Search This Blog

Loading...

24 February 2012

DASSK: Interview with Southern People Weekly (3)


--
人物周刊:在民主转型问题上,哪个国家给你的启发最大?

ဒီမိုကရေစီစနစ်ကူးပြောင်းရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံက အန်တီ့ကို စေ့ဆော်မှု အပေးနိုင်ဆုံးလဲခင်ဗျ။

昂山素季:很难讲。南非经验当然世人皆知,但我认为波兰做得也很好。全世界的转型经验不尽相同,比如西班牙的转型就在佛朗哥死去之后才开始,但因为设计较好,所以和平转型成功。就像民主一样,我们都需要找到最适合自己的转型模式。当然,有一些基本要素和制度设计来确保转型是真实的,但各国都会有自己的经验。我一直希望我们能找到最适合缅甸的方式,我想无论我们选择哪条路,都要是最好的。

ပြောရခက်တယ်။ တောင်အာဖရိကအတွေ့အကြုံကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး သိပြီးသားပဲ၊ ဒါပေမယ့် ပိုလန်မှာ လုပ်သွားကြတာလည်း အင်မတန်ကောင်းတယ်လို့ အန်တီယူဆတယ်။ ကမ္ဘာတဝှမ်းက အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေ ထပ်တူကျချင်မှ ကျလိမ့်မယ်၊ ဥပမာ စပိန်ရဲ့ အပြောင်းအလဲက Francisco Franco သေသွားပြီးနောက်ပိုင်းမှ စခဲ့တာ၊ ဒါပေမယ့် အစီအမံတွေ ကောင်းခဲ့လို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ အသွင်ကူးပြောင်းနိုင်ခဲ့တယ်။ ဒီမိုကရေစီလိုပဲ အသွင်ကူးပြောင်းရေးကိုလည်း အန်တီတို့နဲ့ အသင့်တော်ဆုံး ပုံစံကို ရှာယူကြရမှာပါ။ ဒါပေါ့၊ အသွင်ကူးပြောင်းခြင်းက စစ်မှန်ကြောင်းကို သေချာစေဖို့အတွက် အခြေခံကျတဲ့ မူတွေနဲ့ စနစ်တွေက ရှိနေရမှာပေါ့၊ နိုင်ငံတိုင်းမှာလည်း အတွေ့အကြုံကိုယ်စီ ရှိမှာပါလေ။ အန်တီကတော့ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး နည်းလမ်းကိုရှာတွေ့ဖို့ အမြဲတောင့်တတယ်၊ ဘယ်လမ်းပဲရွေးရွေး၊ အကောင်းဆုံးလမ်း ဖြစ်နေရမယ်လို့ အန်တီထင်ပါတယ်။

人物周刊:这(民主转型)是你一直在思考的问题吗?

ဒါက (ဒီမိုကရေစီအသွင်ကူးပြောင်းရေးက) အန်တီအမြဲစဉ်းစားနေတဲ့ ကိစ္စပဲလား။

昂山素季:是,这是我生命的一部分。我们每天所做的事情,几乎所有事情,都与之相关。我们已经为此奋斗了23年了。

ဟုတ်တယ်၊ အဲဒါ အန်တီ့ဘဝရဲ့ အစိပ်အပိုင်းတစ်ခုပဲ။ အန်တီတို့ နိစ္စဓူဝလုပ်နေတဲ့ အလုပ်တွေအားလုံးနီးပါးဟာ အဲဒါနဲ့ ပတ်သက်နေတယ်။ အန်တီတို့ ဒိအတွက် ၂၃ နှစ်ကြီးများတောင် ကြိုးစားရုန်းကန်ခဲ့ပြီးပြီ။

人物周刊:我读过你纪念父亲的文选,你在其中一篇文章中写道,在革命运动中往往有一种危险,即政治上的急务往往模糊了革命的基本精神目标,甚至将它废弃。固守革命初衷的神圣性和首要性,不只是理想而已,这种坚持可使一场革命免于出现“动物农场综合症(Animal Farm syndrome)”。这其实是许多国家都面临的问题。

အန်တီ့ဖေဖေကို အမှတ်တရရေးထားတဲ့ လက်ရွေးစင်စာစုတွေကို ကျနော်ဖတ်ဖူးတယ်၊ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ အန္တရာယ်တစ်ခု ရှိနေတတ်ကြောင်း အဲဒီထဲက ဆောင်းပါးတစ်ပုဒ်မှာ အန်တီရေးထားတယ်နော်။ အဲဒီအန္တရာယ်က ဘာလဲဆိုတော့ နိုင်ငံရေးအတွက် အရေးတကြီး လုပ်လိုက်ရတဲ့ ကိစ္စတွေဟာ နဂို တော်လှန်ရေးပန်းတိုင်ကို မှေးမှိန်သွားစေရုံတင်မကပဲ အဲဒီရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရတဲ့အထိတောင် ဖြစ်သွားနိုင်တယ် လို့ ဖတ်မိတယ်။ တော်လှန်ရေး ရည်မှန်းချက်ရဲ့ မြင့်မြတ်ခြင်းတွေ၊ အရေးကြီးခြင်းတွေကို စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ ဆိုတာထက် ဒီလိုစွဲကိုင်ထားတဲ့အတွက် Animal Farm syndrome လိုမျိုး (တိရစ္ဆာန်တွေက ခြံပိုင်ရှင်ကို တွန်းလှန်ပြီး တစင်ထောင်တဲ့ အဖြစ်အပျက်တွေ) ဖြစ်မလာအောင် ရှောင်လို့ရသေးတယ်ခင်ဗျ။ တကယ်တမ်းကျတော့ ဒီပြဿနာမျိုးက နိုင်ငံတော်တော်များများ ကြုံနေကြတာပဲနော်။
(TZA: Animal Farm syndrome က Animal Farm ဝတ္ထုထဲကနေ ပေါ်ထွက်လာတာပါ၊ အဲဒီထဲမှာ ဝက်လေးတွေနဲ့ တခြားတိရစ္ဆာန်တွေ ပူးပေါင်းပြီး ခြံပိုင်ရှင်ကို တော်လှန်ပြီးတော့ ခြံကို ဦးစီးတဲ့အကြောင်း ရေးထားပါတယ်၊ ကျနော့်စိတ်ထင် NLD နဲ့အပြိုင် NDF လို ပါတီမျိုး ပေါ်လာတာကို ပြောချင်တာ ဖြစ်မယ်ထင်တယ်၊ ကျနော်ထင်တာ မှားကောင်းမှားနိုင်ပါတယ်)


昂山素季:我想表达的意思是,你真的不能把手段与目的截然分开。为什么有些革命走到了非常非常错误的地步,原因在于革命者认为为了革命胜利可以不择手段。你不能那样做,不然革命的初衷就被扭曲了。如果你是为基本人权而斗争,你不能使用那些违反人权的方法。如果你那样做了,待你达成目标之时,它也变成非常不同的别的某些东西了,因为你一直在扭曲它,你把它最基本的品质给毁了。

အန်တီဆိုလိုချင်တာက ရည်မှန်းချက်နဲ့ လုပ်ပုံလုပ်နည်းကို သပ်သပ်စီခွဲပြောလို့မရဘူး။ တချို့တော်လှန်ရေးတွေ အမှားကြီးမှားနေတဲ့ လမ်းမှားပေါ် ဘာကြောင့်ရောက်သွားသလဲ၊ အကြောင်းကတော့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်နည်းလမ်းပဲ သုံးရသုံးရ ဆိုပြီး အဲဒီ တော်လှန်ရေးသမားတွေ ထင်နေလို့ပဲ။ မင်း ဒီလိုလုပ်လို့မရဘူး၊ ဒါဆိုရင် တော်လှန်ရေးရဲ့ ပင်ကိုယ် ရည်ရွယ်ချက်ကြီးက ပုံပြောင်းသွားပြီ။ မင်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဆိုရင် လူ့အခွင့်အရေးနဲ့ ဖီလာဆန့်ကျင်နေတဲ့ နည်းလမ်းတွေ မသုံးရဘူး။ မင်း အဲသလိုလုပ်လိုက်ရင် ပန်းတိုင်ရောက်သွားတဲ့အခါ နဂိုက လိုချင်တောင့်တခဲ့တဲ့ ပန်းတိုင်မဟုတ်တော့ပဲ လုံးဝမတူတော့တဲ့ တခြားအရာတခု ဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ရည်မှန်းချက်ကို မင်းက တောက်လျှောက် ပုံစံပြောင်းပစ်တာကိုး၊ သူ့ရဲ့ အခြေခံအကျဆုံး ဂုဏ်ဒြပ်တွေက မင်းလက်ချက်နဲ့ ပျက်စီးကုန်ပြီလေ။

人物周刊:你会一直提醒民盟成员这一点吗?

အန်တီ ဒီအချက်ကို ပါတီဝင်တွေကို မနားတမ်း သတိပေးနေမှာလားခင်ဗျာ။

昂山素季:是的。我总是告诉他们,你们必须意识到自己是在采用什么样的手段。举个例子,如果我们想教会某人自由思考的重要性,你不能因为他不会自由思考就揍他,你不能一边打他,一边说,快,用用你的脑子,独立思考!这样可教不会他独立思考,而只会把他吓住,让他感受到与自由截然相反的东西。

ဟုတ်တယ်။ ကိုယ်ဘယ်နည်းလမ်းသုံးနေတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိနေရမယ်လို့ အန်တီ အမြဲပြောတယ်။ တယောက်ယောက်ကို လွတ်လပ်စွာတွေးခေါ်ခြင်းနဲ့ ပတ်သက်တဲ့ အရေးကြီးပုံတွေကို သင်ပေးချင်တယ် ဆိုပါစို့၊ အဲဒီလူက လွတ်လွတ်လပ်လပ် မတွေးတတ် မခေါ်တတ်တာနဲ့ သူ့ကို ထ ဗြင်းလို့မရဘူးလေ။ တဖက်က ရိုက်ရင်း တဖက်က “ဦးနှောက်သုံးစမ်းကွာ၊ လွတ်လွတ်လပ်လပ်ကြီး တွေးစမ်းပါကွာ” ဆိုပြီး ကြိမ်းမောင်းနေလို့ မရဘူး၊ ဒီလိုနည်းနဲ့ လူတစ်ယောက်ကို လွတ်လပ်တဲ့ တွေးခေါ်မှုမျိုး မပေးနိုင်ဘူး၊ လန့်သွားအောင်ပဲ ခြောက်လို့ရမယ်၊ လွတ်လပ်ခြင်းနဲ့ လုံးလုံး ဆန့်ကျင်နေတာကိုပဲ သူခံစားရလိမ့်မယ်။

人物周刊:我听说,你不希望看到利比亚的一幕在缅甸上演。

ကျနော်ကြားဖူးတယ်၊ အန်တီက လစ်ဗျားလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူးဆို၊ ဟုတ်လား။

昂山素季:在任何情况下我都支持非暴力的斗争。我们之所以坚持非暴力之路,是因为从长远看来,非暴力斗争更好。也许它花的时间更长,但带来的伤痛也更少。利比亚的伤口将要花很长的时间才能愈合,表面上可能尘埃落定,但一定会有不满、愤恨和仇视在下面冒着泡沫,因为人们彼此仇杀,很多人死去了,这些(伤痛)不会马上就消失不见的。

ဘယ်အခြေအနေမျိုးမှာမဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကို အန်တီအားပေးတယ်။ အန်တီတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝ သွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်၊ ဒါပေမယ့် သူ့နဲ့အတူ တွဲပါလာမယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်။ လစ်ဗျားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အချိန်အများကြီးပေးပြီး ကုစားရမှာ၊ အပေါ်ယံကြည့်လိုက်ရင် အရာရာ အနည်ထိုင်သွားပြီဆိုပေမယ့် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ ရန်လိုမှုတွေက မမြင်ရတဲ့နေရာတွေမှာ ပလုံစီနေလိမ့်မယ်၊ အပြန်အလှန် သတ်ကြ ဖြတ်ကြပြီး လူတွေအများကြီး သေသွားကြပြီ၊ ဒါတွေ (နာကျင်မှုတွေ) က ချက်ချင်း ပျောက်သွားနိုင်တာမှ မဟုတ်ပဲ။

人物周刊:利比亚人可能不会同意你,他们会说,那是因为卡扎菲太残暴太顽固了。

လစ်ဗျားနိုင်ငံသားတွေကတော့ အန်တီ့အမြင်ကို သဘောတူချင်မှ တူမယ်ထင်တယ်ဗျ၊ ကဒါဖီကြီး ရက်စက်လွန်းလို့ အဲလိုဖြစ်ကုန်တာလို့ သူတို့ပြောမှာပေါ့။

昂山素季:我不是在说他们(暴力革命)的对与错,我是在讨论这样做的结果。不论暴力革命的原因是什么,结果都将是长期性、非常难以处理的。

သူတို့ (အကြမ်းဖက်တော်လှန်ရေး) မှားတယ် မှန်တယ်လို့ အန်တီ ပြောနေတာ မဟုတ်ဘူး၊ အဲဒီလမ်းစဉ်ရဲ့ ရလဒ်ကို ပြောနေတာပါ။ တော်လှန်ရေးအတွက် အကြမ်းဖက်ရခြင်းရဲ့ အကြောင်းရင်းက ဘာပဲဖြစ်နေနေ အကျိုးဆက်ကိုတော့ အချိန်အများကြီး အကုန်ခံပြီး ခက်ခက်ခဲခဲ ဖြေရှင်းရမှာပါ။

人物周刊:你曾说,经由知性的劝服(而非诉诸一时的激情),将这种信心灌输到长久被不信任及不确定所破坏的缅甸社会,实是缅甸民主革命的真正精神所在。

အယုံအကြည်ကင်းမဲ့မှုတွေ၊ မသေချာ မရေရာခြင်းတွေရဲ့ ဖျက်ဆီးခြင်းကို နှစ်ရှည်လများ ခံခဲ့ရတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို အသိတရားနဲ့ယှဉ်ပြီး ဖျောင်းဖျယူတဲ့နည်းနဲ့ ဒီလိုယုံကြည်စိတ်တွေ သွင်းပေးတာက မြန်မာ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ တကယ့်အနှစ်သာရပဲလို့ အန်တီပြောဖူးတယ်နော်။

昂山素季:你可以通过一场天花乱坠的演讲来吸引听众,但将被迅速忘却。如果你经由知性真正地说服他们,让他们相信改变的需要,那么他们将会追随你终生。即便在那些高压的时刻,他们不敢公开出来表达,但他们仍会抱持这样的想法:一个更好的社会是应该能促进个人自由的社会。

လေတလုံး မိုးတလုံး ဟောပြောပွဲတွေနဲ့ ပရိသတ်ကို မင်း ဆွဲဆောင်နိုင်ပါတယ်၊ ဒါပေမယ့် ချက်ချင်းဆိုသလို မေ့သွားမှာပဲ။ အကယ်၍များ အပြောင်းအလဲရှိရမယ်ဆိုတာ ယုံကြည်နေဖို့ သူတို့ကို အသိတရားနဲ့ နားချနိုင်ရင်တော့ မင်းအနောက်ကနေ သူတို့တသက်လုံး လိုက်လာပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်နေတဲ့ ကာလတွေမှာ သူတို့ ထုတ်မပြောရဲကြပေမယ့် သူတို့စိတ်ထဲမှာတော့ ပိုကောင်းတဲ့ လူ့ဘောင်ဆိုတာ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အားပေးအားမြှောက် ပြုနိုင်ရမယ် လို့ပဲ ခံယူထားကြမှာပါ။

人物周刊:听起来很完美,但“知性”听起来好像与一场“革命”通常所具有的性质相悖啊。

ဒီလိုစကားမျိုး ကြားရတာ ပြီးပြည့်စုံနေသလိုပဲဗျာ၊ ဒါပေမယ့် သူတို့ကို အသိတရား ဝင်လာအောင် နားချတာနဲ့ တော်လှန်ရေးအတွက် လှုံ့ဆော်တာနဲ့က ဝိရောဓိဖြစ်နေသလားလို့။

昂山素季:革命意味着改变,意味着根本性的变革,所以我一直说,我们真的需要一场精神上的革命,如果一个缺乏信心的人因此得以发现自己,变得自信,那么一场精神上的革命就发生了。这是比表面上风云变幻要真实得多的改变。

တော်လှန်ရေးဆိုတာ ပြောင်းလဲခြင်းအနက်ကို ဆောင်နေတာပဲ၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကြီး တကယ့်ကို လိုအပ်နေတာ။ ယုံကြည်စိတ်ကင်းမဲ့ပြီး လမ်းစပျောက်နေတဲ့ လူတစ်ယောက်က ဒီလိုနည်းနဲ့ သူ့ကိုယ်သူ ပြန်ရှာတွေ့သွားပြီး ယုံကြည်စိတ်တွေ ပြန်ဝင်လာရင် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးက အစပျိုးသွားပြီ။ ဒါဟာ အပေါ်ယံက ကြီးကြီးမားမား ပြောင်းလဲမှုတွေထက် အများကြီး စစ်မှန်တဲ့ ပြောင်းလဲမှုပဲ။

人物周刊:那么你怎么看勒庞的《乌合之众》?

