်းသင့်မြတ်ဖို့အတွက် လိုအပ်တဲ့ခြေလှမ်းတွေပဲ။
人物周刊:有人可能会说,好吧,我们有个非常糟糕的政府,我们认了。但好歹先把制裁解除了吧,能让人民生活稍微改善一点。
SPW: ဟုတ်ပါပြီ၊ ကျုပ်တို့မှာ အင်မတန်ဆိုးဝါးတဲ့ အစိုးရတရပ်ရှိတယ်၊ ကျုပ်တို့လက်ခံပါပြီ၊ ဒါပေမယ့် ပြည်သူတွေ နည်းနည်းချောင်ချိသွားဖို့ စီးပွားရေးပိတ်ဆို့တဲ့ဒဏ်ကိုတော့ အရင်ဆုံး ဖယ်ရှားလိုက်ပါလို့ ပြောတဲ့သူ ရှိကောင်းရှိမှာပေါ့။
昂山素季:我不知道哪些人在说这些,大概是那些权贵们?(笑)
DASSK: ဘယ်သူတွေ ဒီလိုစကားပြောမလဲ အန်တီမသိဘူး၊ ခရိုနီတွေဖြစ်မယ်ထင်တယ် (ရယ်လျက်)။
人物周刊:你真的从未犹豫过吗?
SPW: အန်တီတကယ်ပဲ ဒွိဟမဖြစ်ဖူးဘူးလား။
昂山素季:我们也不否认,有一些人因为制裁受到了伤害,有一些甚至就是民盟的成员,他们以前经营旅行社,但他们也支持制裁,因为他们说,制裁的目的远远超过他们个人的得失。
DASSK: ဒါကို အန်တီမငြင်းပါဘူး၊ စီးပွားပိတ်ဆို့လိုက်လို့ တချို့လူတွေမှာ ဆုံးရှုံးမှုတွေ ခံစားရတယ်၊ တချို့က NLD ပါတီဝင်ပဲ၊ အရင်တုန်းက ခရီးသွားလုပ်ငန်းတွေ လုပ်ခဲ့သူတွေလေ၊ ဒါပေမယ့် သူတို့လည်း ပိတ်ဆို့မှုကို ထောက်ခံတာပဲ၊ စီးပွားရေးပိတ်ဆို့တဲ့ ရည်ရွယ်ချက်က တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားထက် အဆပေါင်းများစွာ ကြီးပါတယ်။
--
ဆက်ရန်ရှိသည်။ အပြည့်အစုံကို တရုတ်ဘာသာဖြင့် ဖတ်ရှုလိုသူများ ဤသို့ သွားပါ။
တခြားနေရာသို့ ကူးတင်လိုလျှင် ထွက်ရပ်ကိုပါ ဖော်ပြပေးပါ၊ ကျေးဇူးတင်ပါသည်။
facebook မှာ ရှယ်ထားပါတယ် ကိုTZA. ကျေးဇူးပါခင်ဗျာ
ReplyDeleteရှယ်တဲ့အတွက် ကျေးဇူးပါဗျာ
Delete"လူတွေက အန်တီ့ကို နိုင်ငံရေးပါတီခေါင်းဆောင်ထက် ပြည်သူ့ခေါင်းဆောင် လုပ်သင့်တယ်လို့ ပြောကြတာက အမွှန်းတင်နေတာပါပဲ၊ "
ReplyDeleteအန်တီက မြှောက်တိုင်းလဲ မမြောက်ဘူးနော်
ဟုတ်တယ်၊ အမေစုပြန်ဖြေတာ ရေလည်မိုက်တယ်။
Deleteတော်သေးတာပေါ့...ကိုတီဇက်အေတို့အိမ်မှာထမင်းတစ်ကယ်သွားချက်ရမယ်ထင်နေတာ..မဟုတ်မှလွဲရော ထမင်းချက်နေတုန်းဘာသာပြန်လိုက်တာလား...pizza ဝယ်စားပြီး
ReplyDeleteဘာသာပြန်လိုက်လား မသိ...ဒီsunday မှာစောင့်ရကျိုးနပ်ပါတယ်ခင်ဗျား...ကျေးဇူးအထူးတင်ပါတယ်...ကိုတီက KTG ကလား ကျွန်တော့်ဘော်ဒါတွေရှိတယ်ဗျ အဲဒီမှာ..