Gustave Le Bon ရဲ့ The Crowd; study of the popular mind ကို ဘယ်လိုမြင်ပါသလဲခင်ဗျ။

昂山素季:恐怕我没有读过,我读的都是他们(朋友和助手)给我的书。你得给我讲讲。

အန်တီမဖတ်ဖူးဘူး၊ အန်တီဖတ်တာတွေက သူတို့ (မိတ်ဆွေနဲ့ ကူဖော်လောင်ဖက်တွေ) ပေးတဲ့ စာအုပ်တွေပဲ။ တဆိတ်လောက် ပြောပြပါဦး။

人物周刊:比如,在勒庞看来,大众是盲从的、易操控的。

ဥပမာအားဖြင့် Le Bon က လူထုဆိုတာ မျက်ကန်းနောက်လိုက်တွေ၊ အလွယ်လေး ထိန်းချုပ်လို့ရတယ်လို့ မြင်တယ်လေ။

昂山素季:哦,集群心理(crowd mentality)。是的,我想一个人置身于呐喊的人群之中,是会被群体情绪感染并裹挟的,但当人们回到各自家中,他们也许会有不同的感觉。而且集群心理常被用于邪恶的目的,所以不应鼓励。但是,人民团结起来,为同样的目标许诺努力,和那种集群心理还是不同的,后者被激发出来的是人性中不假思索的一面。

ဩော်၊ crowd mentality လား။ အင်း ဟုတ်တယ်၊ ဟစ်အော်ပေါက်ကွဲနေတဲ့ လူအုပ်ကြီးထဲ ရောက်နေရင် စိတ်ခံစားမှုတွေ ကူးစက်ပြီး တွန်းအားပေးခံရမှာပဲ၊ ဒါပေမယ့် ကိုယ်စီကိုယ်ငှ အိမ်ပြန်ရောက်ကြတဲ့အခါ ခံစားမှုတွေ တူချင်မှတူတော့မယ်။ ပြီးတော့ crowd mentality ကို အများအားဖြင့် မကောင်းမှုတွေလုပ်ဖို့ အသုံးချကြတယ်၊ ဒါကြောင့် အားမပေးသင့်ဘူး။ သို့သော် ပြည်သူတွေ စည်းလုံးလာပြီး တူညီတဲ့ ရည်မှန်းချက်တစ်ခုတည်းအတွက် ကြိုးစားကြမယ်ဆိုရင် အဲဒါ crowd mentality နဲ့ မတူတော့ဘူး၊ အဲဒါကနေ လှုံ့ဆော်ပေးလိုက်တာက လူ့ပင်ကိုယ်စရိုက်ရဲ့ ဒေါက်ခနဲ ဒက်ခနဲပေါ်လာတဲ့ အသိစိတ်တမျိုးပဲ။
--
ဆက်ရန်ရှိသည်။ အပြည့်အစုံကို တရုတ်ဘာသာဖြင့် ဖတ်ရှုလိုသူများ ဤသို့ သွားပါ။

တခြားနေရာသို့ ကူးတင်လိုလျှင် ထွက်ရပ်ကိုပါ ဖော်ပြပေးပါ၊ ကျေးဇူးတင်ပါသည်။

23 February 2012

Michael Diaper


ဒီညတင်စရာမရှိဘူး၊ ရီစရာပဲရှိတယ်၊ အူလှိမ့်နေအောင် ရီရတယ်၊ လောလောဆယ် မျက်ရည်တွေရွှဲပြီး ဗိုက်နာနေတယ်၊ အဟင်း။

21 February 2012

DASSK: Interview with Southern People Weekly (2)

人物周刊:你曾倡导公民不服从,但你也说过,在自由社会里,人们去问一个“为什么”是很正常的,而在专制社会,去问这样的问题却可能带来危险,所以人民就老老实实去当顺民,所以掌握权力的人就愈加飞扬跋扈,所以人民就更加害怕。如何跳出这个恶性循环?

SPW: အန်တီ civil disobedience ကို ဦးဆောင်ပြီး လှုံ့ဆော်ခဲ့ဖူးတယ်နော်၊ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းထဲမှာ “ဘာ့ကြောင့်လဲ” ဆိုတဲ့မေးခွန်းမျိုး ထုတ်မေးတာဟာ အထူးအဆန်းမဟုတ်ဘူးလို့လည်း ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာ ဒီလိုမေးခွန်းထုတ်တာ အန္တရယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတတ်တယ်၊ ဒါ့ကြောင့် ပြည်သူတွေက ရိုးရိုးသားသားနဲ့ပဲ ခေါင်းညိတ် လက်ခံလွယ်တဲ့သူတွေ ဖြစ်ကုန်ကြတယ်၊ အဲဒီတော့ အာဏာဆုပ်ကိုင်ထားသူတွေက တဖြည်းဖြည်း လူပါးဝလာကြပြီး ပြည်သူတွေကလည်း ပိုပိုပြီး ကြောက်လာကြရော။ ဆိုတော့ ဒီသံသရာထဲကနေ ဘယ်လိုရုန်းထွက်ရမလဲ ခင်ဗျ။

昂山素季:你得教会他们去发问。我们在民盟就一直这么做,我不断告诉他们:你必须学会问一个为什么。有时候我们也会碰到一些可笑的事,当然也非常可悲。有一段时间,民盟成员不断遭到逮捕,几乎每一天都有人被带走,我们对自己的成员说:他们必须要逮捕令才能施行逮捕,如果某些人来对你说“跟我走一趟”,你必须要问问他:你有逮捕令吗?你是根据法律的哪条条款来逮捕我的?总之你不能轻易就范。他们一般是晚上来抓人,有一天晚上,秘密警察来逮捕我们的一位成员,他问他们:你们有逮捕令吗?你猜对方怎么回答?“我们不需要逮捕令,我们已经决定了要判你几年了!”(笑)无论如何,人们去问个为什么还是有好处的。如果你在被威胁时站出来:你有什么权力逮捕我?有时对方会感到紧张,在某些场合,也的确会令结果有所不同。

DASSK: လူတွေကို မေးခွန်းထုတ်တတ်အောင် မင်း သင်ပေးရမယ်၊ အန်တီတို့ NLD ထဲမှာ ဒီလိုပဲ တောက်လျှောက်လုပ်ခဲ့တာ။ ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းလေးကို မေးတတ်အောင် အန်တီ သူတို့ကို မနားတမ်းပြောခဲ့တယ်။ တခါတလေတော့လည်း ရီရအခက် ငိုရအခက် အဖြစ်အပျက်တွေ အန်တီတို့ ကြုံရတယ်၊ ဝမ်းနည်းဖို့လည်း ကောင်းပါရဲ့။ အန်တီတို့ ပါတီဝင်တွေ အဆက်မပြတ်အဖမ်းခံရတဲ့ ကာလတစ်ခု ရှိခဲ့တယ်၊ နေ့တိုင်းလိုလို အဖမ်းခံရတာ၊ လာဖမ်းတဲ့သူတွေမှာ ဖမ်းဆီးမိန့်ရှိမှ ဖမ်းခွင့်ရှိကြောင်း အန်တီတို့ ကိုယ့်အဖွဲ့ဝင်တွေကို ပြောပြတယ်၊ အကယ်၍များ တစ်ယောက်ယောက်က “ခဏလိုက်ခဲ့” လို့ ပြောလာရင် "ဖမ်းဆီးမိန့်ရှိသလား၊ ဘယ်ဥပဒေနဲ့ ဖမ်းတာလဲ" လို့ သူ့ကိုအရင်မေး၊ လွယ်လွယ်နဲ့တော့ အဖမ်းမခံနဲ့ ဆိုပြီး ပြောပြတယ်။ များသောအားဖြင့် သူတို့က ညဖက်တွေမှာ လာဖမ်းလေ့ရှိတယ်၊ တညတော့ အရပ်ဝတ်နဲ့ ရဲသားတွေ အန်တီတို့ ပါတီဝင်တစ်ယောက်ကို သွားဖမ်းတယ်၊ သူလည်း မေးတော့တာပေါ့၊ “ဖမ်းမိန့်ရှိသလား” ဆိုပြီး။ တဖက်က ဘယ်လိုပြန်ဖြေတယ် ထင်သလဲ၊ “ကျုပ်တို့ ဖမ်းမိန့်တွေဘာတွေ မလိုဘူး၊ ခင်ဗျားကို ထောင်ဘယ်နှနှစ် ချမယ်ဆိုတာတောင် ဆုံးဖြတ်ပြီးပြီ” တဲ့လေ (ရယ်လျက်)။ ဘာပဲဖြစ်ဖြစ်၊ ဘာ့ကြောင့်လဲ ဆိုတဲ့မေးခွန်း မေးလိုက်တာဟာ လူတွေအတွက် အကျိုးရှိပါတယ်။ ခြိမ်းခြောက်ခံနေရတုန်း မားမားမတ်မတ်ထွက်လာပြီး “မင်းက ဘာကောင်မို့ ငါ့ကိုဖမ်းတာလဲ” (မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့ ငါ့ကိုဖမ်းတာလဲ ဆိုတာကို ပြန်လိုက်တာပါ၊ ဆီလျော်ချင်မှ ဆီလျော်ပါလိမ့်မယ်) လို့ မေးလိုက်ရင် တဖက်က နည်းနည်းရှိန်သွားနိုင်ပါတယ်၊ ကာလံ ဒေသံလိုက်ပြီး မတူတဲ့အခြေအနေတွေမှာ မတူတဲ့ရလဒ်တွေ ဖြစ်လာနိုင်တာပေါ့လေ။

人物周刊:人们应该如何消除自己的恐惧?

SPW: လူတွေ ဘယ်လိုနည်းနဲ့ ကြောက်စိတ်ကို ဖျောက်ပစ်ရမလဲခင်ဗျာ။

昂山素季:恐惧是一种习惯。我想,有些事情,如果你认为自己应该做的话,那即便是恐惧,也必须要去做。你不能寄望于恐惧凭空消失。你的态度应该是:好吧,我怕得要死,但这件事我必须做。因为去做它也许令人害怕,但不做它会更糟。在这件事上,我对民盟的成员们说得非常简单:即使你的膝盖在发抖,迎头去做,去做。(笑)你知道,虽然我们心里有畏惧,但一旦你做了,会发现其实没那么可怕。有时候我读到一些关于战争的纪实故事,有些义士潜入敌军内部做间谍,这是极其危险的,你会想,他们是怎样做到这些的?他们的力量从何而来?我想那些肩负承诺和使命的人会获得力量,去完成一些看似不可能完成的任务。你若没有担当,将一事无成。

DASSK: ကြောက်စိတ်ဆိုတာ အကျင့်တစ်ခုပဲကွ။ အန်တီထင်တယ်၊ တချို့ကိစ္စတွေကို လုပ်သင့်တယ်လို့ ယူဆရင် ကြောက်စိတ်ဝင်နေသည့်တိုင် မင်းလုပ်ကိုလုပ်ရမယ်။ ကြောက်စိတ်ကြီးက သူ့အလိုလို ပျောက်သွားလိမ့်မယ်လို့ မမျှော်လင့်နဲ့။ မင်းအနေနဲ့ “ကောင်းပြီ၊ ငါသေမလောက်ကြောက်တယ်၊ ဒါပေမယ့် ငါလုပ်ကိုလုပ်ရမယ်” ဆိုပြီး ဖြစ်နေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ထလုပ်လိုက်ခြင်းအားဖြင့် ကြောက်စရာ ကောင်းချင်ကောင်းနေမယ်၊ သို့သော် မလုပ်ရင်တော့ ပိုဆိုးဖို့ပဲရှိမယ်လေ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ အန်တီတို့ပါတီဝင်တွေကို ဒီလို ရှင်းရှင်းလေးပဲ ပြောထားတယ်၊ “ကြောက်ဒူးတုန်ချင် တုန်နေပစေ၊ ခေါင်းမော့ပြီး သွားလုပ်ပါ၊ လုပ်ပစ်လိုက်ပါ”ဆိုပြီး (ရယ်လျက်)။ မင်းသိလား၊ အန်တီတို့စိတ်ထဲမှာ ကြောက်စိတ်လေးတွေ ရှိနေပေမယ့် စပြီး လုပ်လိုက်ပြီဆိုတာနဲ့ တကယ်တမ်းကျတော့ အဲသလောက်ကြီး ကြောက်စရာမကောင်းပါလား ဆိုတာ သိလာလိမ့်မယ်။ တခါတလေ စစ်ပွဲတွေနဲ့ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်ဇာတ်လမ်းတွေ ဖတ်မိတယ်၊ အဲဒီဇာတ်လမ်းတွေထဲမှာ ဖြောင့်မတ်တဲ့ သတ္တိခဲတချို့ ရန်သူ့ဖက်သွားပြီး သူလျှိုလုပ်တဲ့အကြောင်းတွေ ဖတ်မိတယ်၊ အဲဒါမျိုးက အင်မတိ အင်မတန် အန္တရာယ်များတာပဲ။ သူတို့တွေ ဘယ်လိုနည်းနဲ့ ဒီလိုလုပ်နိုင်တာလဲ၊ ဘယ်ကခွန်အားတွေရလာသလဲ ဆိုပြီး မင်းတွေးမိမယ်။ အန်တီ့အထင်ကတော့ ကတိကဝတ်တွေနဲ့ တာဝန်ဝတ္တရားတွေကို ပခုံးထမ်းထားတဲ့သူတွေမှာ ခွန်အားတွေ ရှိနေလိမ့်မယ်၊ သူတို့တွေက မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ကိစ္စတွေကို ဖြစ်အောင်လုပ်သွားလိမ့်မယ်။ မင်းမှာ ဘာအဖြစ်မှမရှိရင်တော့ ဘာဆိုဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။

人物周刊:在压制之下,除了恐惧,人们也会变得犬儒,他们会和政治保持距离,除了赚钱,他们不相信也不在意任何事情,你在缅甸经历过这样的情况吗?

SPW: အာဏာရှင်စနစ်အောက်မှာ ကြောက်စိတ်တွေကိန်းဝပ်နေတတ်တဲ့အပြင် လူတွေဟာ ကိုယ်ကျိုးကလွဲပြီး ဘာကိုမှ မက်မက်မောမောမရှိတော့တဲ့ cynic တွေ ဖြစ်ကုန်တတ်တယ်၊ နိုင်ငံရေးနဲ့ ခပ်ခွာခွာနေမယ်၊ ပိုက်ဆံရှာတာကလွဲလို့ ဘယ်အရာကိုမှ မယုံကြည်တော့ဘူး၊ အလေးလည်း မထားတတ်တော့ဘူး တဲ့။ မြန်မာပြည်မှာရော ဒီလိုအနေအထားမျိုး ဖြစ်ခဲ့ဖူးလား မသိဘူး။

昂山素季:这件事很有意思。因为以前人们会声称他们与政治一点关系也没有、他们对政治不感兴趣等等,但令人惊讶的是,一旦政治空间开了一点小口子,哪怕只是一点儿,你会发现,原来有那么多人愿意去行动、去改变。我觉得原因在于有很多人内心希望参与这一运动,他们相信通过这一运动能为这个国家的人们带来更好的生活。

DASSK: ဒီကိစ္စ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက “နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူး၊ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး” ဆိုပြီး လူတွေပြောခဲ့ကြပေမယ့် အံ့အားသင့်စရာ ကောင်းတာက နိုင်ငံရေးနယ်ပယ်မှာ သေးလှပါရဲ့ဆိုတဲ့ အပေါက်လေးတစ်ပေါက်လောက်၊ တံခါးလေး တစ်ချပ်လောက်ပဲ ပွင့်သွားတာနဲ့ တကယ်တမ်း အဲသလောက်များတဲ့လူတွေ ပါဝင်လှုပ်ရှားချင်နေကြတာ၊ ပြောင်းလဲမှုကို ဖော်ဆောင်ချင်နေကြတာ မင်းတွေ့ရလိမ့်မယ်။ အဲဒါတွေရဲ့ အကြောင်းရင်းက လူအများစုရဲ့ အတွင်းစိတ်ထဲမှာ ဒီလို လှုပ်ရှားမှုထဲ ပါဝင်ချင်ကြတဲ့စိတ်၊ ဒီလှုပ်ရှားမှုကြောင့် ဒီနိုင်ငံရဲ့ ပြည်သူတွေအတွက် ပိုကောင်းတဲ့ ဘဝတွေကို ဆောင်ကြဉ်းလာနိုင်တယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်စိတ်တွေကြောင့်ပဲလို့ အန်တီထင်တယ်။

人物周刊:但在这之前,很多人感到无力,甚至有一种背叛感。

SPW: ဒါပေမယ့် ဒါတွေမတိုင်ခင်က စိတ်ပျက်လက်ပျက်ဖြစ်ကုန်တဲ့လူတွေ၊ သစ္စာဖောက်ခံလိုက်ရပြီဆိုတဲ့ လူတွေ အများကြီးရှိခဲ့တာပဲ။

昂山素季:如果你觉得自己被背叛了,那你就得自己去做。正是因为你以前依赖别人,所以你才会有背叛感,不是吗?人们经常问我,我们什么时候能得到民主啊?我总是告诉他们,你问问你自己。你问问自己为民主做了什么,你也就回答了自己。如果你什么也没做,你没资格去问这个问题。

DASSK: မင်းသစ္စာဖောက်ခံလိုက်ရပြီလို့ ထင်နေတယ်ဆိုရင် အဲဒီအလုပ်ကို မင်းကိုယ်တိုင် လုပ်ပေတော့။ လူတွေကို မင်းအားကိုးခဲ့လို့ပဲ သစ္စာဖောက်ခံလိုက်ရတဲ့ ခံစားမှုမျိုးရနေတာ မဟုတ်ဘူးလား။ ဒီမိုကရေစီ ဘယ်တော့ရမလဲဆိုတဲ့မေးခွန်း အန်တီကို ခဏခဏ မေးကြတယ်၊ ဒီမိုကရေစီ အရေးအတွက် ဘာလုပ်ပြီးပြီလဲလို့ ကိုယ့်ကိုကိုယ် အရင်မေးပါ ဆိုပြီး အန်တီအမြဲဖြေတယ်၊ အန်တီ့မေးခွန်းအတွက် သူ့ရဲ့ အဖြေဟာလည်း သူအန်တီ့ကိုမေးလိုက်တဲ့ မေးခွန်းကို သူ့ဟာသူ ပြန်ဖြေလိုက်တာပါပဲ။ မင်းဘာမှ မလုပ်ခဲ့ဖူးဆိုရင် ဒီမေးခွန်းမေးဖို့ကို မသင့်တာ။

人物周刊:你从未有过无力感吗?

SPW: အားမလိုအားမရဖြစ်တာမျိုး၊ စိတ်ပျက်လက်ပျက်ဖြစ်တာမျိုး အန်တီ တခါမှမဖြစ်ဖူးဘူးလား။

昂山素季:是的。因为我从来不指望别人。这是我自己的决定,没人逼着我参与民主运动,我参与进来是因为我相信这是正确的事情。我自己选的生活方式,能怪谁呢?既然我选了自己的路,我就必须自己走下去。

DASSK: ဟင့်အင်း၊ ဘာလို့လဲဆိုတော့ အန်တီ ဘယ်သူ့ကိုမှ မမျှော်ကိုးလို့ပဲ။ ဒါ အန်တီ့ဆုံးဖြတ်ချက်၊ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဘယ်သူမှ အန်တီ့ကို မလုပ်မနေရ စေခိုင်းခဲ့တာမဟုတ်ဘူး။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ပဲဆိုတဲ့ ယုံကြည်ချက်နဲ့ အန်တီ ပါဝင်ခဲ့တာ။ အန်တီရွေးချယ်ခဲ့တဲ့ ဘဝပဲလေ၊ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ရွေးခဲ့ပြီးမှတော့ ကိုယ်တိုင်ပဲ ဆက်လျှောက်ရမှာပေါ့။

人物周刊:捷克前总统哈维尔对你是否有过影响?

SPW: ချက်ဇ်သမ္မတနိုင်ငံ Czech Republic သမ္မတဟောင်း Václav Havel အန်တီ့ပေါ်မှာ သက်ရောက်မှု ရှိခဲ့ဖူးလား။

昂山素季:他对我们的民主运动非常支持,我对他也十分尊敬。是的,他的一些文章对我影响颇大,比如他提出的著名的“无权者的权力(power of powerless)”的论述。这些思想对我们启发很大,因为我们这些人,除了自身的精神外,别无他物。

DASSK: အန်တီတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို သူအရမ်းထောက်ခံတာ၊ အန်တီလည်း သူ့ကို အင်မတန်လေးစားတယ်။ အင်း၊ သူ့ရဲ့ ဆောင်းပါးတချို့က အန်တီ့အပေါ်မှာ သက်ရောက်မှု အများကြီးရှိတယ်၊ သူပြောခဲ့တဲ့ နာမည်ကြီးလူသိများတဲ့ “အာဏာမဲ့လူတန်းစားများရဲ့ အခွင့်အာဏာ” (သို့မဟုတ် “လုပ်ပိုင်ခွင့်မရှိသူများရဲ့ အစွမ်းပကား” လို့ပဲ ပြန်ရမလား) power of powerless က ဥပမာတစ်ခုပေါ့။ အဲဒီအတွေးအခေါ်တွေက အန်တီတို့ကို အင်မတန် inspire ဖြစ်စေတယ်၊ အန်တီတို့လို လူမျိုးတွေမှာ ကိုယ်ပိုင်စိတ်ဓာတ်လေးကလွဲပြီး တခြား ဘာမှကို မကျန်တော့ဘူးလေ။

人物周刊:事实上,我记得他曾说过,你正是“无权者的权力”最杰出的代表。从你的经验来看,无权者的权力到底来源于何处呢?

SPW: လက်တွေ့မှာလည်း အန်တီက သူ့ “အာဏာမဲ့လူတန်းစားများရဲ့ အခွင့်အာဏာ” ဆိုတဲ့ အဆိုရဲ့ အပြောင်မြောက်ဆုံး ပြယုဒ်တစ်ခုပဲလို့ သူပြောခဲ့တာ ကျနော်မှတ်မိတယ်။ အန်တီအနေနဲ့ အာဏာမဲ့ လူတန်းစားတွေရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်ကနေအရင်းခံတယ်လို့ ထင်ပါသလဲ။

昂山素季:我想它来源于信念。你相信一些原则,你相信某些生活方式是更为可取的,你也相信民众有能力来达成这些目标。我相信这就是力量的来源。

DASSK: အဲဒါတွေက ယုံကြည်ချက်ကနေလာတယ်လို့ပဲ အန်တီထင်ပါတယ်။ မူတချို့ကို မင်းစွဲကိုင်ထားမယ်၊ ပိုကောင်းတဲ့ လူနေမှုပုံစံ ရှိနေတယ်ဆိုတာ မင်းယုံကြည်မယ်၊ အများပြည်သူတွေမှာ ဒီပန်းတိုင်ဆီကို အရောက်သွားနိုင်တယ့် အင်အားတွေရှိတယ်ဆိုတာလည်း မင်းယုံနေမယ်ဆိုရင် အင်အားဆိုတာ ဒီယုံကြည်ချက်တွေကနေ အရင်းခံလာတာပဲလို့ အန်တီတော့ထင်တယ်။

人物周刊:为什么二十多年过去了,缅甸人民从来不曾忘记你?

SPW: အနှစ် ၂၀ ကျော် ကြာသွားပေမယ့်လည်း ဘာဖြစ်လို့ မြန်မာပြည်သူပြည်သားတွေက အန်တီ့ကို မေ့မသွားကြတာလဲ။

昂山素季:我觉得缅甸和有些国家一个很大的不同是,我们成立了民盟这个政党。现在有很多人批评民盟,我相信有些批评是有道理的——虽然我们理应是一个合法政党,但我们真的很难以一个政党的方式来运作。在过去,我们一直被严重压制,被各种条条框框规定得死死的。但我们挺过来了,我想这是人们没有忘记民主运动的原因之一。我想也有那么一段时间,人们觉得我们很愚蠢,因为我们一直在苦苦支撑。他们会想:看看这些傻瓜民主派,看看这些傻瓜民盟,他们有完没完啊……但最后,我想他们会尊敬我们,因为我们坚持下来了,我们的火种从来不曾熄灭。

DASSK: မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေနဲ့ အဓိကကွဲပြားတဲ့အချက်က အန်တီတို့ NLD ဆိုတဲ့ နိုင်ငံရေးပါတီကို တည်ထောင်ခဲ့တာပဲ။ အခု လူအတော်များများ NLD ကို ဝေဖန်ကြတယ်၊ ဝေဖန်ချက်တချို့က အကျိုးသင့် အကြောင်းသင့်ဆိုတာ အန်တီယုံပါတယ်၊ အန်တီတို့အနေနဲ့ တရားဝင် နိုင်ငံရေးပါတီတစ်ခု ဖြစ်နေပေမယ့် ပါတီတစ်ခုရဲ့ပုံစံအတိုင်း လည်ပတ်ဖို့က အင်မတန်ခက်ခဲတယ်။ အရင်တုန်းက အန်တီတို့တတွေ ပြင်းပြင်းထန်ထန်ကို ဖိနှိပ်ခံခဲ့ရတယ်၊ စည်းမျဉ်းစည်းကမ်းပေါင်းစုံနဲ့ လှုပ်ကို မလှုပ်နိုင်အောင် ချည်တုပ်ထားတယ်။ ဒါပေမယ့် အန်တီတို့ အဲဒါတွေကို ရင်ဆိုင်ဖြတ်ကျော်ခဲ့တယ်လေ၊ ဒါဟာလည်း ပြည်သူတွေ ဒီမိုကရေစီလှုပ်ရှားမှုကို မေ့မသွားစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မယ်။ အန်တီတို့ ပင်ပန်းဆင်းရဲခံပြီး တောင့်ခံထားတာကို တုံးလွန်း အ,လွန်းတယ်လို့ လူတွေထင်ခဲ့ကြတဲ့ အချိန်ကာလတခုလည်း ရှိခဲ့ပါသေးတယ်။ သူတို့ကတော့ “ကြည့်ပါဦး၊ ဒီခပ်တုံးတုံး ဒီမိုကရေစီ ဘက်တော်သားတွေ၊ ခပ်အအ NLD ပါတီဝင်တွေ ဖြစ်ပျက်နေလိုက်ကြတာ ပြီးကို မပြီးနိုင်ဘူး” လို့ ထင်ကောင်းထင်နေမှာပေါ့၊ ဒါပေမယ့် သူတို့တွေ နောက်ဆုံးမှာတော့ အန်တီတို့ကို လေးစားလာကြလိမ့်မယ်လို့ ထင်တာပဲ၊ အန်တီတို့ တင်းခံခဲ့ပြီးပြီ၊ အန်တီတို့ရဲ့ မီးအရှိန်က ဘယ်တုန်းကမှ သေမသွားခဲ့ဘူးလေ။

人物周刊:一个缅甸记者告诉我,另一个原因也许是因为军政府太招人恨了。

SPW: မြန်မာသတင်းထောက်တစ်ယောက် ကျနော့်ကိုပြောတယ်၊ (အန်တီစုကို မေ့မသွားကြတဲ့) နောက်အကြောင်းရင်းတစ်ခုကတော့ စစ်အစိုးရကိုက လူမုန်းများအောင် လုပ်နေလို့ဖြစ်မယ် ဆိုပဲဗျ။

昂山素季:我不清楚人们是不是有这么大的恨意,事实上,我希望没有。我不希望民主运动以仇恨为基础,我希望它能基于一些更正面的情感,比如对于未来的信心,相信我们的国家未来应该变得更好。不论何种情况,要达成国内和解,你不可能依赖仇恨。

DASSK: လူတွေမှာ အမုန်းတရားတွေ ဒီလောက်နက်ရှိုင်းနေသလားဆိုတာကိုတော့ မသိဘူး၊ အမှန်တိုင်းပြောရရင် အန်တီကတော့ အဲသလို မဖြစ်စေချင်ဘူး။ ဒီမိုကရေစီလှုပ်ရှားမှုကို အမုန်းတရားပေါ်မှာ အခြေခံထားတာ မဖြစ်စေချင်ဘူး၊ အပြုသဘောပိုဆောင်တဲ့ သံယောဇဉ်မျိုးပေါ်မှာ အုတ်မြစ်ချထားစေချင်တယ်။ ဥပမာ အနာဂတ်အတွက် ယုံကြည်ချက်မျိုး၊ ကိုယ့်နိုင်ငံ ပိုကောင်းလာရမယ် ဆိုတဲ့ ယုံကြည်စိတ်မျိုးပေါ့။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ပြည်တွင်းက သင့်မြတ်ရေးအတွက် အမုန်းတရားကို မင်းဘယ်တော့မှ သွားအားကိုးလို့ မဖြစ်နိုင်ဘူး။

人物周刊:不过,对于那些遭受苦难或者不公正待遇的人,心存恨意也很正常。如果将来民主实现了,他们要求报复怎么办?

SPW: ဒါပေမယ့် ပင်ပန်းဆင်းရဲတဲ့ဒဏ်တွေ မတရားဖိနှိပ်တဲ့ဒဏ်တွေ ခံခဲ့ရတဲ့သူတွေရဲ့ စိတ်ထဲမှာ အငြိုးအာဃာတတွေ ရှိနေတာ ဓမ္မတာပါ။ နောင်တချိန် ဒီမိုကရေစီရပြီးတဲ့နောက် ကလဲ့စားချေမယ်ဆို ဘယ်လိုလုပ်မလဲ။

昂山素季:不可否认,总会有人要求报复,全世界都是如此,但我们可以看看南非的例子,看看波兰的例子,看看他们是如何在转型中应对仇恨的问题。他们都找到了解决办法,去化解仇恨,而非忽视仇恨。你不可能忽视过去,你不可能以忽视来与过去相处。他们没有忽视它,他们面对它,通过面对它,他们才能化解那些苦难和怨恨的情绪。

DASSK: ကလဲ့စားချေဖို့ တောင်းဆိုမယ့်သူ ရှိကိုရှိမယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပဲ၊ တကမ္ဘာလုံး ဒီလိုချည်းပါပဲ၊ ဒါပေမယ့် ပြောင်းလဲမှုတွေကြားမှာ အငြိုးအတေးတွေ ဘယ်လိုဖြေရှင်းသလဲဆိုတာကို အန်တီတို့ တောင်အာဖရိကတို့၊ ပိုလန်တို့ဆီက နမူနာတွေကို ကြည့်လို့ရတယ်။ အငြိုးအတေးတွေကို လျစ်လျူရှုမထားပဲ ကျေအေးစေနိုင်တဲ့နည်းလမ်းတွေ သူတို့ရှာတွေ့သွားကြတာပဲလေ။ ပြီးခဲ့တာတွေကို မင်း မသိချင်ယောင်ဆောင်လို့ မရဘူး၊ လျစ်လျူရှုခြင်းကို လက်ကိုင်ထားရင်တော့ အတိတ်ကအကြောင်းတွေနဲ့ ဆက်ပြီးပတ်သက်နေလို့ မဖြစ်နိုင်ဘူး။ သူတို့တွေက (တောင်အာဖရိက၊ ပိုလန်) အဲဒါကို လျစ်လျူရှုမထားဘူး၊ သူတို့ ရင်ဆိုင်ဖြေရှင်းကြတယ်၊ ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ စိတ်ဆင်းရဲဒုက္ခတွေ အငြိုးအာဃာတတွေကို ဖြေဖျောက်လိုက်နိုင်ကြတယ်။