စပါးတော့နံမည်ကြီးနော...ဟဲဟဲ(စကားမစပ်လေးထည့်ပြောဖို့မေ့သွားတယ်)
ခင်ဗျားဘလော့ရဲ့အမာခံပရိတ်သတ်စစ်စစ်
တစ်ယောက်သောသူမက ခေါက်ဆွဲပြုတ်ကျွေးနေတုန်း ပြန်တာလေဗျာ၊ ခင်ညားက လာလည်းမချက်ပေးပဲနဲ့.. :p
Deleteဟုတ်တယ်၊ ရှေးဘဝက အဲလေ ငယ်စဉ်ဘဝက KTG ကပါ၊ အဲဒီတုန်းက စပါးတွေဘာတွေ မသောက်တတ်သေးတာ နာတာပေါ့ဗျာ။ (စကားမစပ်ပေါ့လေ)
ဘာသာပြန်ထားတာတွေကို ဒေါ်စုဆီပို့ပြီး ဖတ်စေချင်တယ်။ သူပြောခဲ့တာတွေနဲ့ တစ်ထပ်တည်းတူမယ်လို့ ယုံပါတယ်။ ဒါပေမယ့် သူဖတ်ပြီး လွဲချော်နေတာတွေရှိခဲ့ရင်လည်း ထောက်ပြတာဖြစ်ဖြစ်၊ မလွဲချော်ခဲ့ဘူးဆိုလည်း သူပြောချင်တာတွေနဲ့ တစ်ထပ်တည်းတူတယ်ဆိုတာဖြစ်ဖြစ် ပြောတာကိုတော့ သိချင်သေးတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် အခုလို ဘာသာပြန်ပေးထားတာ အရမ်းကျေးဇူးတင်ပါတယ်။
ReplyDeleteThere's always missing in translation, something always gets lost in translation ဆိုတာ ရှိပါတယ်။ ဘာသာစကား တခုကနေ အခြားဘာသာစကားတခုကို ပြောင်းလဲဖော်ဆိုတဲ့အခါမှာ တထပ်တည်းတော့ မကျနိုင်ဘူးလို့ ထင်ပါတယ်။
Deleteဟုတ်တယ်နော် ဒဲ့ဒိုးပြန်လိုက်ရင် ဖတ်လို့မကောင်းတော့ဘူး၊ တချို့နေရာလေးတွေက ဆီလျော်အောင်ပဲ ပြန်ရတာ။
Deleteဒေါ်စုဆီပို့ဖို့ ကြိုးစားကြည့်ပါမယ်၊ ကျနော်လည်း အရမ်းသိချင်တယ်၊ ဒါသူပြောတဲ့အတိုင်းလား၊ သတင်းဌာနက ပုံပြောင်းထားသေးလား၊ ကျနော်ပြန်ရေးတာ လွဲချော်နေတာရှိသလား စသဖြင့် သိချင်တယ်ဗျ။ ပို့တာပို့တာပေါ့လေ၊ အန်တီလည်း ဖတ်ဖို့အချိန်တောင် ရှိပါ့မလားမသိဘူး၊ အဲလောက်အသက်အရွယ်နဲ့ လူကြီးတစ်ယောက်ကို အရမ်းမျှော်လင့်အားကိုးနေ(ကြ)တာ ကျနော်ကတော့ တခါတလေ မလုံမလဲဖြစ်မိတယ်ဗျာ။