人物周刊:挑战在于,如何在避免仇恨与报复的同时,又不失掉真相和正义。

SPW: အငြိုးအတေးနဲ့ ကလဲ့စားချေခြင်းကို ရှောင်လွှဲရမယ်၊ တဖက်ကလည်း အမှန်တရားကို ပျောက်ဆုံးမသွားအောင် ထိန်းသိမ်းရမယ်ဆိုတာ တကယ့်စိန်ခေါ်မှုပဲဗျ။

昂山素季:责任担当(accountability),我认为责任担当非常重要。在正义一事上,我常常引用图图大主教的话,他说他相信修复式正义(restorative justice),不相信报复式正义(retributive justice)。我们必须追求的是修复式的正义。

DASSK: တာဝန်ယူတတ်ခြင်း accountability အင်မတန်အရေးကြီးတယ်လို့ အန်တီထင်တယ်။ အမှန်တရားဆိုတဲ့ ကိစ္စအတွက်တော့ ဘုန်းတော်ကြီး Desmond Tutu ရဲ့ စကားကို အန်တီမကြာမကြာ သုံးဖြစ်တယ်။ Restorative justice ကို သူယုံပြီး retributive justice ကို မယုံဘူးလို့ သူပြောတယ်လေ။ အန်တီတို့ ဦးတည်ရမှာက restorative justice ပါပဲ။

人物周刊:我记得图图大主教好像也说过,记住那些作恶的事实,但忘掉那些痛苦的感受。

SPW: “ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို မှတ်ထားပါ၊ ခါးသီးတဲ့ ခံစားချက်တွေကိုတော့ မေ့ပစ်လိုက်ပါ” လို့လည်း ဘုန်းတော်ကြီး Tutu ပြောသေးတယ်မှတ်လား။

昂山素季:是的。人们总说,忘了它吧,原谅它吧。但我觉得有时候真正的原谅是不能遗忘的,你得记住发生过什么事情,你需要忘却的是与之相连的悲苦。

DASSK: ဟုတ်တယ်။ မေ့လိုက်ပါတော့၊ ခွင့်လွှတ်လိုက်ပါတော့ ဆိုပြီး လူတွေပြောလေ့ရှိတယ်။ ဒါပေမယ့် တကယ့်ခွင့်လွှတ်ခြင်းက မေ့ပစ်လို့မရဘူးလို့ အန်တီထင်တယ်၊ ဖြစ်ခဲ့တာတွေကို မှတ်ထားရမယ်၊ မေ့ပစ်ရမှာက အဲဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ စိတ်ဒုက္ခတွေကိုပဲ။

人物周刊:就你个人来说,我记得你说过从未恨过军政府,你说如果你开始恨他们了,你就被打败了。为什么?

SPW: အန်တီ့တစ်ဦးချင်းအနေနဲ့ စစ်အစိုးရကို တခါမှမမုန်းခဲ့ဖူးဘူး၊ သူတို့ကို မုန်းမိပြီဆိုတာနဲ့ အလဲထိုးခံရပြီလို့ ပြောဖူးတယ်နော်၊ ဘာကြောင့်လဲခင်ဗျာ။

昂山素季:我觉得真正的仇恨里藏着恐惧,如果你憎恨对方,你多少也会对他有点害怕。我曾尝试分析人们憎恨的情感,经常发现其中藏有一些恐惧的成分。对于我来说,如果我憎恨军政府,这意味着我怕他们,也就意味着我被他们打败了。

DASSK: အန်တီ့အမြင်ကတော့ တကယ့်အမုန်းတရားမှာ အကြောက်တရားလည်း ခိုအောင်းနေတယ်၊ အကယ်၍ မင်းက တဖက်သားကို မုန်းနေမယ်ဆိုရင် သူ့ကိုလည်း အနည်းနဲ့အများတော့ ကြောက်နေမှာပဲ။ လူတွေရဲ့ မုန်းတီးတဲ့ ခံစားချက်ကို အန်တီ ဆန်းစစ်ကြည့်ဖူးတယ်၊ အမုန်းထဲမှာ ကြောက်ရွံ့မှုတွေ ပါနေတာကို အမြဲလိုလို တွေ့ရတတ်တယ်။ အန်တီ့အနေနဲ့ မြင်တာကတော့ စစ်အစိုးရကို မုန်းတီးနေရင် သူတို့ကို ကြောက်လည်း ကြောက်နေတာပဲ၊ အဲဒါဆိုရင် သူတို့ကို အရှုံးပေးလိုက်တဲ့ သဘောပါပဲ။

人物周刊:你对宽恕的理解是什么?

SPW: ခွင့်လွှတ်ခြင်းကို အန်တီ ဘယ်လိုအနက်ဖွင့်လဲခင်ဗျ။

昂山素季:我觉得这首先是一种理解,理解为什么别人做这样或那样的事。你可能不同意,但你仍可以试着理解对方这样做的原因。如果你不试着理解对方的观点,和解从何谈起呢?

DASSK: နားလည်ခြင်းက အစပြုတယ်လို့ ယူဆပါတယ်၊ တခြားသူတွေ ဒါကိုဘာကြောင့်လုပ်သလဲ၊ ဟိုဟာကိုရော ဘာကြောင့်လုပ်သလဲဆိုတာကို နားလည်ပေးခြင်းပါ။ မင်း သဘောတူချင်မှ တူလိမ့်မယ်၊ ဒါပေမယ့် တဖက်သား အဲသလိုလုပ်ရခြင်း အကြောင်းရင်းကိုတော့ မင်း ကြိုးစားနားလည်ပေးလို့ ရပါတယ်။ တဖက်သားရဲ့ အယူအဆကို နားလည်ပေးဖို့ မကြိုးစားနိုင်ရင်တော့ ကျေအေးဖို့ သင့်မြတ်ဖို့ကို ဘယ်အစပျိုးနိုင်ပါတော့မလဲ။
--
ဆက်ရန်ရှိသည်။ အပြည့်အစုံကို တရုတ်ဘာသာဖြင့် ဖတ်ရှုလိုသူများ ဤသို့ သွားပါ။

တခြားနေရာသို့ ကူးတင်လိုလျှင် ထွက်ရပ်ကိုပါ ဖော်ပြပေးပါ၊ ကျေးဇူးတင်ပါသည်။

19 February 2012

DASSK: Interview with Southern People Weekly (1)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တလောက တရုတ်ပြည်ဂွမ်ဒေါင်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ တရုတ်တွေ မြန်မာကို စီးပွားရေးအခွင့်အရေးတစ်ခုလောက်ပဲ သဘောမထားကြဖို့ (အမြတ်ထုတ်ဖို့လောက် အခွင့်အရေးယူဖို့လောက်ပဲ မစဉ်းစားကြဖို့) ပြောခဲ့တဲ့အကြောင်း ဖတ်မိကြမှာပါ၊ သို့သော် အဲဒီ အင်တာဗျူး အပြည့်အစုံကို သိပ်မတွေ့ရဘူး။ မနေ့က လျှောက်ရှာရင်း တနေရာမှာ တွေ့မိတော့ ဝမ်းသာအားရနဲ့ မြန်မာလို ပြန်လိုက်ပါတယ်။ အစအဆုံး တခါတည်းတင်ချင်ပေမယ့် ကြာနေမှာစိုးလို့ ပြီးသလောက်လေး အရင်တင်လိုက်ပါရစေ။ မူရင်းတရုတ်စာတွေကိုပါ ကူးတင်ထားပါတယ်၊ အမှားတွေ့ရင် (သို့မဟုတ်) ပိုဆီလျော်တဲ့ ပြန်ဆိုချက်ရှိရင် ကော်မန့်မှာ ရေးသွားနိုင်ပါတယ်။ တခြားနေရာမှာ အင်္ဂလိပ်လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ် ပြန်ထားတဲ့ဆိုက်ရှိရင်လည်း ပြောပါဦး၊ ကျနော် ပြန်စရာ မလိုတော့ဘူးပေါ့။

မှတ်ချက်။ ။ ဂေါ်ဇီလာတရုတ်ကို မြန်မာတွေကနေ ပြောင်းလဲပစ်နိုင်တာဆိုလို့ ဒီလိုအတွေးအခေါ်လေးတွေပဲရှိတယ်။ ဒီလိုအင်တာဗျူးမျိုးကို ဗျူးရဲ ဖော်ပြရဲတဲ့ Southern People Weekly magazine ကို ချီးကျူးတာတွေလည်း ဖတ်မိပါတယ်၊ ကွန်မြူနစ်နိုင်ငံမှာ ဒါတွေဖြစ်လာတာ ဝမ်းသာစရာပါ။

--

圖片來源:搜狐文化 之 专访缅甸自由女神昂山素季:追求修复式的正义

人物周刊:缅甸的改革最近引发了很多讨论,有人说缅甸春天来了,你同意吗?

Southern People Weekly magazine: မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဒီတလော လူအတော်များများက ဆွေးနွေးပြောဆိုနေကြတယ်၊ ဒါမြန်မာနိုင်ငံရဲ့ နွေဦးရာသီ ရောက်ပြီလို့ တချို့ကပြောတယ်၊ အန်တီလက်ခံလားခင်ဗျာ။

昂山素季:你知道,在缅甸,我们没有春天,同样我们也没有夏天、秋天和冬天,我们的季节划分非常不同(记者注:缅甸气候受季风影响很大,一年分为热季、雨季和凉季),所以我想(改革)也会以我们自己的方式推进。现在要说改革能带来什么有点为时过早,不过我相信,总统(吴登盛)是希望带来真正变革的。对于大家一起推进变革,我也有信心。

Daw Aung San Suu Kyi: မင်းသိလား၊ တို့မြန်မာပြည်မှာ နွေဦး ဆိုတာမရှိဘူး၊ အဲသလိုပဲ အန်တီတို့မှာ နွေ၊ ဆောင်းဦး၊ ဆောင်း စတဲ့ ရာသီတွေလည်း မရှိဘူး၊ အန်တီတို့ရဲ့ ရာသီဥတုကို ခွဲခြားပုံဟာ အင်မတန်ထူးခြားတယ် (မှတ်ချက် - ရာသီလေဟာ မြန်မာနိုင်ငံ ရာသီဥတုဟာအပေါ် အကျိုးသက်ရောက်မှု အရမ်းရှိတယ်၊ တစ်နှစ်မှာ ပူတဲ့ရာသီ၊ မိုးရွာတဲ့ရာသီရယ် အေးတဲ့ရာသီဆိုပြီး ရာသီသုံးမျိုး ခွဲထားပါတယ်)။ ဒါကြောင့် အန်တီ့အနေနဲ့ (ပြုပြင်ပြောင်းလဲရေးဆိုတာလည်း) ကိုယ့်ပုံစံနဲ့ကိုယ် ရှေ့ဆက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဘာတွေဆောင်ကြဉ်းလာပေးမလဲ ဆိုတာကို အခုပြောဖို့ စောနေပါသေးတယ်၊ ဒါပေမယ့် သမ္မတ (ဦးသိန်းစိန်) ကတော့ စစ်မှန်တဲ့ ပြောင်းလဲရေးကို ဖော်ဆောင်ဖို့ မျှော်လင့်နေတယ် ဆိုတာ အန်တီယုံကြည်တယ်။ အားလုံးပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက်လည်း အန်တီ့မှာ ယုံကြည်ချက်ရှိပါတယ်။

人物周刊:我和缅甸人聊天,他们中的很多人都不相信政府真想改革,你觉得政府推动改革是诚心的,还是只是出于策略?

SPW: ကျနော်တို့ မြန်မာတွေနဲ့ စကားပြောကြည့်ရာမှာ အများစုက အစိုးရပြုပြင်ပြောင်းလဲရေးလမ်းပေါ် လျှောက်နေတာကို မယုံကြဘူး။ အန်တီ့အနေနဲ့ရော၊ ဒါ အစိုးရကိုယ်တိုင် စိတ်ပါလက်ပါ ပြောင်းလဲချင်တာလို့ ထင်သလား၊ ဒါမှမဟုတ် နည်းဗျူဟာအရ လုပ်နေတာလို့ ထင်ပါသလားခင်ဗျ။

昂山素季:我相信总统是真诚的,当然总统也不等于整个政府,但显然,他对政府其他成员有相当的影响力。我也理解很多民众抱怀疑态度,因为他们过去被欺骗过太多次了。但是,我们不能让怀疑阻止自己前进的脚步。

DASSK: သမ္မတက စိတ်သဘောထား အစစ်အမှန်နဲ့ သွားနေတယ်လို့ အန်တီယုံတယ်၊ သို့သော် သမ္မတကို အစိုးရတစ်ရပ်လုံးနဲ့တော့ ညီမျှခြင်းချလို့ မရဘူးပေါ့။ ဒါပေမယ့် သူဟာ တခြားအစိုးရအဖွဲ့ဝင်တွေပေါ်မှာ ဩဇာသက်ရောက်မှု အတော်လေးရှိတာ သိသာပါတယ်။ ပြည်သူအတော်များများ သံသယဝင်နေတာကို အန်တီသဘောပေါက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့တတွေဟာ လိမ်တာညာတာ ခံခဲ့ရပေါင်း များလှပြီလေ။ ဒါပေမယ့် အန်တီတို့ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေမှာ သံသယက အတားအဆီး ဖြစ်မနေသင့်ဘူး။

人物周刊:就你自己来说,会不会担心所有的事情一夜之间倒退回去?这种事情也不是没有发生过。

SPW: အန်တီတစ်ဦးချင်းအနေနဲ့ အရာရာအားလုံး နေ့ချင်းညချင်း နောက်ပြန်ဆုတ်သွားမှာကို စိုးရိမ်မိသလားခင်ဗျ၊ ဒီလိုကိစ္စမျိုးဟာလည်း မဖြစ်ဖူးတာမှ မဟုတ်ပဲလေ။

昂山素季:我不会说我“担心”这个,我只是会记着:有这个可能性。所以不论我做什么,都会争取让这种倒退不再发生,也会在每个议题上都非常努力地确保进步得以持续。

DASSK: အန်တီကတော့ ဒီကိစ္စကို စိုးရိမ်တယ်လို့ ပြောမှာမဟုတ်ဘူး၊ ဒီလိုဖြစ်နိုင်ချေရှိတယ်ဆိုတာကိုတော့ သတိထားနေမှာပါ။ ဒါကြောင့် အန်တီဘာပဲလုပ်လုပ် ဒီလိုနောက်ပြန်ဆုတ်တဲ့ အဖြစ်အပျက်မျိုး ထပ်မဖြစ်ရအောင် တောင်းဆိုတယ်၊ အကြောင်းအရာအားလုံးမှာလည်း ရှေ့ကို မနားတမ်း ဆက်သွားနေတဲ့ အနေအထားရောက်အောင် အင်မတန်ကြိုးစားပြီး ဆောင်ရွက်ပါတယ်။

人物周刊:顺便问一句,你还会称现在的政府是一个“压制性政权”吗?

SPW: စကားမစပ်၊ အခုအစိုးရကိုရော ဖိနှိပ်တဲ့အာဏာရှင်အစိုးရလို့ ခေါ်ဦးမှာလားခင်ဗျာ။

昂山素季:我们得承认,这届政府并非100%的自由和开放,但显然,即使和一年前比,它也更自由和开放了。

DASSK: လက်ရှိအစိုးရဟာ ရာနှုန်းပြည့် လွတ်လပ်ပြီး ပွင့်လင်းမှု မရှိတာ အန်တီတို့ ဝန်ခံရပါမယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ သူဟာ ပိုပြီးလွတ်လပ်၊ ပွင့်လင်းနေပါပြီ။

人物周刊:国际社会能做些什么,以确保缅甸改革不开倒车?

SPW: မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် ဘက်ဂီယာထိုးမသွားအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေလုပ်ပေးနိုင်မယ်ထင်ပါသလဲ။

昂山素季:首先,你得对那些方向正确的变化表示肯定。我想,最好国际社会也能提醒缅甸政府,一旦倒退会招致麻烦后果。

DASSK: ဦးဆုံးအနေနဲ့ ဦးတည်ချက်မှန်နေတဲ့ ပြောင်းလဲရေးတွေကို အသိအမှတ်ပြုရပါမယ်၊ နောက်ပြန်ဆုတ်ရင် ဆိုးကျိုးတွေပဲရှိမယ့်အကြောင်း မြန်မာအစိုးရကို နိုင်ငံတကာက သတိပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

人物周刊:我曾经读过你和 Alan Clement(记者,第一位在缅甸出家的美国人)的对话,你多次提到了缅甸社会的不安全感,这种不安全感从何而来?

SPW: အန်တီနဲ့ Alan Clement (မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရဟန်းဘောင်ဝင်ခဲ့တဲ့ အမေရိကန်လူမျိုး သတင်းထောက်တစ်ဦး) နဲ့ ပြောခဲ့တဲ့စကားတွေကို ကျနော်ဖတ်ဖူးတယ်၊ အဲဒီမှာ အန်တီက မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွင်းက လုံခြုံစိတ်ချမှု မရှိခြင်း (ရတက်မအေးရခြင်း) အကြောင်းကို အကြိမ်ကြိမ် ပြောခဲ့တယ်၊ အဲဒီ စိတ်ထဲက မလုံခြုံခြင်းတွေက ဘယ်ကလာပါသလဲ။

昂山素季:心理学家会说,这和我们的孩子们长大的环境有关。所以我想如果我们回到社会根源上,去问一问为何有这种不安全感,就会发现这和我们国家的历史有关。一个国家的历史会影响国民思考问题的方式。

DASSK: ဒါဟာ အန်တီတို့ ရင်သွေးတွေရဲ့ ကြီးပြင်းမှုပတ်ဝန်းကျင်နဲ့ ဆိုင်တယ်လို့ စိတ်ပညာရှင်တွေ ပြောတတ်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ ဇစ်မြစ်ကိုပဲ ပြန်သွားပြီး လူတွေကို ဘာဖြစ်လို့ ဒီလိုခံစားမှုမျိုး ရှိရသလဲ ဆိုတာကို မေးကြည့်ရမယ်၊ အဲသလို မေးကြည့်ရင် ဒါဟာ အန်တီတို့နိုင်ငံရဲ့ သမိုင်းနဲ့ ပတ်သက်နေတယ်ဆိုတာ တွေ့ရလိမ့်မယ်။ နိုင်ငံတနိုင်ငံရဲ့သမိုင်းဟာ သူ့ပြည်သူတွေ ပြဿနာဖြေရှင်းတဲ့ ပုံစံပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။

人物周刊:该怎样消除人们的不安全感?

SPW: ဆိုတော့ အဲသလို (ရတက်မအေးရတဲ့) စိတ်ခံစားမှုမျိုးကို ဘယ်လိုဖယ်ရှားပေးရမလဲခင်ဗျာ။

昂山素季:我想有两条途径。其一是物质上的,要消除不安全感,你首先得让人们衣食无忧,不必担心基本生活需要;与此同时,你也得处理精神层面的问题,我们必须让人们更加自信,我想这和教育及能力培养息息相关。如果人们相信他们能够为自己发声、为自己工作、为自己创造出更有意义的生活,他们的自信心便会得到增强。

DASSK: နည်းလမ်းနှစ်မျိုးရှိတယ်လို့ အန်တီထင်တယ်။ တစ်မျိုးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ ရတက်မအေးရခြင်းကို ဖျောက်ဖျက်ပစ်ရမယ်၊ အရင်ဆုံး ပြည်သူတွေကို စားဝတ်နေရေး ဖူလုံစေရမယ်၊ အခြေခံလိုအပ်ချက်တွေ အတွက် စိုးရိမ်ပူပန်စရာ မလိုအောင် ဖြစ်နေစေရမယ်။ တချိန်တည်းမှာ စိတ်ပိုင်းဆိုင်ရာကိုလည်း ကိုင်တွယ်ရမယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာအောင် လုပ်ပေးရမယ်၊ ဒါဟာ ပညာရေး၊ စွမ်းရည်ပိုင်းဆိုင်ရာ ပျိုးထောင်ပေးခြင်း စတာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ အကယ်၍သာ လူတွေဟာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ကိုယ်တိုင် ပြောဆိုတတ်လာမယ်၊ ကိုယ့်ရပ်တည်ရေးအတွက် ကိုယ်ကိုယ်တိုင် လုပ်ကိုင်စားသောက်လာနိုင်မယ်၊ ကိုယ့်အနာဂတ်အတွက် ကိုယ်ကိုယ်တိုင် အကျိုးရှိတဲ့ဘဝမျိုး တည်ဆောက်လာနိုင်မယ်ဆိုခဲ့ရင် သူတို့ရဲ့ ယုံကြည်မှုတွေလည်း ခိုင်မာလာမှာပဲ။

人物周刊:我读到资料说你曾致信联合国,反驳“先经济后政治”的改革发展模式?

SPW: {စီးပွားရေးအရင်၊ နိုင်ငံရေးနောက်မှ} ဆိုတဲ့ ပြုပြင်ရေးလမ်းစဉ်ကို အန်တီ ကုလသမဂ္ဂအထိ စာရေးပြီးဆန့်ကျင်တဲ့အကြောင်း ကျနော်ဖတ်ခဲ့ဖူးတယ်။

昂山素季:我并没有写信给联合国,但我在演讲和文章中都常常提到,经济改革和政治改革必须携手前进、不可分割。如果其中一个缺席,另一个也将难以持续。

DASSK: အန်တီ ကုလသမဂ္ဂဆီ စာမရေးခဲ့ပါဘူး၊ ဒါပေမယ့် ဟောပြောတဲ့အခါနဲ့ ဆောင်းပါးရေးတဲ့အခါတွေမှာ အမြဲလိုလို ပြောဖြစ်တယ်၊ စီးပွားရေးပြောင်းလဲခြင်းနဲ့ နိုင်ငံရေးပြောင်းလဲခြင်းဟာ လက်တွဲညီညီနဲ့ အတူသွားရမယ်၊ ခွဲခြမ်းပြီးပြောလို့ မရဘူး။ ဒီနှစ်ခုထဲက တစ်ခုခုသာ မရှိလို့ရှိရင် နောက်တစ်ခုက ရှေ့ဆက်သွားဖို့ ခဲယဉ်းပါလိမ့်မယ်။

人物周刊:但也有人会持肯定态度。至少他们曾经从经济改革中受益。

SPW: ဒါပေမယ့် (အဲဒီလမ်းစဉ်ကို) အသိအမှတ်ပြုသူလည်းရှိမယ် ထင်တယ်ခင်ဗျ၊ အနည်းဆုံး အဲလိုလမ်းစဉ်ကနေ သူတို့အကျိုးအမြတ်ရခဲ့တာပဲလေ။

昂山素季:那我就要问一个问题:好吧,你挣到了钱,你觉得你的钱是安全的吗?你觉得你自己是安全的吗?当我说到这里时,事情就变成了一个政治问题。我觉得人们都应该想一想,好,你可以先赚钱,你可以不问政治,不关心政治改革,但你是否希望你辛辛苦苦赚到的钱能以权利的形式为你所有,而不会被非法剥夺?

DASSK: ဒါဆို အန်တီမေးခွန်းတစ်ခုမေးမယ်၊ ကောင်းပြီ၊ မင်းပိုက်ဆံရှာနိုင်ပြီ၊ ဒီငွေတွေအတွက် မင်း ရတက်အေးသလား၊ မင်းကိုမင်း လုံခြုံပြီလို့ ထင်သလား။ ဒီအထိပြောအပြီးမှာ ဒီကိစ္စက နိုင်ငံရေးခေါင်းစဉ်အောက် ရောက်သွားပြီ။ ငွေအရင်ရှာတာဟုတ်ပြီ၊ နိုင်ငံရေးကို လုံးဝမထိဘူး၊ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို ဂရုမစိုက်ဘူး၊ ဒါပေမယ့် ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေကို ဥပဒေဘောင်အတွင်းကနေ မပိုင်ဆိုင်ချင်ကြဘူးလား၊ မတရားသောအားဖြင့် ခေါင်းပုံဖြတ်ခံရမှာကို မကာကွယ်ချင်ကြဘူးလား ဆိုတဲ့ မေးခွန်းမျိုး လူတိုင်းစဉ်းစားကြည့်သင့်တယ်လို့ အန်တီထင်တယ်။

人物周刊:你怎么看待所谓的“亚洲价值”?

SPW: အာရှတန်ဘိုး ဆိုတာကို အန်တီဘယ်လိုမြင်ပါသလဲ။

昂山素季:我发觉稍微有一点难以理解。我曾在印度生活过多年,我虽然从未在中国生活过,但我也读过不少关于中国的书。在我看来,中国价值和印度价值就有很大的不同,当然,缅甸价值和中国或者印度的价值又很不一样。所以我不太明确当人们提及“亚洲价值”时是想说些什么,也许你能给我解释一下?

DASSK: နည်းနည်းနားလည်ရခက်တယ်လို့ သတိထားမိတယ်။ အိန္ဒိယနိုင်ငံမှာ အန်တီ နှစ်အတန်ကြာနေဖူးတယ်၊ တရုတ်ပြည်မှာတော့ မနေဖူးပေမယ့်လို့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ဖတ်ဖူးပါတယ်။ အန်တီအနေနဲ့ပြောရရင်၊ တရုတ်တန်ဘိုးနဲ့ အိန္ဒိယတန်ဘိုးမှာတင် ကွဲပြားချက်တွေ အများကြီးရှိတယ်၊ အင်းပေါ့၊ မြန်မာတန်ဘိုးကလည်း တရုတ် သို့မဟုတ် အိန္ဒိယတန်ဘိုးနဲ့ မတူပြန်ပါဘူး။ ဒါကြောင့် လူတွေက အာရှတန်ဘိုး လို့ ပြောကြတဲ့အခါ ဘာကိုဆိုလိုမှန်း သိပ်မသိပါဘူး၊ မင်းရှင်းပြနိုင်ရင် ရှင်းပြပေးပါလား။

人物周刊:新加坡和马来西亚的一些领导人和学者在1990年代提出它时,大概是想强调亚洲与西方在价值观上的不同,比如亚洲人更看重集体,而西方人更在意个人;亚洲人更推崇和谐,而西方人更强调自由……

SPW: စင်္ကာပူနဲ့ မလေးရှားက ခေါင်းဆောင်တချို့နဲ့ ပညာရှင် (စကော်လာ) တချို့ ၁၉၉၀ ဝန်းကျင်လောက်မှာ အဲဒီဝေါဟာရကို စသုံးခဲ့တုန်းက အာရှနဲ့ အနောက်နိုင်ငံတွေရဲ့ တန်ဘိုးထားပုံချင်း မတူတာကို အဓိက ပြောချင်ပုံရတယ်။ ဥပမာ အာရှသားတွေက အစုအဖွဲ့ကို ပိုအလေးပေးပြီး အနောက်တိုင်းသားတွေက တဦးတယောက်ချင်းကို ပိုဦးစားပေးတယ်။ အာရှသားတွေက ဟန်ချက်မပျက်ဖို့ (ဟာမိုနီဖြစ်ဖို့) ပိုဂရုစိုက်ပြီး အနောက်တိုင်းသားတွေက လွတ်လပ်ခွင့်ကို ပိုတန်ဘိုးထားတယ်။

昂山素季:真是这样的吗?我很怀疑亚洲人是否真的把集体放在个人前面。有时候我们在缅甸会抱怨民众缺乏公民意识,说他们没有一种社区感和集体感,所以我不知道能不能说我们亚洲人比西方人更有集体意识。也许是西方发展到了一定的阶段,所以他们有资本更多地强调个人自由?我知道中国这些年取得了巨大的经济突破,所以你也许会发现中国人越来越多地强调自我,但却慢慢失掉了集体甚至家庭的价值?是这样吗?我想随着经济的发展,这是在全世界都会出现的现象,当竞争越发激烈时就尤为如此。

DASSK: ဒါ အမှန်ပဲလား၊ အာရှသားတွေ တကယ်ပဲ အစုအဖွဲ့ကို ဦးစားပေးတာ အန်တီတော့ သံသယဖြစ်မိတယ်။ တခါတလေ အန်တီတို့ မြန်မာပြည်က ပြည်သူတွေမှာ civil awareness မရှိကြဘူး၊ လူအဖွဲ့အစည်းစိတ်ဓာတ်နဲ့ အသင်းအဖွဲ့စိတ်ဓာတ်လည်း မရှိကြဘူးလို့ တိုင်တောကြတယ်၊ ဒါ့ကြောင့် အန်တီတို့ အာရှသားတွေမှာ အနောက်တိုင်းသားတွေထက် အသင်းအဖွဲ့စိတ်ဓာတ်ရှိတယ်လို့ ပြောလို့ရမရ အန်တီမသိဘူး။ အနောက်နိုင်ငံတွေက အတိုင်းအတာတခုထိ ဖွံ့ဖြိုးတိုးတက်ပြီးသွားတော့ သူတို့မှာ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ပိုအလေးထားနိုင်တာလည်း ဖြစ်နိုင်မယ်ထင်တယ်။ ဒီနှစ်ပိုင်း တရုတ်နိုင်ငံမှာ စီးပွားရေးအရ အောင်မြင်မှုတွေ အင်မတန်ရထားတာ အန်တီသိတယ်၊ ဒါကြောင့် တရုတ်နိုင်ငံသားတွေ ကိုယ့်အတွက်ပဲ ပိုဦးစားပေးလာတာ မင်း သတိထားမိမှာပါ၊ ဒါပေမယ့် အသင်းအဖွဲ့တန်ဘိုး၊ မိသားစုတန်ဘိုးတွေ တဖြည်းဖြည်း ဆုတ်ယုတ်သွားမယ်ထင်တယ်၊ ဟုတ်လား။ ဒါတွေဟာ စီးပွားရေး တိုးတက်မှုနဲ့အတူ တကမ္ဘာလုံးမှာ ဖြစ်ပေါ်လာတတ်တဲ့ အကျိုးဆက်တွေပဲလို့ အန်တီထင်တယ်၊ ပြိုင်ဆိုင်မှုများလေလေ ပိုသိသာလေလေပဲ။
--
ဆက်ရန်ရှိသည်။ အပြည့်အစုံကို တရုတ်ဘာသာဖြင့် ဖတ်ရှုလိုသူများ ဤသို့ သွားပါ။

တခြားနေရာသို့ ကူးတင်လိုလျှင် ထွက်ရပ်ကိုပါ ဖော်ပြပေးပါ၊ ကျေးဇူးတင်ပါသည်။

17 February 2012

“藏”在瑞丽深巷里的缅语小学校

မနေ့က တင်လိုက်တဲ့ပို့စ်မှာ ပုံတစ်ပုံတည်းပါတာ အားမရလို့ ဒီနေ့ဂူဂယ်လ်ကြည့်တယ်၊ ရွှေလီမှာ မြန်မာစာသင်နေတဲ့ ကလေးငယ်လေးတွေရဲ့ ဓာတ်ပုံတွေ တွေ့မိတာနဲ့ မူရင်းဓာတ်ပုံပိုင်ရှင် 阿卓志鴻 ကို စာရေးခွင့်တောင်းပြီး ကူးတင်လိုက်ပါတယ်။ မူရင်းစာသားတွေကိုပါ ဘာသာပြန်လိုက်ပါတယ်။ (ဆိုင်းအောင်ရေ၊ ဓာတ်ပုံဆရာက မြန်မာတွေ ကချင်တွေ ဆိုပြီး ခွဲမရေးတော့ ကျနော်လည်း သူရေးသလိုပဲ မြန်မာလို့ပဲ ခြုံရေးလိုက်ပါတယ်၊ သိပ်ပြီး sensitive မဖြစ်ပါနဲ့ဗျာ)
--