Delete" စစ်အစိုးရလက်ထက်တုန်းက သူတို့ကိုသူတို့ နိုင်ငံချစ်တွေပါ ဆိုပြီး ကြေညာမောင်းခတ်ကြတယ်၊ သူတို့တတွေပဲ ဒီနိုင်ငံကို တကယ်ချစ်ကြတဲ့သူတွေ၊ ဒိပြင်လူတွေမှာ ချစ်ခွင့်မရှိတဲ့အတိုင်းပဲ။ မင်းတို့ချည်းပဲ ဒီနိုင်ငံကို ချစ်တယ်မထင်ပါနဲ့၊ သာမန်ပြည်သူတွေလည်း နိုင်ငံ့ကို ချစ်နေကြတာပဲ ဆိုပြီး အန်တီ့ဖခင် ဗမာ့တပ်မတော်ရဲ့ သေနာပတိ ဖြစ်ခဲ့တုန်းက တပ်သားတွေကို မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ဖူးတယ်။ ဒါနဲ့ပတ်သက်လို့ သူပြောတာ အရမ်းရှင်းတယ်။ လူတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံကို ချစ်နိုင်စွမ်းရှိကြတာပဲ၊ နိုင်ငံ့ကိုချစ်တာနဲ့ မင်းသေနတ်ကြီးထမ်းပြီး ရှေ့တန်းထွက်ရမယ် မဟုတ်ပါဘူး၊ အန်တီတို့ ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ကာကွယ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ အဆင့်အတန်းကို ကာကွယ်ရာ ရောက်နေတာပဲ၊ နိုင်ငံ့ကို ချစ်ကြောင်း ပြနေတာပဲလေ။ "( နိုင်ငံချစ်စိတ်ဆိုတာ..) " အပေါ်ယံအဓိပ္ပါယ်ကတော့ လူတစ်ယောက် သူ့နိုင်ငံအပေါ်ပေးဆပ်တဲ့ အချစ်စိတ်ပေါ့၊ ဒါပေမယ့် အဲသလို ချစ်တဲ့စိတ်က မှန်ကန်ရမယ်လို့ အန်တီထင်တယ်။ သူတပါးကိုမုန်းရမယ့် နိုင်ငံချစ်စိတ်မျိုးကိုတော့ အန်တီ အယုံအကြည်မရှိပါဘူး။ မုန်းတယ်ဆိုတာ မုန်းတာပဲ။ နိုင်ငံချစ်စိတ်ဆိုတာ မင်းရဲ့တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးတွေ ဆောင်ကြဉ်းပေးနိုင်မယ်၊ လူတွေလွတ်လပ်လာမယ်၊ စိတ်လုံခြုံမှုတွေ ရှိလာမယ်၊ ရိုးသားဖြောင့်မတ်လာမယ်၊ ကောင်းမွန်တဲ့ တန်ဘိုးတွေရှိလာမယ်လို့ မျှော်လင့်တဲ့စိတ်ကို ဖော်ညွှန်းတာပဲ၊ ကုန်ကုန်ပြောရရင် တိုင်းပြည်အတွက် အကောင်းဆုံးတွေပဲ ရှိစေချင်တဲ့ မင်းရဲ့စိတ်ပါပဲ။ အဲဒါ နိုင်ငံချစ်စိတ်ပဲလို့ အန်တီထင်တယ်။ ".... မှန်လိုက်လေဗျာ !!!