在云南瑞丽这座与缅甸相邻的城市里生活着许多缅甸人,他们绝大部分是在这里做珠宝、外贸等生意,也有部分从事服务行业,如在餐饮娱乐场所当服务员、在货场当搬运工等等。走在瑞丽的大街小巷随处可见缅甸人,如果不是街上那些中文的招牌,还以为是已经进入了缅甸的某座城市。
မြန်မာနိုင်ငံနဲ့ နယ်ချင်းဆက်နေတဲ့ ယူနန်ရွှေလီမြို့လေးမှာ မြန်မာတွေ အများကြီးနေကြတယ်၊ အများစုက ကျောက်အရောင်းအဝယ်လုပ်သူတွေနဲ့ ကုန်ကူးကြသူတွေပါ၊ ဝန်ဆောင်မှုလုပ်ငန်းထဲမှာ လုပ်နေကြတဲ့သူတွေလည်း ရှိပါရဲ့၊ ဥပမာ စားသောက်ဆိုင်တွေမှာ စားပွဲထိုးတာမျိုး၊ ပွဲရုံတွေမှာ ကုန်တင်ကုန်ချ လုပ်တာမျိုးပေါ့။ ရွှေလီရဲ့ လမ်းမကြီးငယ်နေရာတိုင်းမှာ မြန်မာတွေကို တွေ့နိုင်တယ်၊ ဆိုင်းဘုတ်တွေပေါ်က တရုတ်စာတွေကြောင့်သာမဟုတ်ရင် မြန်မာပြည်ထဲက မြို့လေးတမြို့ထဲ ရောက်နေသလားလို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ပါတယ်။

我这个人有个习惯,就是每到一个地方都会把那里的大街小巷全逛完。正是因为这个习惯,所以在国庆期间,我在瑞丽的一条深巷里找到了一所缅甸人办的缅语小学校。
ကျုပ်မှာ အကျင့်တခုရှိတယ်ဗျ၊ အဲဒါကတော့ ရောက်လေရာမြို့မှာ လမ်းမကြီးတွေရော၊ လမ်းကြိုလမ်းကြားတွေပါမကျန် အကုန်လျှောက်သွားတတ်တာပဲ။ အဲဒီအကျင့်လေးကြောင့်ပဲ အမျိုးသားနေ့ (ပိတ်ရက်) မှာ ရွှေလီမြို့ရဲ့ လမ်းကြားလေးတစ်ခုထဲက မြန်မာတွေဖွင့်ထားတဲ့ မြန်မာစာသင်တန်းကျောင်းကို ရောက်ခဲ့တာပေါ့။


这所缅语学校很偏僻,位于瑞丽市台丽街的一条巷子里。
ဒီကျောင်းလေးက အင်မတန်ဂျောင်ချတယ်၊ ရွှေလီရဲ့ ထိုင်လိလမ်းထဲက လမ်းသွယ်လေးထဲမှာပါ။

其实这所缅语学校还不如叫缅语班,因为该学校的办学规模很小,较简陋,只有两间不到40平米教室,其中一间还是搭建的简易帐篷。有65名学生、三名教师,学生的年龄在4岁至12岁之间,都是来自缅甸的孩子。这些孩子的父母绝大部分都是在瑞丽做珠宝生意,所以孩子们的家庭条件都是还很不错的。
တကယ်တမ်း ဒီကျောင်းကို ကျောင်းလို့မခေါ်ပဲ မြန်မာစာသင်တန်းလို့ပဲ ခေါ်သင့်တယ်ဗျ၊ ဘာလို့လဲဆိုတော့ ကျောင်းလေးက သေးလွန်းတယ်၊ ဖြစ်သလိုပဲ ခင်းကျင်းထားတာ။ ၄၀ စတုရန်းမီတာလောက်ပဲရှိတဲ့ စာသင်ခန်း နှစ်ခန်းရှိတယ်၊ ဒါတောင်မှ တစ်ခန်းက မိုးကာလေးနဲ့ ဖြစ်သလိုကာထားတဲ့ အဖီလေးပါ။ ကျောင်းသား ၆၅ ယောက်နဲ့ ဆရာ ၃ ယောက်ရှိတယ်။ ကလေးတွေရဲ့ အသက်က ၄ နှစ်ကနေ ၁၂ နှစ်အကြားရှိပြီး အားလုံးက မြန်မာပြည်က ကလေးတွေပါပဲ။ ဒီကလေးတွေရဲ့ မိဘတွေထဲမှာ အများစုက ရွှေလီမှာ ကျောက်အရောင်းအဝယ် လုပ်နေတာ၊ ဒါကြောင့် ကလေးတွေရဲ့ မိသားစုအခြေအနေက မဆိုးဘူးလို့ ပြောရမယ်။

学校是一位缅甸人创办的,属缅语教学,设幼儿班及小学班。收费标准是每人每月100元人民币,不分年龄及年级,包接送。
ကျောင်းတည်ထောင်သူက မြန်မာပါပဲ၊ သင်တာက မြန်မာစာပေါ့၊ မူကြိုနဲ့ မူလတန်းဆိုပြီး ခွဲထားတယ်။ ကျောင်းလခက တစ်ယောက်ကို ယွမ်ငွေ ၁၀၀ ပါ၊ အသက်မခွဲဘူး၊ အတန်းမခွဲဘူး၊ ဒီဈေးပဲ။ အကြိုအပို့ပါပြီးသားပါ။


教室虽说拥挤了点,但是孩子们的学习氛围很浓。
စာသင်ခန်းက နည်းနည်းကြပ်တယ်ဆိုပေမယ့် ကလေးတွေက ပြုံးပြုံးရွှင်ရွှင်ပါပဲ။


墙上挂满了孩子们的书包。
ကလေးတွေရဲ့လွယ်အိတ်တွေချိတ်ထားတာ နံရံအပြည့်ပါပဲ။


这个可爱的小同学脸上擦的是一种缅甸人自制的防晒霜。
ဒီချစ်စရာကောင်းတဲ့ ကျောင်းသားလေးရဲ့ မျက်နှာပေါ်မှာ လိမ်းထားတာက မြန်မာတွေထွင်ထားတဲ့ နေလောင်ဒဏ်ကာကွယ်တဲ့ လိမ်းစရာတမျိုးပါ။


教室里挂着学校负责人的照片。
စာသင်ခန်းထဲမှာ ကျောင်းတာဝန်ရှိသူရဲ့ဓာတ်ပုံကို ချိတ်ထားတယ်။


教室外停着接送孩子们的三轮摩托车。
စာသင်ခန်းအပြင်မှာတော့ ကလေးတွေကို ကြိုပို့လုပ်ပေးတဲ့ သုံးဘီးဆိုင်ကယ်လေး ရပ်ထားပါတယ်။ (TZA: ကျောင်းနာမည်လေးက “ပညာဘဏ်” တဲ့ဗျ၊ မိုက်တယ်)





很多离家较远的学生中午的午餐都是在学校里吃,但食物都是学生们自己带来的。
အိမ်နဲ့ဝေးတဲ့ ကျောင်းသူကျောင်းသားလေးတွေဟာ နေ့လည်စာကို ကျောင်းမှာပဲစားကြတယ်၊ အစားအသောက်တွေကိုတော့ သူတို့ဟာသူတို့ ယူလာကြတာပါ။





အောက်မှာ ဓာတ်ပုံနဲ့စာပိုင်ရှင်ရဲ့ လင့်ခ်တွေရှိပါတယ်၊ အဲဒီမှာလည်း သွားကြည့်နိုင်ပါတယ်။ (တစ်ယောက်တည်းက နှစ်နေရာတင်ထားတာပါ)


(1) “藏”在瑞丽深巷里的缅语小学校(组图14张)

(2) 【缅甸人在中国】“藏”在瑞丽深巷里的缅语小学校(组图14张)
--
တရုတ်ပြည်ထဲကို စက်ဘီးနဲ့သွားပြီး တရုတ်စာသင်တဲ့ မြန်မာကလေးတွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ နိုင်ငံခြားကို နေ့ချင်းပြန်သွားပြီးပညာသင်တာကွ၊ ဘာမှတ်လဲ :D

16 February 2012

Influx & Efflux

EMG ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ “မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား” ဖတ်အပြီးမှာ တဆက်တည်းကြည့်မိတဲ့ ပုံလေးတစ်ပုံကို တိုက်တိုက်ဆိုင်ဆိုင်မို့လို့ တင်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်၊ ယူနန်ပြည်နယ် ရွှေလီမှာ တရုတ်ပြည်ထဲကို ပြုံပြီးဝင်လာတဲ့ မြန်မာကလေးငယ်တွေ သင်္ချာသင်နေပုံပါ။


2月9日,云南瑞丽,涌入中国境内的缅甸儿童在上数学课。 WongCampion/摄 [source: ifeng]

15 February 2012

Housing DEF...

ပထမပို့စ်မှာ ရေးခဲ့သလိုပဲ ကျနော်အခုရေးနေတာက HDB အိမ် ဝယ်တဲ့အကြောင်းပါ၊ ဘောင်ကို ထပ်ကျဉ်းရရင် HDB ရဲ့ အိမ်ဟောင်း resale flat ကို ဝယ်ရောင်းဈေးကွက် open market ထဲကနေ ဝယ်တဲ့အကြောင်းပေါ့။ ရှေ့ဆက်ရေးမယ့် အကြောင်းအရာတွေက ဒီအနေအထားပေါ်မှာ ဦးတည်ရေးသွားမှာပါ၊ သိပ်မဆိုင်တဲ့ တခြားကိစ္စမျိုး၊ ဥပမာ နိုင်ငံခြားသားက ကွန်ဒိုဝယ်တာမျိုးကို သိပ်နားမလည်လို့ ရေးမနေတော့ပါဘူး၊ သိချင်တာရှိရင်တော့ မေးသွားနိုင်ပါတယ်၊ ဖြေပေးနိုင်မယ် ထင်ရတဲ့ အသိမိတ်ဆွေတွေကို မေးပေးပါမယ်။

(၅) အိမ်ပေါက်ဈေး -- Valuation & COV

Resale အိမ်ဟောင်းတွေရဲ့ ဈေးနှုန်းဆိုရာမှာ နှစ်ပိုင်းရှိတယ်၊ တစ်ခုက ရာဖြတ်တွေက အိမ်သက်တမ်း၊ တည်နေရာ၊ အထပ်အနိမ့်အမြင့်၊ အကျယ်အဝန်း၊ အပြင်အဆင်၊ စတာတွေကို ချင့်ချိန်ပြီး ဖြတ်ပေးထားတဲ့ အိမ်တန်ဘိုး Valuation Price ပါ။ နောက်တစ်ခုက အဲဒီ ရာဖြတ်ဈေးပေါ်မှာ အိမ်ရှင်က လောဘတကြီး ထပ်တင်ထားတဲ့ အပိုငွေသား Cash Over Valuation ခေါ် COV ပါ။ စီးပွားရေးအခြေအနေ ကောင်းနေရင်၊ ဝယ်လိုအားလည်း များနေရင် COV က အပေါ်ကို တက်နေမှာပါပဲ၊ ရင်းနှီးထားမှတော့ မြတ်ချင်သူချည်းပဲလေ။ ငွေသား Cash လို့ ဆိုရခြင်းက အဲဒီအပိုငွေကို CPF ပိုက်ဆံနဲ့ ပေးချေလို့ မရပါဘူး၊ ငွေသားနဲ့ပဲ ပေးရပါတယ်။ ဈေးကွက်အခြေအနေ မဟန်တဲ့ ၂၀၀၇ တုန်းကဆိုရင် COV မပြောနဲ့၊ ရာဖြတ်ဈေးကိုတောင် ထပ်နှိမ်ပြီးမှ ဈေးတည့်သွားကြတာမျိုးဗျ၊ ဥပမာ ၁၀၀ တန်ပါတယ် ဆိုတဲ့အိမ်ကို ဝယ်သူက ၉၀ ပေးပြီးဝယ်တာပေါ့လေ၊ ခုတော့ ၁၀၀ တန်အိမ်ကို အပိုငွေဆောင်းပေးပြီး ၁၁၀ နဲ့ ဝယ်နေရတဲ့ သဘောပေါ့။

ကာလပေါက်ဈေးဆိုလို့ HDB ရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Centralised Map Services ကို အင်မတန် သဘောကျတယ်ဗျာ၊ အိမ်ရှာနေသူများ များများသုံး၊ နာနာသုံး၊ အားရပါးရသုံးပါ။

Centralised Map Services

ညာဖက်ဘေးမှာ ကိုယ်ရှာချင်တဲ့တိုက်ရဲ့ ဘလော့ခ်နံပါတ်ရိုက်ထည့်၊ သက်ဆိုင်ရာလမ်းနာမည်ရွေးပြီး အောက်က Look for နေရာမှာ Flat Information ကို အမှန်ခြစ်လိုက်ရင် ညာဖက်မြေပုံမှာ အဲဒီတိုက်နဲ့ အနီးအနားက ဧရိယာတခုလုံး ပေါ်လာပြီး တိုက်တွေအပေါ်မှာ အနီရောင် စတုဂံတုံးလေးတွေ ပေါ်လာမယ်၊ အဲဒီအတုံးလေးကို အားမနာတမ်း နှိပ်လိုက်ပါ၊ ပေါ်လာတဲ့ box ထဲမှာ postal code နဲ့တကွ လိပ်စာအပြည့်အစုံကို ထိပ်စီးမှာ တွေ့ရမှာဖြစ်ပြီးတော့ သူ့အောက်မှာ ရွေးစရာ ကြည့်စရာ option လေးခုတိတိ တွေ့နိုင်ပါတယ်။ ပထမဆုံး Resale Flat Prices ကတော့ ကာလပေါက်ဈေးကို အကဲခတ်ဖို့ အကောင်းဆုံးသော၊ ဖောက်ထွင်းမြင်သာမှု အရှိဆုံးသော ကိရိယာပါပဲ။ အဲဒီမှာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း တည့်သွားတဲ့ ဈေးတွေကို တွေ့နိုင်ပါတယ်။ ဆောက်တဲ့ခုနှစ်၊ ရောင်းတဲ့ခုနှစ်၊ အိမ်အကျယ်အဝန်း စတာတွေလည်း ပြထားပါတယ်။ တခြား options တွေဖြစ်တဲ့ Ethnic Group Eligibility... တို့၊ HDB's Upgrading/Estate... တို့ Distance Enquiry for.. တို့ကိုလည်း တခုချင်း ဝင်ကြည့်နိုင်ပါတယ်။ အောက်က ဥပမာကတော့ ကျနော်တို့ အင်မတန်ကြိုက်တဲ့ Woodlands MRT နောက်ဖက် Civic Center နားက အိမ်တွေပါ၊ ၂၀၁၁ နှစ်ဆန်းက သွားကြည့်ခဲ့တာ သုံးခါလား လေးခါလား မသိတော့ဘူး၊ တခါမှ ကိုယ်နိုင်တဲ့ဈေးနဲ့ မကြုံခဲ့လို့ အခုတော့ အင်တာနက်ပေါ်ကပဲ လွမ်းလွမ်းနေရတာပေါ့လေ။ ဇူလိုင်တုန်းက တည့်ခဲ့တဲ့ဈေး ၄၀၇၈၀၀ ကတော့ မဆိုးဘူး ပြောရမယ်ဗျ၊ ရသွားတဲ့သူ ကံကောင်းတာပဲ။ အဲ၊ ဒီမှာပြထားတဲ့ တန်ဘိုးတွေက Cash Over Valuation ဆိုတဲ့ COV (ရှိခဲ့သော်) ထည့်ပေါင်းထားပြီးသား နောက်ဆုံးဈေးပါ။



Distance ကြည့်တာကတော့ ကိုယ်တွေနဲ့ သိပ်မဆိုင်ဘူး၊ နိုင်ငံသားတွေ ထောက်ပံ့ကြေး ပိုလျှောက်ချင်လို့ မိဘအိမ်နဲ့ နီးတဲ့နေရာ ဝယ်ကြတဲ့အခါ သတ်မှတ်ထားတဲ့ အကွာအဝေးထဲ ရောက်မရောက်ဆိုတာ ကြည့်ဖို့ပါ။ Ethnic quota နဲ့ Upgrading တို့ကတော့ သိပ်အရေးကြီးပါတယ်၊ အိမ်ယာတိုင်းမှာ တရုတ်ဘယ်လောက်၊ ကုလားဘယ်လောက်၊ မလေးဘယ်လောက် စသဖြင့် လူမျိုးခွဲတမ်းနဲ့ နေရတော့ ကိုယ်နဲ့ဆိုင်တဲ့ လူမျိုးခွဲတမ်း ပြည့်နေပြီးလား ဘာလား ကြည့်ရပါတယ်၊ ခွဲတမ်းမရှိတော့ရင် ဘယ်လောက်ပေးပေး ဝယ်လို့မရပါဘူး၊ ပီအာရ်ခွဲတမ်းလည်း ရှိပါတယ်၊ ဒါပေမဲ့ များသောအားဖြင့် ရပါသေးတယ်၊ ပီအာရ် ခွဲတမ်းပြည့်တာမျိုး ကျနော်ကတော့ မကြုံဖူးဘူး။ Upgrading မှာ အဓိက ကုန်ကျစရိတ် များတာက Lift Upgrading Programme (LUP) ဆိုတဲ့ ဓာတ်လှေခါး upgrading လုပ်ခြင်းပါ၊ ကျနော်တို့ အခုဝယ်ဖြစ်တဲ့အိမ်ဆို ဓာတ်လှေခါးပါပေမယ့် အိမ်ဟောင်းတွေ ထုံးစံအတိုင်း အထပ်တိုင်းမရောက်ဘူး၊ အရှိန်နှေးတယ်။ အဲဒါတွေကို HDB က ဇုန်အလိုက် တဆင့်ချင်း ပြန်လဲပေးပါတယ်၊ ကုန်ကျစရိတ်ကို မျှခံပြီး အိမ်ပိုင်ရှင်တွေဖက်ကလည်း အချိုးကျ စိုက်ထုတ်ပေးရတယ်။

အိမ်ရဲ့ဒီဇိုင်း၊ အခန်းတွေရဲ့ ဖွဲ့စည်းပုံကို ကြည့်ပြီး ရှိရင်းစွဲ ဓာတ်လှေခါးကို အထပ်တိုင်းရောက်ပြီး အရှိန်ပိုမြန်တဲ့ဟာနဲ့ လဲပစ်တာမျိုး ရှိသလို၊ အထပ်တထပ်လုံး ပတ်ပတ်လည် ကော်ရိုက်တာ corridor ဖောက်လို့ မရနိုင်တဲ့ တိုက်ပုံစံမျိုးဆိုရင်တော့ အပိုဓာတ်လှေခါး သုံးလေးငါးစင်း ထပ်တပ်ရတယ်။ တပ်ဆင်တဲ့ အခြေအနေအရ တတိုက်နဲ့တတိုက် ကုန်ကျစရိတ်က ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ဒီမှာ အဓိကပြောရမှာကတော့ နိုင်ငံသားနဲ့ ပီအာရ်ရဲ့ ကွာခြားချက်ပါပဲ။ ဓာတ်လှေခါး upgrade မလုပ်ခင် အိမ်တိုင်းကို မဲကောက်ပြီးမှ လုပ်မလုပ် ဆုံးဖြတ်တာပါ၊ ဒါပေမဲ့ ပီအာရ် အိမ်ပိုင်ရှင်က မဲပေးခွင့်မရှိဘူး၊ နိုင်ငံသား အိမ်ပိုင်ရှင်တွေပဲ လုပ်၏ မလုပ်၏ ဆုံးဖြတ်ခွင့်ရှိတယ်။ ဆိုတော့ မဲအသာရပြီး လုပ်ဖြစ်တာက များပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဓာတ်လှေခါးတွေ အသစ်လဲပြီးလို့ အချိန်တန်ရင် နိုင်ငံသားတွေ ပေးရတဲ့အချိုးနဲ့ ပီအာရ်တွေ ပေးရတဲ့အချိုးက အတော်ကြီးကို ကွာတယ်ဗျ၊ ဆယ်ဆလောက်တောင် ကွာနိုင်တယ်။ များသောအားဖြင့် LUP အတွက် နိုင်ငံသားအိမ်ရှင်တွေက ထောင်ဂဏန်း (၂၀၀၀၊ ၃၀၀၀ လောက်) ပေးရပြီး ပီအာရ်ကျတော့ သောင်းဂဏန်း (၁၀၀၀၀၊ ၂၀၀၀၀ စသဖြင့်) ပေးရတတ်တယ်။ ဒါတွေကို CPF ထဲက အရစ်ကျ ထုတ်ပေးလို့ရတယ် ဆိုပေမယ့် မြင်သာမြင်ရ မကြင်ရတဲ့ CPF ထဲက ပိုက်ဆံဟာလည်း ပိုက်ဆံပဲလေ၊ ဟုတ်ဖူးလား။

Look for အောက်မှာ Resale Transactions ဆိုတာလည်း တော်တော်အသုံးတည့်တယ်၊ သူက ကိုယ်ရွေးထားတဲ့ တိုက်အပြင် အနီးတဝိုက်က တိုက်တွေရဲ့ တည့်သွားတဲ့ဈေးကိုလည်း တစုတစည်းတည်း ပြပေးပါတယ်။ Excel ပေါ်ကူးတင်ပြီး လိုသလို sort လုပ်ကြည့်နိုင်ပါတယ်။ တကယ့်ကို ရှင်းရှင်းထင်းထင်း ရှိလှတဲ့ market driven ကာလပေါက်ဈေးပါပဲ။ အိမ်ဈေးတက်တာ ဈေးတအားလိုက်ပေးတဲ့ ပီအာရ်တွေကြောင့်လား၊ လောဘဇောတက်နေတဲ့ အိမ်ပိုင်ရှင်တွေကြောင့်လား၊ ငွေပုံပေါ်ထိုင်ပြီး ဘာလာလာဒေါင်းတဲ့ သူထိန်းတွေကြောင့်လား ပြောရခက်ပါတယ်။ သေချာတာကတော့ ဘာပဲလုပ်လုပ်၊ မျက်လုံးတွေဖွင့် နားတွေစွင့်ထားပြီး အားအားရှိ ပေသီးခေါက်နေမှ တော်ကာကျတဲ့ စင်္ကာပူပါပဲ၊ ဟူး။
--
ဆက်ပါဦးမယ် ဒေါ်အုန်းကြွယ် အဖျားကခပ်သွယ်သွယ်၊ ရေစကြိုက မိသာအေး ခလေးသုံးယောက်မွေး..

14 February 2012

Housing ABC...

၂၀၁၁ မှာ အိမ်ရောင်းအိမ်ဝယ် လုပ်ခဲ့တဲ့ အကြိမ်ပေါင်း ၁၀၀ ထဲမှာ ၉၀ ပဲ ပွဲစားတဆင့်ခံပြီး အရောင်းအဝယ် လုပ်ခဲ့တယ်လို့ စင်္ကာပူ အမျိုးသားဖွံ့ဖြိုးရေးဌာနဝန်ကြီး ခေါ်ဘွန်ဝမ်း သူ့ဘလော့ဂ်မှာ ရေးသွားတယ်။ ကျနော်တို့က အဲဒီ ပွဲစားမပါတဲ့ ၁၀ ရာခိုင်နှုန်းထဲပါတယ်။

Quoted from Minister KBW's blog:

"Indeed, HDB does not mandate owners to go through an agent to close a deal. Last year, one in ten conducted their resale transactions the DIY way."

တကယ်တမ်း စည်းမျဉ်းစည်းကမ်းတွေ အနည်းအကျဉ်းသိမယ်၊ ရောင်းတဲ့ဖက်က သမာသမတ်ကျတဲ့ ပွဲစားရှိမယ်ဆိုခဲ့ရင် ကိုယ့်ဖက်က ပွဲစားမပါလည်း ဝယ်လို့ရတယ်။ ကိုယ့်ဖက်က ကြိုလုပ်ထားရမယ့်ဟာတွေက အချိန်ပေးပြီး ကြိုက်တဲ့အိမ်ကိုကြည့်ဖို့၊ အိမ်ရောင်းအိမ်ဝယ်တာနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေကို လေ့လာဖို့၊ တချိန်တည်းမှာ ဈေးကွက်အခြေအနေကို မျက်ခြေမပြတ်ကြည့်ဖို့ လိုတာပေါ့လေ။ အိမ်ကြည့်တယ်ဆိုတာ အပြင်ပန်း ကြည့်ရုံတင်မဟုတ်ပဲ အသေးစိပ်တွေကအစ ကြည့်ဖို့လိုတယ်ဗျ၊ အိမ်နီးနားချင်းတွေကိုပါ အကဲခတ်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ အဲဒါတွေ စိတ်ရှည်လက်ရှည် ကြည့်ဖို့အတွက်ကလည်း ကိုယ့်ရဲ့အချိန်နဲ့ ရောင်းလက်ဖက်က အခြေအနေပေးဖို့ လိုသေးတယ်၊ တချို့အိမ်များ နေရာကောင်း၊ ဈေးလည်းသင့်တော့ ဝယ်ချင်သူတွေက တန်းစီပြီး COV ကို လေလံပစ်သလို ဈေးပေးရတာ၊ အဲသလိုအိမ်မျိုးကို နှစ်ရက် သုံးရက် အကဲခတ်ဖို့ မပြောနဲ့၊ မနက်ကြည့်ပြီး ညနေဈေးပေးမယ် ဆိုရင်တောင် ရှိချင်မှ ရှိတော့တာဗျာ။



အဲ၊ ဆက်မပြောခင် အိမ်ရောင်းအိမ်ဝယ်ကိစ္စကို လုံးဝ လုံးဝ မရင်းနှီးသူများအတွက် သိသင့်တဲ့ အချက်အလက်တွေကို အကြမ်းမျဉ်း အပေါ်ယံ ယေဘုယျ အဖြစ်သဘော ရေးပါမယ်။ မှားတာတွေ့ရင် ထောက်ပြဖို့ ဝန်မလေးပါနဲ့။ (ဟမ်)

(၁) အိမ်အမျိုးအစား

မြန်မာပြည်က အိုးအိမ်လိုမျိုး အစိုးရဌာနကနေ ထိန်းချုပ်ထားတဲ့ တန်ဘိုး နည်း အိမ်ယာတွေကို HDB လို့ခေါ်တယ်၊ တခြား ကွန်ဒိုမီနီယံတို့၊ ခြံနဲ့ဝင်းနဲ့ အိမ်တို့က private property လို့ ခေါ်တယ်။ ဒီမှာရေးမှာက HDB အိမ်ပါ။ မြန်မာပြည်က ပူပူနွေးနွေး ရောက်လာသူတွေ သိအောင်ပြောရရင်တော့ ကွန်ဒိုက ရေကူးကန်ပါပြီး HDB က ရေကူးကန်မပါဘူးပေါ့လေ၊ တခြား facility တွေ အတော်များများ ကွာပါတယ်၊ ဥပမာ ကွန်ဒိုတွေမှာ လုံခြုံရေး အစောင့်ရှိမယ်၊ အားကစားလုပ်တဲ့ gym ရှိမယ်၊ အနီးအနား ကြိုပို့လုပ်ပေးတဲ့ shuttle bus တွေရှိမယ်၊ ပါတီပေးဖို့နေရာ ကာရာအိုကေဆိုဖို့ နေရာမျိုးတွေရှိမယ် ပေါ့လေ၊ HDB ကတော့ သိပ်ရှင်းတယ်၊ ဘာမှမရှိဘူး၊ ဘာမှမရှိတော့ ကွန်ဒိုလိုလည်း လစဉ် လစဉ် ထိန်းသိမ်းခတွေ လုံခြုံရေးခတွေ ပေးစရာမလိုဘူး။

(၂) ဝယ်ခွင့်

HDB အိမ်ယာတွေကို အစိုးရက အများပြည်သူ နေနိုင်အောင် ဆောက်ပေးထားတဲ့အတွက် ဓနရှင်တွေ ဈေးကစားမှာကို အစိုးရက နည်းပေါင်းစုံနဲ့ ဟန့်တားနေပါတယ်။ တချိန်တည်းမှာ အိမ်ဈေးတွေ ဝုန်းဒိုင်းကြီး ကျမသွားအောင်လည်း ထိန်းချုပ်ထားတယ်။ ဒါကြောင့် HDB ဝယ်ခွင့်က နည်းနည်းကြပ်တယ်။ ယေဘုယျသိသင့်တာပဲ ရေးပါမယ်၊ အထူးစပရှယ် ကေ့စ်မျိုးကိုတော့ HDB ဝက်ဘ်ဆိုက်ဖြစ်ဖြစ်၊ ရုံးကိုပဲဖြစ်ဖြစ် လှမ်းမေးကြပါ။

ဒီလိုပါ၊ လင်မယားထဲက တစ်ယောက်ယောက်က စင်္ကာပူ နိုင်ငံသား ဖြစ်နေရင်၊ သို့တည်းမဟုတ်၊ လင်မယားနှစ်ယောက်လုံး နိုင်ငံသားမဟုတ်ပေမယ့် နှစ်ယောက်စလုံး ရေရှည်နေထိုင်ခွင့်ရ ပီအာရ် ဖြစ်နေရင်၊ သို့တည်းမဟုတ်၊ အသက် ၃၅ နှစ်ကျော်သွားတဲ့ နိုင်ငံသား အပျိုကြီး၊ လူပျိုကြီး ဖြစ်နေရင် ဝယ်နိုင်ပါတယ်။ အရင်က ပီအာရ် ညီအကို မောင်နှမ နှစ်ယောက်ဆိုရင် စပ်တူဝယ်ခွင့်ရှိပေမယ့် အခုမရှိတော့ဘူး။ ဆိုင်ခန်းအပိုင်ရှိတဲ့သူတွေ၊ သတ်မှတ်ဝင်ငွေထက် များနေတဲ့ မိသားစုတွေဆိုရင် HDB ဝယ်ခွင့်မရှိပါဘူး၊ အဲ၊ ဒေဝါလီ ခံထားသူလည်း ဝယ်ခွင့်မရှိပါဘူး။ အဲဒီ ဝင်ငွေသတ်မှတ်ချက်တွေက မိသားစု အနေအထားအမျိုးမျိုးကို ခေတ်ကာလနဲ့အညီ ပြောင်းလဲသတ်မှတ်တော့ အသေးစိပ်ကို HDB ဝက်ဘ်ဆိုက်မှာပဲ ရှာဖတ်တာ ပိုမှန်ပါလိမ့်မယ်။

အသေးစိပ်ကို နောက်ကလင့်ခ်မှာ သွားဖတ်ပါ - (Eligibility To Buy)

(၃) အိမ်ဟောင်း၊ အိမ်သစ်

HDB အိမ်ယာထဲမှာ ကြိုပွိုင့်သဘောမျိုးဖြစ်တဲ့ Build to Order (BTO) အိမ်တွေက အိမ်ခန်းပေါင်း ရာနှုန်းဘယ်လောက်ရောင်းရမှ စဆောက်တဲ့အိမ်မျိုးပါ၊ သူ့အခေါ်အဝေါ်အတိုင်းပဲ အော်ဒါရှိမှ ဆောက်တာပေါ့လေ။ သေချာတယ်၊ အဲလိုအိမ်မျိုးက ဘယ်သူမှ မနေဖူးသေးတဲ့ အိမ်သစ်ပေါ့။ နောက် အိမ်သစ်အမျိုးအစားတွေက Sale of Balance Flats ဆိုတဲ့ ဝယ်သူမရှိလို့ဖြစ်စေ၊ ဝယ်မယ်ဆိုပြီး အကြောင်းကြောင်းကြောင့် မဝယ်ဖြစ်လိုက်တဲ့ အိမ်ခန်းမျိုးကို ပြန်ရောင်းရင်ဖြစ်စေ အိမ်သစ်ဖြစ်နိုင်တယ်။ အဲနီးဝေး၊ အိမ်သစ်ဆိုတာနဲ့ သဘောပေါက်ရမှာက လျှောက်ထားသူထဲမှာ နိုင်ငံသားပါမှ ဝယ်လို့ရပါမယ်၊ ပီအာရ်နဲ့ HDB အိမ်သစ်တွေနဲ့ လားလားမျှ မပတ်သက်ပါ။ ပီအာရ်ဖြစ်ပေမယ့် အသစ်မှအသစ်ဟေ့ ဆိုရင်တော့ ပူပူနွေးနွေး ဆောက်ပြီးတဲ့ ကွန်ဒိုတွေ၊ ကြိုပွိုင့်ကွန်ဒိုတွေကိုသာ ဝယ်လိုက်ပါတော့။