ReplyDeletelike :)
Deleteဖဘပေါ်ကအကျင့်တွေကူးလာတာ။
ကိုတီဇက်အေရေ..ဖတ်လို.ကောင်းတယ်ဗျာ။ဘာသာပြန်အရမ်းပြေပြစ်ပါတယ်။အန်တီစုကိုချီးကျူးရမယ်၊ဘယ်လိုလူကဗျူးတာဖြစ်စေ
ReplyDeleteတလေးတစားနဲ.ချက်ကျလက်ကျပြန်ဖြေတယ်။ဘယ်တော.မှပြီးပြီးရောမဖြေဘူး။မေးတဲ.သူကလည်းချီးကျူးစရာကောင်းတယ်။
သူ.မေးခွန်းတွေကသာမာန်ဂျာနယ်လစ်စ်တွေထက်ပိုဆန်းသစ်သလိုမေးရမယ်.လူကိုလည်းမမေးခင်သေချာနားလည်အောင်လေ.လာ
ထာခဲ.တာသေချာတယ်။ဒေါ်စုကတော.တွေးချင်တွေးမယ်၊ငါတို.ဆီကကလေးတွေလည်းဒီလိုမျိုးလေးတွေများများပေါ်လာရင်ကောင်းမယ်လို.။
ကိုတီဇက်အေ ဒီဆောင်းပါးတွေပြည်တွင်းဂျာနယ်တစ်ခုခုကိုပေးပို.ကြည်.ပါလား။ဘယ်သူမှဘာသာပြန်တာမတွေ.သေးဘူး။
မြန်မာတွေဂျာနယ်တွေနဲ.ဂျာနယ်လစ်စ်တွေတစ်နေရာတည်းစုပြုံတိုးနေကြတယ်။ကိုယ်.မူနဲ.ကိုယ်ခိုင်ခိုင်မာမာသဘောထားရေးရာ
ကိုချပြနေတဲ.ချပြနိုင်တဲ.ဟာမျိုးမရှိသေးဘူး။
ကိုဖြိုး
ကိုဖြိုး.. ဟုတ်တယ်၊ ဗျူးတာက လွယ်တဲ့ကိစ္စမဟုတ်ဘူးဗျနော်၊ ကျနော်ခုလိုမြန်မာလိုပြန်ရေးတာက အေးအေးဆေးဆေး တခွန်းပြီးမှတခွန်း ရေးလို့ရပေမယ့် သူတို့ နှုတ်နဲ့ အမေးအဖြေလုပ်နေတာကျတော့ လက်တမ်းကြီးကို မေးနေ ဖြေရတာဗျ၊ ဘာမေးရင် ဘာဖြေမယ်၊ ဘယ်လိုဖြေရင်တော့ ဘယ်လိုဆက်မေးမယ် ဆိုတာတွေက နည်းတဲ့ပညာလားဗျာ။ အားလုံးပြီးရင် (တခြားနေရာမှာလည်း မတွေ့ရင်) မြန်မာလိုပြန်တာချည်းပဲ တပေါင်းတစည်းတည်း ဖိုင်တခုနဲ့မြန်မာပြည်ပြန်ပို့မယ်စိတ်ကူးတယ်၊ ဘယ်လဲတော့ မသိသေးဘူးပေါ့ဗျာ။
DeleteKo Phyo I agree with you. DASSK is really great & her instinct is unquestionable. We should let other people know it especially UTS the president & all other SPD party members & all the cronies. If they are decent enough(and if they are humble enough) they can learn how to face a interviewer or they will understand that they are far behind DASSK in terms of knowledge (in all fields). So, Ko TZA pls send your translation to"Pyi Thu Khit" journal, I suggest. If these translations are printed on a journal, all Myanmar people could have a chance to read and have a feeling as we are enjoying such a feeling right now. Thanks Ko TZA.
DeleteThanks again. Looking forward to read the final part soon. :)
ReplyDeleteလာမည်.. မျှော့ ;D
DeleteGood Job, bro!
ReplyDeleteI can't wait the last part :lol
Thanks, bro!
Deleteတော်လိုက်တာ။ ဖြေသွားတဲ့ အန်တီစု ရော ၊ ဘာသာပြန်ပေးတဲ့ ကိုတီ ကိုရော ပြောတာပါ။း)
ReplyDeleteနောင့်
အမယ်.. အန်တီစုနဲ့အတူတူချီးမွှမ်းခံရတာ လူကမြောက်ကြွမြောက်ကြွဖြစ်နေပြီဟ..