အဲသလို အိမ်မျိုးမဟုတ်တဲ့ HDB အိမ်တွေကတော့ လူနေပြီးပြန်ရောင်းတဲ့ တပတ်နွမ်း အိမ်ဟောင်းပေါ့၊ သူတို့အခေါ် open market ထဲက အိမ်တွေပေါ့လေ။ ပိုက်ဆံပေါတဲ့သူတွေ ဈေးကွက်ထဲမှာ လျှောက်ဝယ်ပြီး ဗုန်းဘောလအော လျှောက်မရောင်းအောင် အနည်းဆုံး ဘယ်နှနှစ်နေပြီးမှ တအိမ်လုံးငှားထုတ်ခွင့်၊ သို့မဟုတ် လက်လွှဲ ရောင်းချခွင့်၊ သို့မဟုတ် ကွန်ဒိုမီနီယံ ထပ်ဝယ်ခွင့် အစရှိသဖြင့် ပြဌာန်းထားတယ်၊ ယေဘုယျအားဖြင့် ၅ နှစ်ပါ။ အရင်တုန်းက ၂ နှစ် သတ်မှတ်ခဲ့ပေမယ့် ဝယ်ရောင်းသမားတွေ ကစားလွန်းလို့ တလောကမှ ၅ နှစ်အထိ တိုးလိုက်တာပါ၊ နေထိုင်ခွင့်သက်တမ်း ပြည့်ပြီးသွားရင် ကွန်ဒို တစ်ယူနစ်ဝယ်ပြီး ကွန်ဒိုရော HDB ရော တပြိုင်နက် ပိုင်ဆိုင်ခွင့် ရှိပါတယ်၊ ဒါပေမဲ့ သတ်မှတ်ချက်အရ HDB မှာပဲ နေရပါမယ်၊ ကွန်ဒိုမှာနေချင်ရင် HDB ကို ရောင်းထုတ်ရပါမယ်။ (စကားချပ်၊ HDB ရဲ့ Executive Condo [EC] က ဒီအထဲမှာ အကျူံးဝင် မဝင် မဖတ်ကြည့်မိပါ၊ သိတဲ့သူများ ပြောသွားနိုင်ပါတယ်)

(၄) CPF ထောက်ပံ့ကြေး CPF Housing Grant

အိမ်ဝယ်ဖို့ လျှောက်ထားသူထဲမှာ နိုင်ငံသားပါမယ်၊ တခါ ပထမဆုံးအကြိမ်ဝယ်တာဖြစ်ပြီး အိမ်ဟောင်းဝယ်မှသာ HDB အောက်က ဆိုပေမယ့် private developers တွေ ဒီဇိုင်းဆွဲပြီး ဆောက်တဲ့ Design, Build and Sell Scheme ဆိုတဲ့ DBSS အိမ်မျိုး၊ သို့တည်းမဟုတ် Executive Condominium ဆိုတဲ့ EC စတဲ့ အိမ်မျိုးတွေ ဝယ်တဲ့အခါရယ်၊ open market ထဲက resale flat ဆိုတဲ့ အိမ်ဟောင်းတွေ ဝယ်တဲ့အခါရယ်မှာ CPF ထောက်ပံ့ကြေးလျှောက်ခွင့် ရှိပါတယ်၊ ပထမအကြိမ် အိမ်ဝယ်ရင်သော်လည်းကောင်း၊ မိဘအိမ်နဲ့ နီးတဲ့နေရာမှာ အိမ်ဝယ်ရင်သော်လည်းကောင်း၊ သတ်မှတ်ထားတဲ့ မိသားစုဝင်ငွေထက် ပိုနည်းနေလျှင်သော်လည်းကောင်း၊ ပမာဏမတူတဲ့ ထောက်ပံ့ကြေးမျိုးစုံ လျှောက်ခွင့်ပေးပါတယ်။ သို့သော် မိသားစုဝင်ငွေကိုလည်း တဖက်က ကြည့်ပါသေးတယ်၊ ဘယ်လောက် ဘယ်လောက်နဲ့အထက် ရှာနိုင်ရင် မထောက်ပံ့ဘူးဟေ့ ဆိုတာမျိုးပါ၊ သေချာတာကတော့ ပီအာရ်များနဲ့ ထောက်ပံ့ကြေးဟာ လားလားမျှ မပတ်သက်ပါ၊ ဒါလည်း တရားပါတယ်၊ သူ့နိုင်ငံသားကို သူဦးစားပေးတာ ဓမ္မတာပါပဲ။

CPF Housing Grant နှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်ချက် (ပီအာရ်နှင့်တော့ မဆိုင်ပါ၊ စိတ်ဝင်စားလျှင် ဖတ်နိုင်သည်)

CPF Housing Grant ဆိုတဲ့အခါ အများအားဖြင့် နိုင်ငံသားဖြစ်တဲ့ လျှောက်ထားသူက HDB ကနေ ပထမဆုံးအကြိမ် အိမ်ဝယ်တာဟေ့ ဆိုလိုက်တာနဲ့ အကျိုးခံစားခွင့်ရှိတယ်လို့ ထင်မိတတ်တယ် (ကိုယ့်မှာလျှောက်ခွင့်မရှိပေမယ့် ကျနော်လည်း အဲသလို ထင်ခဲ့တာပဲ)၊ သေချာဖတ်ကြည့်တော့ အဲသလို မဟုတ်ဘူးဗျ၊ BTO မှာ ခံစားခွင့် အပြည့်အဝ မရှိပါဘူး၊ ဆက်ဖတ်ပါ။ CPF Housing Grant မှာ အလွှာအထပ်ထပ်ရှိတယ်လို့ မြင်ကြည့်ပါ၊ အလွှာအားလုံးကို ခြုံငုံပြီး CPF Housing Grant ကြီး လို့ ခေါ်မယ်ဗျာ၊ အဲဒီ Grant ကြီးထဲကို တလွှာချင်း ဖယ်ကြည့်ရင် အဓိကအကျဆုံး CPF Housing Grant for Family ဆိုတာပါမယ်၊ နောက်ပြီး အဓိကသိပ်မကျတဲ့ ဆင့်ကဲ အကျိုးခံစားခွင့်တွေဖြစ်တဲ့ Additional CPF Housing Grant ဆိုတဲ့ AHG ပါမယ်၊ နောက် တခြား Special CPF Housing Grant တို့၊ CPF Housing Top-Up Grant တို့ ပါဦးမယ်။ HDB ရဲ့ ကစားနည်းက ဘာလဲဆိုတော့ regular market subsidy နဲ့ ဈေးနှိမ့်ချပေးထားပြီးသား BTO အိမ်ယာတွေမှာ CPF Housing Grant for Family ထပ်သွားသုံးလို့ မရဘူး၊ HDB ရဲ့ BTO ရောင်းဈေးကိုယ်၌က ဈေးကွက်ပေါက်ဈေးထက် နည်းနေပြီလေ၊ CPF Housing Grant for Family လိုမျိုး အဓိကကျတဲ့ ထပ်ဆင့်အကျိုးခံစားခွင့်မျိုး ခံစားခွင့်မပေးတော့ဘူး၊ DBSS နဲ့ EC တွေကျတော့ ဈေးကွက်ပေါက်ဈေးနဲ့ မတိမ်းမယိမ်း ရောင်းတာဆိုတော့ အဲဒီအိမ်တွေ ဝယ်တဲ့အခါမှာ အစောကပြောတဲ့ CPF Housing Grant for Family အကျိုးခံစားခွင့် ပေးထားတယ်။ ဒါကြောင့် ကျနော် အပေါ်ပိုဒ်မှာ နဂိုရေးထားတဲ့ အိမ်ဟောင်းဝယ်မှသာ ဆိုတဲ့ စာကြောင်းကို ဖျက်ပြီး ပိုပြည့်စုံတဲ့ စာကြောင်းနဲ့ အစားထိုးလိုက်ပါတယ်။

အသေးစိပ်ကို နောက်ကလင့်ခ်တွေမှာ သွားဖတ်ပါ - (Type of CPF Housing Grant available)

Cats.com.sg
Housing subsidies – CPF family grant
Housing subsidies – additional grants1
--
ဆက်ပါဦးမည် ဒေါ်သက်ရီ။

11 February 2012

Hello

ခဏတဖြုတ်ဝင်ကြည့်မိလိုက်တဲ့ အခိုက်အတန့်လေးမှာ မှိုတက်နေတဲ့ ဒီဘလော့ဂ်လေးကို သနားသွားတယ်၊ ကဗျာသိပ်ဆန်သွားတဲ့ အထိမ်းအမှတ်နဲ့ ပို့စ်တပို့စ် တင်လိုက်ပါတယ်၊ လင့်ခ်ချိတ်ထားဆဲ ဘလော့ဂ်ရွာက မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ပေါ့။ အိမ်ပြောင်းပြီးနောက်ပိုင်း ပိုနေတဲ့အချိန်တွေကို အနီးအနား လျှောက်သွားပြီး ဝယ်စရာရှိတာ ဝယ်ရင်း၊ ပတ်စရာရှိတာ ပတ်ရင်း၊ လည်စရာရှိတာ လည်ရင်း၊ ဖြုန်းပစ်တာများတယ်။ အိမ်ရောက်တော့လည်း ဆိုဖာပေါ်က အာလူးတုံးကြီးလို ဆန့်ဆန့်ကြီးထိုင်ပြီး ရေတမုတ်ကွန်ထရိုးကို တကျော့ပြီးတကျော့နှိပ်လို့ တန်ဘိုးရှိတဲ့အချိန်တွေကို ဟောခနဲ ဟောခနဲ ကုန်လွန်စေပါတယ်။ အင်တာနက် မြန်သွားတော့မှ သုံးချိန်စိတ်က တော်တော်လျော့သွားတာ အထူးအဆန်းပဲ။ ဟောင်းနေတဲ့အိမ်သစ်ကြီးကတော့ ပြောရရင် ပြောစရာတွေ အများသားဗျာ၊ ဝယ်ကတည်းက အဆစ်ထည့်ပေးထားတဲ့ စိတ်ညစ်စရာတွေက အိမ်ပေါ်တက်နေတော့မှ ပေါ်ပေါ်လာတာမျိုး။ ပွဲစားမပါတော့ သတိထားသင့်တာတွေ သတိမထားမိဘူး၊ သိသင့်တဲ့ ကိစ္စတွေက မသိခဲ့ဘူး၊ အဲဒါကတကြောင်း၊ နောက်တကြောင်းက ကိုယ့်ဖက်က လိုတာပေါ့လေ၊ ဝယ်တဲ့အချိန် သိပ်မသင့်တော်ဘူး ပြောရမယ်ဗျ၊ အခု ကုန်းဆင်းနေတဲ့ စီးပွားရေးအခြေအနေအရ ပိုက်ဆံဆက်စုထားပြီး ဒီနှစ်လယ် သို့မဟုတ် နှစ်ကုန်လောက်မှဝယ်ရင် ဒီဈေးနဲ့ ပိုကောင်းတဲ့အိမ်ရလောက်တယ်၊ အင်း၊ ကံပေါ့လေ၊ ဒီအိမ်နဲ့ကိုယ်နဲ့ ရေစက်ရှိတော့လည်း ပေါင်းဖက်ရတာပေါ့၊ အဟင်းဟင်း။

အိမ်ဆိုလို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အလုပ်ဖော်လင်မယားနှစ်ယောက်ရဲ့ အိမ်နွှေးပွဲမင်္ဂလာ house warming ကို သွားဖြစ်တယ်၊ EM ခေါ် Executive Maisonette အိမ်ခန်းပါ၊ အတွင်းမှာ လှေခါးနဲ့ အထပ်နှစ်ထပ်ပါတဲ့ အိမ်မျိုးပေါ့။ အဲဒီအိမ်ကြီးကို လင်မယားနှစ်ယောက်ပဲ နေကြတယ်၊ အိမ်ကြီးထဲမှာ လိပ်မွေးတယ်၊ ခွေးမွေးတယ်၊ အဲသလိုဗျ။ တရုတ်ပြည်က လင်မယားအသစ်လေးတွေ ငွေတော်တော်သုံးနိုင်ကြတယ်၊ သူတို့လိုချင်တာကို သူတို့သိတယ်၊ ဇိမ်အပြည့်အဝခံပြီး နေကြတာ၊ နောက် အသိလင်မယားနှစ်ယောက်ဆို အခန်းသုံးခန်းပါတဲ့ အိမ်လေးဝယ်ပြီး နှစ်ယောက်နေတယ်၊ တစ်ယောက်တစ်ခန်းယူတယ်၊ နောက်ပြီးတော့ ဧည့်ခန်းမှာ စက်ဘီးလေးစီးထားတယ်၊ ယောက်ျားနှစ်စီး၊ မိန်းမနှစ်စီး၊ အဲသလိုကြီးဗျ။ နောက်လင်မယားကျတော့ HDB ဝယ်ခွင့်မရှိလို့ ကွန်ဒိုဝယ်လိုက်တယ်၊ အလိုလို၊ ဝယ်ပဲဝယ်နိုင်လွန်းတော့တယ်၊ တရုတ်ပြည်ရဲ့ ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတဲ့ ပေါ်လစီကြောင့် ဒီလို အကျိုးဆက်တွေ ဖြစ်လာတာ ဘယ်သူမှမငြင်းနိုင်ပါဘူး၊ မိဘတွေက စုမိသလောက်ကို တစ်ဦးတည်းသော ရင်သွေးတွေပေါ်မှာ ပုံအောလိုက်ကြတာကိုး။

ပုံနည်းနည်းတင်လိုက်ပါတယ်။ ဒါက အိမ်ရှင်တွေသိပ်ချစ်တဲ့ ခွေးကံကောင်းပါ။


စားသောက်ပြီးတော့
三國殺 ဆိုတဲ့ ကဒ်ဂိမ်း ကစားကြတယ်၊ ​တော်တော်ရှုပ်သဗျ၊ တပွဲဝင်ကစားတယ်၊ မဆိုစလောက်လေးပဲ နားလည်လိုက်တယ်။ ရှင်ဘုရင်၊ ဝန်မင်း၊ သစ္စာဖောက်၊ ရန်သူ စသဖြင့် ကိုယ့်ရတဲ့ဖဲကို ကစားရတာ၊ ရှင်ဘုရင်တစ်ယောက်ပဲ လှန်ပြထားရတယ်၊ ကျန်တဲ့သူတွေက မှောက်ထားပြီး အလှည့်ကျထွက်တဲ့ဖဲတွေကို ကြည့်ပြီးတော့ ဘယ်သူက ဘာဖြစ်လောက်တယ်ဆိုပြီး ခန့်မှန်းရတယ်၊ ပြီးတော့ ရန်သူဆို ရန်သူအချင်းချင်း ကူညီရတယ်၊ ရှင်ဘုရင်ဒုက္ခရောက်ရင် ဝန်မင်းတွေက ဝင်ကယ်ရတယ်၊ စသဖြင့် လက်နက်ဖဲတွေထုတ်ရပါတယ်။ သွေးစက်ဖဲပေါ်က သွေးစက်တွေ ကုန်သွားရင် သေပြီလို့ သတ်မှတ်ပြီး ပွဲကနေ ထွက်ပေးရပါတယ်။




အိမ်အတွင်းနေရာတချို့ပါ။



XBox ကစားသူကစားပါတယ်။



အပေါ်ထပ်က မာကျောက်ဝိုင်းမှာ ခဏဝင်ရိုက်ဖြစ်သေးတယ်။



အောက်ထပ်က ဖဲဝိုင်းပါ၊ အိမ်ကျယ်တော့ လူအများကြီးဖိတ်လို့ရတယ်၊ ကျနော်တို့ကျတော့ အိမ်သစ်လုပ်ဖို့ကို အတော်ခေါင်းစားရတယ်၊ အိမ်ကကျဉ်းနေတော့ လူဘယ်လိုမှမဆန့်ဘူးဗျာ၊ အသုတ်လိုက် အသုတ်လိုက် ခွဲလုပ်ရမလိုပဲ၊ ဟင်း။ ဒါမှမဟုတ် အိမ်အောက်က ဟင်းလင်းပြင်မှာ ဖျာခင်းပြီးလုပ်ရင်ကောင်းမလား၊ ဟင်းဟင်း။ ဒါမှမဟုတ် အနီးအနားက ပန်းခြံထဲကမြက်ခင်းပေါ်မှာပဲ ခြေပစ်လက်ပစ်ထိုင်ခိုင်းပြီး ပျော်ပွဲစားထွက်ရင် ကောင်းမလား၊ ဟင်းဟင်းဟင်း။ သို့ကလို တဟင်းဟင်းနဲ့ အားငယ်နေရင်း.. ဒီတပတ် ပျော်လို့မဆုံး စာစီကုံး အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။