Deleteအန်တီစုရော အန်တီသဉ္စာအေး ရော ကျေးဇူးတွေ သန်းချီပြီးတင်ပါဒယ်။ :P
ReplyDeleteချီလာတဲ့သန်းတွေကို ပြန်ခေါ်သွားပါ၊ ကတုံးမတုံးချင်ပါဘူး.. :)
Deleteနောက်ဆုံးပိုင်းကိုစောင့်နေပါတယ် ကိုတီဇက်အေ ကျန်းမာပါစေ..(နာမည်ပြင်ပေးတာ ကျေးဇူးပါခင်ဗျား (ဌ)ရိုက်မရလို့ပါ)
ReplyDeleteစိုင်းစိုင်း(ခေမရဌ်)
စိုင်းစိုင်းလည်းကျန်းမာပါစေဗျား
Deletethanks a lot ko TZA
ReplyDeleteMay I share in my FB Bro :)
ReplyDeleteThanks
Phyu May Zin
ဲမြန်မာပြည်က ခရိုနီ ကြီး ၁၅ ယောက် နဲ့ ဒေါ်စုကို ဟိုတယ်တခု မှာ တွေ့ဆုံစေသတဲ့။ ခရိုနီ များ ၂ နာရီ ကြာ အခက်အခဲ များ တင်ပြ အပြီး မှာ ..ဒေါ်စုက..ရှင်တို့ ပြောတာတွေ အကုန် ကိုယ့်အတွက်ချည်းပါလား ကျမသာဆို ရှက်မိမှာပဲ လို့.. ပြောသတဲ့။
ReplyDeleteကျေးဇူး အထူး တင်ပါတယ်
ReplyDeleteThis comment has been removed by the author.
ReplyDeleteThank you for sharing. It was a great interview, indeed, from which we learn sophisticated technical questions and technical answers about political issues facing people in Myanmar. Of those great questions and answers, the best part I think is SPW's following question that to greater extent creates an ideological dilemma among politicians and pro-democracy activists, and her beautiful answer-that clearly indicates what lies beyond the real politics. No wonder why she wins trust, love, hearts, and mind of Myanmar citizens:
ReplyDeleteSPW: NLD ကို အန်တီ ဆက်ပြီးဦးဆောင်မလား၊ ဒါမှမဟုတ် ပါတီကို ကျောခိုင်းပြီး ပါတီနိုင်ငံရေးထက် သာလွန်တဲ့ လွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ တနိုင်ငံလုံး သင့်မြတ်ရေးကိုပဲ တွန်းအားပေးမလား ဆိုတဲ့ ဆွေးနွေးချက်တချို့လည်း ကြားမိတယ်။
昂山素季:是的,我经常回答这个问题。我觉得如果一个人认为他是超越政党的,那是非常危险的一件事,我想他会变成一个独裁者。因为如果你希望建立民主体制,你就必须建立政党体制,政党竞争是民主体制的一部分。若你认为自己在政党之上,你已经在通往独裁的非常危险的道路上了。
DASSK: ဟုတ်တယ်၊ ဒီမေးခွန်းကို အန်တီအမြဲဖြေနေရတယ်။ အကယ်၍ လူတစ်ယောက်က သူ့ကိုသူ ပါတီနိုင်ငံရေးထက် ကျော်လွန်သွားနိုင်တယ်လို့ ထင်ရင်တော့ အန္တရာယ်အရမ်းများတယ်လို့ အန်တီထင်တယ်၊ အဲလိုလူက အာဏာရှင်တစ်ယောက် ဖြစ်သွားနိုင်တယ်လေ။ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်ချင်ရင် ပါတီစနစ်ကို မဖြစ်မနေ တည်ဆောက်ရမှာပဲ၊ ပါတီအချင်းချင်း ယှဉ်ပြိုင်မှုဟာ ဒီမိုကရေစီစနစ်ရဲ့ တစိပ်တဒေသပဲ။ ပါတီနိုင်ငံရေး အထက်မှာရှိတယ်လို့ မင်းကိုမင်းထင်နေရင် အာဏာရှင်စနစ်ဆီ ဦးတည်နေတဲ့ အန္တရာယ်လမ်းပေါ် မင်းရောက်နေပြီ။